ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ဒူဘိုင္း developer Emaar က အာရပ္ေငြ ၄၀ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁၁ ဘီလီယံ) အကုန္အက်ခံ အေကာင္အထည္ေဖာ္ေဆာက္လုပ္ေနေသာ တရုတ္ျပည္ရွိ ေပက်င္း-တာ့ရွင္း ႏိုင္ငံတကာေလဆိပ္မွ လူေနအိမ္ရာ စီမံကိန္းမ်ား ၁၀ ႏွစ္အတြင္း အျပီးသတ္မည္ျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီက ထုတ္ျပန္သည္။
စီမံကိန္းတည္ေနရာမွာ ေပက်င္းျမိဳ႕ႏွင့္ ဟီေဘးျပည္နယ္၊ လန္ဖန္းျမိဳ႕နယ္စပ္တြင္ တည္ရွိျပီး ေပက်င္းတြင္ ဒုတိယေျမာက္ ေဆာက္လုပ္ခဲ့သည့္ ႏိုင္ငံတကာေလဆိပ္ၾကီးျဖစ္ကာ လက္ရွိတြင္ ေဆာက္လုပ္ေနဆဲ ျဖစ္သည္။
ေလဆိပ္၏အမည္ကို “ေပက်င္း-တာ့ရွင္း ႏိုင္ငံတကာေလဆိပ္”ဟု ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္တြင္ ေၾကညာခဲ့သည္။
Terminal အေဆာက္အအံုမွာ အစၥတန္ဘူလ္ေလဆိပ္ျပီးလွ်င္ ဒုတိယေျမာက္အၾကီးမားဆံုး အေဆာက္အအံုျဖစ္ျပီး စတုရန္းေပ ၁၁,၀၀၀,၀၀၀ ရွိကာ လာမည့္ စက္တင္ဘာ ၃၀ ၊ ၂၀၁၉ တြင္ ဖြင့္လွစ္ႏိုင္မည္ဟု ခန္႔မွန္းရသည္။
ေလဆိပ္ျပီးစီးပါက ႏွစ္စဥ္ ေလေၾကာင္း ခရီးစဥ္ေပါင္း ၈၈၀၀၀၀ ႏွင့္ ခရီးသည္ေပါင္း သန္း ၁၀၀ ကို ႏွစ္စဥ္ လက္ခံႏိုင္မည္ျဖစ္သည္။
အဘူဒါဘီမွ ေတာ္ဝင္မင္းသား/အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု လက္နက္ကိုင္တပ္ဖြဲ႔မ်ား၏ ဒုတိယစစ္ဦးစီးခ်ဳပ္ ရွိတ္ခ္ မိုဟာမက္ ဘင္ ဇာယစ္ အယ္လ္ နာယန္းက တရုတ္ျပည္သို႔ အလည္အပတ္သြားေရာက္စဥ္ ယခုစီမံကိန္း၏ ေနာက္ဆံုးသတင္းအခ်က္အလက္မ်ား ထုတ္ျပန္ခဲ့ျခင္းလည္း ျဖစ္သည္။
ေလဆိပ္စီမံကိန္းဧရိယာ စတုရန္း ၅၀ ကီလိုမီတာအနက္ စတုရန္း ၅ ကီလိုမီတာတြင္ အေကာင္အထည္ေဖာ္မည့္ စီမံကိန္းတြင္ လူေနအိမ္ရာမ်ားႏွင့္ အပန္းေျဖေနရာမ်ား ပါဝင္မည္ျဖစ္ျပီး လာမည့္ ၁၀ ႏွစ္အတြင္း ျပီးစီးမည္ျဖစ္ေၾကာင္း Emaar Properties ၏ ဥကၠဌ မိုဟာမက္ အလာဘာက ေျပာၾကားသည္။
တရုတ္ျပည္တြင္ Emaar ၏ စီးပြားေရးလုပ္ေဆာင္မႈမ်ား အဆင္ေျပေခ်ာေမြ႔ေစေရးအတြက္ ေပက်င္းတြင္ ရံုးခန္းတစ္ခု ဖြင့္လွစ္သြားရန္ လည္း စီစဥ္ထားသည္။
“အခု သေဘာတူညီခ်က္ဟာ ကမၻာ့အၾကီးမားဆံုးျဖစ္တဲ့ တရုတ္ျပည္ေစ်းကြက္မွာ အခြင့္အလမ္းသစ္ေတြ စတင္ဖြင့္လွစ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္ပါတယ္”ဟု အလာဘာက ေျပာၾကားသည္။
ျပီးခဲ့ေသာ ေမလအတြင္း Emaar သည္ Beijing New Aeropolis Holdings (BNA) ႏွင့္ ေလဆိပ္စီမံကိန္းတြင္ စီးပြားေရးႏွင့္ ကမၻာလွည့္ခရီးသြားဆိုင္ရာ အေဆာက္အအံုဝန္းတစ္ခု ပူးတြဲတည္ေဆာက္ရန္ နားလည္မႈစာခၽြန္လႊာတစ္ခု လက္မွတ္ေရးထိုးခဲ့သည္။
