ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အလုပ္ကိုင္အခြင့္အလမ္း တစ္သိန္းေက်ာ္ဖန္တီးေပးမယ့္ ရန္ကုန္ ဘူတာႀကီးစီမံကိန္း ၈ ႏွစ္အၿပီးတည္ေဆာက္သြားမယ္လို႔ စီမံကိန္းတင္ဒါေအာင္ျမင္သြားတဲ့ Central Transport Development Consortium မွသိရသည္။
ကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံကုန္က်ႏိုင္မယ့္ ယင္းစီမံကိန္းအတြင္း မူလမီရထား႐ံုနဲ႔ ေခတ္သစ္အေဆာက္အဦးပံုစံ အခ်ဳိးက်ပူးတြဲတည္ေဆာက္မည္ျဖစ္သည္။
စီမံကိန္းအတြင္း ႐ံုးခန္းတာဝါ၊ အိမ္ရာ၊ ဟိုတယ္၊ ေစ်းဝယ္စင္တာ၊ပန္းၿခံ နဲ႔ျပတိုက္ေတြ ပါဝင္မွာျဖစ္ၿပီး ဧရိယာ စတုရန္းမီတာ ၁ ဒသမ ၀၉ သန္းေပၚတြင္ ဇုန္ ၆ ခုခြဲကာ တည္ေဆာက္မယ့္ အႀကီးဆံုးၿမိဳ႕လည္စီမံကိန္းတစ္ခုအျဖစ္ ပံုေဖာ္သြားမည္ျဖစ္သည္။
ဘဲဥပံုအမိုးခံုးႏွင့္ မီးရထားဘူတာ႐ံုအသစ္တို႔ကို မီးရထားလမ္းေပၚအုပ္မိုးၿပီးတည္ေဆာက္မည့္ ဘက္စံုစီမံကိန္း ႀကီးတစ္ခုျဖစ္သည္။
စီမံကိန္းတင္ဒါေအာင္ျမင္သြားသည့္ Central Transport Development Consortium ကို ျမန္မာႏိုင္ငံမွာ မင္းဓမၼကုမၸဏီက ၄၀ ရာခိုင္ႏႈန္း ရွယ္ယာပိုင္ဆိုင္ထားၿပီး စကၤာပူအေျခစိုက္ Oxley Holdings ကုမၸဏီနွင့္ Sino Great Wall ကုမၸဏီတို႔ ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းစီပါဝင္ေၾကာင္း အဆိုပါကုမၸဏီမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
အလုပ်ကိုင်အခွင့်အလမ်း တစ်သိန်းကျော်ဖန်တီးပေးမယ့် ရန်ကုန်ဘူတာကြီးစီမံကိန်း ၈ နှစ်အပြီးတည်ဆောက်သွားမယ်လို့ စီမံကိန်း တင်ဒါအောင်မြင်သွားတဲ့ Central Transport Development Consortium မှသိရသည်။
ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျနိုင်မယ့် ယင်းစီမံကိန်းအတွင်း မူလမီရထားရုံနဲ့ ခေတ်သစ်အဆောက်အဦးပုံစံ အချိုးကျပူးတွဲတည်ဆောက်မည်ဖြစ်သည်။
စီမံကိန်းအတွင်း ရုံးခန်းတာဝါ၊ အိမ်ရာ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ပန်းခြံနဲ့ပြတိုက်တွေ ပါဝင်မှာဖြစ်ပြီး ဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်းပေါ်တွင် ဇုန် ၆ ခုခွဲကာ တည်ဆောက်မယ့် အကြီးဆုံးမြို့လည်စီမံကိန်းတစ်ခုအဖြစ် ပုံဖော်သွားမည်ဖြစ်သည်။
ဘဲဥပုံအမိုးခုံးနှင့် မီးရထားဘူတာရုံအသစ်တို့ကို မီးရထားလမ်းပေါ်အုပ်မိုးပြီးတည်ဆောက်မည့် ဘက်စုံစီမံကိန်း ကြီးတစ်ခုဖြစ်သည်။
စီမံကိန်းတင်ဒါအောင်မြင်သွားသည့် Central Transport Development Consortium ကို မြန်မာနိုင်ငံမှာ မင်းဓမ္မ ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားပြီး စင်္ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် Sino Great Wall ကုမ္ပဏီတို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းစီပါဝင်ကြောင်း အဆိုပါကုမ္ပဏီမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com