ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ထူးျခားျပည့္စံုလြန္းတဲ့ ဆဲလ္ဖီပံု ဓာတ္ဖမ္းခ်င္ၾကတဲ့ ႐ုရွားမွအင္စတာဂရမ္အသုံးျပဳသူေ
ဆိုက္ေဘးရီးယားကေမာ္လ္ဒိုက္ပဲေ
ယခုလအေစာပိုင္းမွာ အဲ့ဒီေရကန္ဟာ လူမႈကြန္ရက္ေတြမွာ ေက်ာ္ၾကားလာတယ္လို႔ Siberian Generating Company (SGC) က ႐ုရွားလူမႈကြန္ရက္ VKontakte မွာ ထုတ္ျပန္ခဲ့ပါတယ္။
ျမင္ျမင္ခ်င္းမွာပင္ ဆြဲေဆာင္မႈရွိလွတဲ့ ၎ျပာစြန္႔ကန္ကေရေတြဟာ pH အဆင့္ ၈ ေက်ာ္တာေၾကာင့္ ထိလိုက္ရင္ လူ႕အေရျပားမွာ ဓာတ္မတည့္မႈ ျဖစ္ေပၚေစမွာပါလို႔ SGC ကုမၸဏီက သတိေပးထားပါတယ္။ ဒါေပမဲ့လည္း ဒီသတိေပးခ်က္က လူေတြကို ကန္စပ္မွာ ကိုယ္ဟန္အမ်ဳိးမ်ဳိးေပးၿပီး ဓာတ္ပံုမ႐ုိက္ေအာင္ မတားဆီးႏုိင္သလို ေရေပၚမွာ paddle board စီးတာ၊ အ႐ုပ္ေလွစီးတာေတြကိုလည္း ဟန္႔တားႏုိင္စြမ္းမရွိပါဘူး။
ကန္ရဲ႕ေအာက္ေျခဟာ အရမ္းကိုႏြံထူတာေၾကာင့္ နစ္သြားရင္ ျပန္႐ုန္းထြက္ဖို႔ကလည္း မျဖစ္ႏိုင္လုနီးပါးျဖစ္တယ္လုိ
ကန္ေဘးတစ္ေလွ်ာက္လမ္းေလွ်ာက္တာ
ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ လူေတြဟာ အႏၱရာယ္ကို မမႈဘဲ သူတို႔ရဲ႕က်န္းမာေရးထက္ အင္စတာဂရမ္မွာ ဓာတ္ပံုတင္ႏိုင္ဖို႔ကိုပဲ ပိုအေလးထားေနၾကပါတယ္။
“ကန္ေရက အဆိပ္သင့္တာကို ကၽြန္မတို႔သိပါတယ္။ ဒါေၾကာင့္ ေရကန္ထဲေတာ့ မဆင္းခဲ့ပါဘူး။ အႏၱရာယ္ရွိတဲ့အခ်က္က ႐ုရွားႏုိင္ငံသားအခ်ဳိ႕ကို ကန္နံေဘးမွာ ေပ်ာ္ပြဲစားမထြက္ေအာင္ မတားဆီးႏိုင္ခဲ့ပါဘူး။ အမ်ဳိးသားတစ္ေယာက္ဆို ကန္ထဲ ေရဆင္းခ်ဳိးခဲ့ပါေသးတယ္။ အဲ့ဒီမွာေရဆင္းခ်ဳိးတာမ်ဳိး မျပဳလုပ္ဖို႔ တင္းတင္းက်ပ္က်ပ္တားျမစ္ထားတာပါ
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ထူးခြားပြည့်စုံလွန်းတဲ့ ဆဲလ်ဖီပုံ ဓာတ်ဖမ်းချင်ကြတဲ့ ရုရှားမှအင်စတာဂရမ်အသုံးပြုသူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဆိုက်ဘေးရီးယားရဲ့ နိုဗိုစီဘာ့စ်မြို့အနီးရှိ ရေကန်တစ်ခုှဆီ သူ့ထက်ငါအလုအယက်သွားရောက်နေကြပြီဖြစ်ပါတယ်။ သူ့ရဲ့ စိမ်းပြာရောင်ရေပြင်နဲ့ ဖြူလွလွသဲသောင်ကမ်းခြေတွေက မော်လ်ဒိုက်နိုင်ငံရဲ့ ရေပြင်၊ သဲသောင်တွေနဲ့ ဆင်တူလို့နေပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲက နာမည်ကျော် မော်လ်ဒိုက်ကျွန်းစုနဲ့မတူတာကတော့ သူ့အလှက သဘာဝမဟုတ်တာပါပဲ။
