ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္း၏ ပွ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္းမ်ားသည္ ျပီးခဲ့ေသာ ဇြန္လအတြင္း အာရပ္ေငြ ၂ ဒသမ ၄၆ သန္း (ကန္ေဒၚလာ ၆၇၀၀၀၀) သို႔ က်ဆင္းသြားရာ ကန္ေဒၚလာ ၁၀၀၀၀ ခန္႔ က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း အေရွ႕အလယ္ပိုင္း အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
Property Monitor မွ ထုတ္ျပန္ေသာ ဒူဘိုင္း အိမ္ျခံေျမေစ်းႏႈန္းညႊြန္းကိန္းတြင္ ေဖာ္ျပခ်က္အရ ဇြန္လအတြင္း ဒူဘိုင္းအိမ္ျခံေျမ ေစ်းႏႈန္း သည္ ႏွစ္အလိုက္ ၁၅ ဒသမ ၃ ရာခိုင္ႏႈန္းက်ဆင္းခဲ့ျပီး လအလိုက္ဆိုလွ်င္ ၁ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း ေဖာ္ျပထား သည္။
ဒူဘိုင္း၏ အာေရးဗီးယန္း ေမြးျမဴေရးျခံ၊ ေစာ္ဘြားမ်ား လူေနမႈ၊ ဒစၥကာဗာရီ ဥယ်ာဥ္၊ ဒူဘိုင္း ဆီလီကြန္ အိုေအစစ္ အစရွိေသာ ေနရာမ်ားတြင္ လူေနအိမ္ေစ်းႏႈန္းမ်ားမွာ ပွ်မ္းမွ်အားျဖင့္ ၁၆ ရာခိုင္ႏႈန္းထက္ပင္ ပိုမိုက်ဆင္းခဲ့သည္ဟု ဆိုသည္။
ၾကိဳပြိဳင့္လူေနအိမ္ရာ ေရာင္းဝယ္မႈ ပမာဏမွာ အိမ္ျခံေျမအေဟာင္း ေရာင္းဝယ္မႈထက္ ပိုမိုမ်ားျပားသည္ဟုလည္း ေဖာ္ျပထားျပီး လာမည့္ ၁၂ လအတြင္း အဆိုပါလမ္းေၾကာင္းအတိုင္း ဆက္လက္ျဖစ္တည္ေနမည္ဟု ခန္႔မွန္းထားသည္။
၂၀၁၉ ခုႏွစ္ ပထမ ၆ လတာအတြင္း လူေနအိမ္ျခံေျမ စုစုေပါင္း အေရာင္းအဝယ္ျဖစ္သည့္ ပမာဏမွာ ၂၀၁၈ ခုႏွစ္ ပထမႏွစ္ဝက္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၂ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားျပီး လူေနခန္း အေရာင္းအဝယ္မွာမူ ၁၁ ရာခိုင္ႏႈန္းခန္႔အထိ က်ဆင္းခဲ့သည္။
ဒူဘိုင္း အိမ္ျခံေျမေစ်းႏႈန္း ညြန္းကိန္းတြင္ ၂၀၁၅ ခုႏွစ္ ၊ စက္တင္ဘာလအတြင္းမွ အခ်က္အလက္မ်ားကိုလည္း ေျခရာခံထားသည္။
ဇြန္လအတြင္း လူေနခန္းႏွင့္ လံုးခ်င္းအိမ္ေစ်းႏႈန္းမ်ားမွာ ၂၁ ဒသမ ၄ ရာခိုင္ႏႈန္းႏွင့္ ၂၂ ဒသမ ၄ ရာခိုင္ႏႈန္း အသီးသီး က်ဆင္းခဲ့သည္။
၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလအတြင္း လူေနခန္းႏွင့္ လံုးခ်င္းအိမ္ ပွ်မ္းမွ်ေစ်းႏႈန္းမ်ားမွာ အာရပ္ေငြ ၂ ဒသမ ၁ သန္းႏွင့္ ၅ ဒသမ ၆ သန္း အသီးသီး ျဖစ္ၾကသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်း၏ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းများသည် ပြီးခဲ့သော ဇွန်လအတွင်း အာရပ်ငွေ ၂ ဒသမ ၄၆ သန်း (ကန်ဒေါ်လာ ၆၇၀၀၀၀) သို့ ကျဆင်းသွားရာ ကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Property Monitor မှ ထုတ်ပြန်သော ဒူဘိုင်း အိမ်ခြံမြေဈေးနှုန်းညွှွန်းကိန်းတွင် ဖော်ပြချက်အရ ဇွန်လအတွင်း ဒူဘိုင်းအိမ်ခြံမြေ ဈေးနှုန်း သည် နှစ်အလိုက် ၁၅ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လအလိုက်ဆိုလျှင် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဖော်ပြထား သည်။
ဒူဘိုင်း၏ အာရေးဗီးယန်း မွေးမြူရေးခြံ၊ စော်ဘွားများ လူနေမှု၊ ဒစ္စကာဗာရီ ဥယျာဉ်၊ ဒူဘိုင်း ဆီလီကွန် အိုအေစစ် အစရှိသော နေရာများတွင် လူနေအိမ်ဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် ၁၆ ရာခိုင်နှုန်းထက်ပင် ပိုမိုကျဆင်းခဲ့သည်ဟု ဆိုသည်။
ကြိုပွိုင့်လူနေအိမ်ရာ ရောင်းဝယ်မှု ပမာဏမှာ အိမ်ခြံမြေအဟောင်း ရောင်းဝယ်မှုထက် ပိုမိုများပြားသည်ဟုလည်း ဖော်ပြထားပြီး လာမည့် ၁၂ လအတွင်း အဆိုပါလမ်းကြောင်းအတိုင်း ဆက်လက်ဖြစ်တည်နေမည်ဟု ခန့်မှန်းထားသည်။
၂၀၁၉ ခုနှစ် ပထမ ၆ လတာအတွင်း လူနေအိမ်ခြံမြေ စုစုပေါင်း အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး လူနေခန်း အရောင်းအဝယ်မှာမူ ၁၁ ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့သည်။
ဒူဘိုင်း အိမ်ခြံမြေဈေးနှုန်း ညွန်းကိန်းတွင် ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလအတွင်းမှ အချက်အလက်များကိုလည်း ခြေရာခံထားသည်။
ဇွန်လအတွင်း လူနေခန်းနှင့် လုံးချင်းအိမ်ဈေးနှုန်းများမှာ ၂၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်း လူနေခန်းနှင့် လုံးချင်းအိမ် ပျှမ်းမျှဈေးနှုန်းများမှာ အာရပ်ငွေ ၂ ဒသမ ၁ သန်းနှင့် ၅ ဒသမ ၆ သန်း အသီးသီး ဖြစ်ကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)