စီမံကိန္းအတြင္း လက္လီအေရာင္းဆိုင္မ်ား၊ ေဖ်ာ္ေျဖေရး၊ ရံုးခန္း၊ ဟိုတယ္၊ အစည္းအေဝးမ်ားက်င္းပရာ၊ အားကစား၊ အႏုပညာ အစရွိသည့္ ေနရာမ်ား ေပါင္းစပ္ပါဝင္မည္ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဒူဘိုင်း developer Emaar က အာရပ်ငွေ ၄၀ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဘီလီယံ) အကုန်အကျခံ အကောင်အထည်ဖော်ဆောက်လုပ်နေသော တရုတ်ပြည်ရှိ ပေကျင်း-တာ့ရှင်း နိုင်ငံတကာလေဆိပ်မှ လူနေအိမ်ရာ စီမံကိန်းများ ၁၀ နှစ်အတွင်း အပြီးသတ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။
စီမံကိန်းတည်နေရာမှာ ပေကျင်းမြို့နှင့် ဟီဘေးပြည်နယ်၊ လန်ဖန်းမြို့နယ်စပ်တွင် တည်ရှိပြီး ပေကျင်းတွင် ဒုတိယမြောက် ဆောက်လုပ်ခဲ့သည့် နိုင်ငံတကာလေဆိပ်ကြီးဖြစ်ကာ လက်ရှိတွင် ဆောက်လုပ်နေဆဲ ဖြစ်သည်။
လေဆိပ်၏အမည်ကို “ပေကျင်း-တာ့ရှင်း နိုင်ငံတကာလေဆိပ်”ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ကြေညာခဲ့သည်။
Terminal အဆောက်အအုံမှာ အစ္စတန်ဘူလ်လေဆိပ်ပြီးလျှင် ဒုတိယမြောက်အကြီးမားဆုံး အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၁၁,၀၀၀,၀၀၀ ရှိကာ လာမည့် စက်တင်ဘာ ၃၀ ၊ ၂၀၁၉ တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရသည်။
လေဆိပ်ပြီးစီးပါက နှစ်စဉ် လေကြောင်း ခရီးစဉ်ပေါင်း ၈၈၀၀၀၀ နှင့် ခရီးသည်ပေါင်း သန်း ၁၀၀ ကို နှစ်စဉ် လက်ခံနိုင်မည်ဖြစ်သည်။
အဘူဒါဘီမှ တော်ဝင်မင်းသား/အာရပ်စော်ဘွားများပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်ဦးစီးချုပ် ရှိတ်ခ် မိုဟာမက် ဘင် ဇာယစ် အယ်လ် နာယန်းက တရုတ်ပြည်သို့ အလည်အပတ်သွားရောက်စဉ် ယခုစီမံကိန်း၏ နောက်ဆုံးသတင်းအချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
လေဆိပ်စီမံကိန်းဧရိယာ စတုရန်း ၅၀ ကီလိုမီတာအနက် စတုရန်း ၅ ကီလိုမီတာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းတွင် လူနေအိမ်ရာများနှင့် အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း Emaar Properties ၏ ဥက္ကဌ မိုဟာမက် အလာဘာက ပြောကြားသည်။
တရုတ်ပြည်တွင် Emaar ၏ စီးပွားရေးလုပ်ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ပေကျင်းတွင် ရုံးခန်းတစ်ခု ဖွင့်လှစ်သွားရန် လည်း စီစဉ်ထားသည်။
“အခု သဘောတူညီချက်ဟာ ကမ္ဘာ့အကြီးမားဆုံးဖြစ်တဲ့ တရုတ်ပြည်စျေးကွက်မှာ အခွင့်အလမ်းသစ်တွေ စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်”ဟု အလာဘာက ပြောကြားသည်။
ပြီးခဲ့သော မေလအတွင်း Emaar သည် Beijing New Aeropolis Holdings (BNA) နှင့် လေဆိပ်စီမံကိန်းတွင် စီးပွားရေးနှင့် ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ အဆောက်အအုံဝန်းတစ်ခု ပူးတွဲတည်ဆောက်ရန် နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။
စီမံကိန်းအတွင်း လက်လီအရောင်းဆိုင်များ၊ ဖျော်ဖြေရေး၊ ရုံးခန်း၊ ဟိုတယ်၊ အစည်းအဝေးများကျင်းပရာ၊ အားကစား၊ အနုပညာ အစရှိသည့် နေရာများ ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)