ဆိုက်ဘေးရီးယားကမော်လ်ဒိုက်ပဲခေါ်ခေါ် နိုဗိုဆီဘာ့စ်မော်လ်ဒိုက်လို့ပဲခေါ်ခေါ် အလွန်လှပတဲ့ အဲ့ဒီရေကန်ဟာ တကယ်တော့ အနီးနားက ကျောက်မီးသွေးစက်ရုံဆီက ပြာတွေကို စွန့်ပစ်ဖျက်ဆီးဖို့ အသုံးပြုတဲ့ လူလုပ်အဆိပ်ဖျက်ကန်ပဲဖြစ်ပါတယ်။ ကန်ရေပြင်ဟာ စိမ်းပြာရောင်တောက်တောက်ကို ဘယ်ကနေရသလဲဆိုရင် ကန်အောက်အနက်ကနေပဲဲဖြစ်ပါတယ်။ သူ့ထဲမှာ ထုံးဆားနဲ့ အခြားသတ္တုအောက်ဆိုက်ဒ်တွေ ပျော်ဝင်နေပါတယ်။
ယခုလအစောပိုင်းမှာ အဲ့ဒီရေကန်ဟာ လူမှုကွန်ရက်တွေမှာ ကျော်ကြားလာတယ်လို့ Siberian Generating Company (SGC) က ရုရှားလူမှုကွန်ရက် VKontakte မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြင်မြင်ချင်းမှာပင် ဆွဲဆောင်မှုရှိလှတဲ့ ၎င်းပြာစွန့်ကန်ကရေတွေဟာ pH အဆင့် ၈ ကျော်တာကြောင့် ထိလိုက်ရင် လူ့အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်ပေါ်စေမှာပါလို့ SGC ကုမ္ပဏီက သတိပေးထားပါတယ်။ ဒါပေမဲ့လည်း ဒီသတိပေးချက်က လူတွေကို ကန်စပ်မှာ ကိုယ်ဟန်အမျိုးမျိုးပေးပြီး ဓာတ်ပုံမရိုက်အောင် မတားဆီးနိုင်သလို ရေပေါ်မှာ paddle board စီးတာ၊ အရုပ်လှေစီးတာတွေကိုလည်း ဟန့်တားနိုင်စွမ်းမရှိပါဘူး။
ကန်ရဲ့အောက်ခြေဟာ အရမ်းကိုနွံထူတာကြောင့် နစ်သွားရင် ပြန်ရုန်းထွက်ဖို့ကလည်း မဖြစ်နိုင်လုနီးပါးဖြစ်တယ်လို့လည်း SGC က ထည့်သွင်းကြေညာထားပါတယ်။ ဆဲလ်ဖီဆွဲရင်း ကန်ထဲမတော်တဆပြုတ်ကျမှာကို အစိုးရိမ်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကန်ဘေးတစ်လျှောက်လမ်းလျှောက်တာဟာ စစ်သေနတ်ပစ်ကွင်းထဲ လမ်းလျှောက်ရသလို အန္တရာယ်ရှိပြီး မပြုလုပ်အပ်တဲ့အရာဖြစ်တယ်လို့လည်း ၎င်းတရားဝင်ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒါပေမဲ့လည်း လက်တွေ့မှာတော့ လူတွေဟာ အန္တရာယ်ကို မမှုဘဲ သူတို့ရဲ့ကျန်းမာရေးထက် အင်စတာဂရမ်မှာ ဓာတ်ပုံတင်နိုင်ဖို့ကိုပဲ ပိုအလေးထားနေကြပါတယ်။
“ကန်ရေက အဆိပ်သင့်တာကို ကျွန်မတို့သိပါတယ်။ ဒါကြောင့် ရေကန်ထဲတော့ မဆင်းခဲ့ပါဘူး။ အန္တရာယ်ရှိတဲ့အချက်က ရုရှားနိုင်ငံသားအချို့ကို ကန်နံဘေးမှာ ပျော်ပွဲစားမထွက်အောင် မတားဆီးနိုင်ခဲ့ပါဘူး။ အမျိုးသားတစ်ယောက်ဆို ကန်ထဲ ရေဆင်းချိုးခဲ့ပါသေးတယ်။ အဲ့ဒီမှာရေဆင်းချိုးတာမျိုး မပြုလုပ်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတာပါ။” လို့ အမျိုးသမီးတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)