ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဝါတြင္းကာလကိုေရာက္ရွိလာျပီျဖစ္တာေၾကာင့္ ရန္ကုန္အိမ္ျခံေျမ ေစ်းကြက္ဟာ အေရာင္းထက္ အမွန္တကယ္ ေနထိုင္ဖို ့လိုအပ္တဲ့သူေတြရဲ႕အငွါး ေစ်းကြက္ကသာ ဦးေဆာင္ေနတာပါ။ ျမိဳ ႕တြင္းျမိဳ႕နယ္ေတြမွာ အဓိကအားျဖင့္ ကန္ထရိုက္တိုက္ခန္းေတြရဲ႕ အငွါး ေစ်းကြက္ဟာ အဓိကဦးေဆာင္ေနတာပဲျဖစ္ပါတယ္။
Downtown ျမိဳ႕ တြင္းျမိဳ႕ နယ္ေတြျဖစ္တဲ့ လသာ ၊ လမ္းမေတာ္ ၊ ေက်ာက္တံတား ၊ ပန္းဘဲတန္း အစရွိတဲ့့ျမိဳ ့နယ္ေတြမွာ အဓိကအလုပ္ျဖစ္ေနတာလို ့ အိမ္ျခံေျမအက်ိဴးေဆာင္တစ္ဦးကေျပာပါတယ္။
‘ အဓိကေတာ့ အငွါးေစ်းကြက္က အေကာင္းဆံုးပဲ မျဖစ္မေန ငွါးေနထိုင္ရတဲ့သူေတြရဲ႕ေစ်းကြက္ျဖစ္ေနတယ္ တိုက္အသစ္ေတြကလည္း တိုးလာေတာ့ ေစ်းက မက်ေပမဲ့ အေတာ္အသင့္ေကာင္းတယ္ေျပာရမယ္ “ ဟု အိမ္ျခံေျမ အက်ိဴးေဆာင္လုပ္ငန္းရွင္ ဦးျမတ္မင္းကဆိုပါတယ္။
ျမိဳ႕တြင္းျမိဳ႕နယ္ေတြထဲက အျခား ျမိဳ႕နယ္ေတြျဖစ္တဲ့ အလံု ၊ ၾကည္ျမင္တိုင္ ၊ စမ္းေခ်ာင္း ျမိဳ႕နယ္ေတြက တိုက္ခန္းအငွါးေစ်းကြက္ကေတာ့ ေစ်းအျမင့္မွာရွိျပီး ငွါးရမ္းရတာလည္း အေရအတြက္မ်ားတယ္လို ့ အဲ့ဒီ့ျမိဳ႕နယ္ေတြက အက်ိဴးေဆာင္ေတြက ဆိုပါတယ္။
ဝါတြင္းကာလကိုေရာက္ရွိလာျပီျဖစ္လို ့ တိုက္ခန္းအေရာင္းကေတာ့ ထင္သေလာက္အလုပ္မျဖစ္ဘူးလို ့ အေရာင္းအဝယ္ျပဳလုပ္သူေတြက ေျပာပါတယ္။
အေျခခံေဆာက္လုပ္ေရးကုန္ၾကမ္းပစၥည္းေတြ ေစ်းျမင့္တက္လာျခင္းကလည္း အခန္းတည္ေဆာက္မွဳေတြကို ပိုမိုျပီး ေလ်ာ့က်လာတာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြက ေစ်းကြက္အေျခအေနကို ေစာင့္ၾကည့္ေနၾကတာလည္းျဖစ္ပါတယ္။
တည္ေဆာက္ျပီးသား ကြန္ဒို ၊ တိုက္ခန္း မ်ားကိုလည္း အေရာင္းျပပြဲေတြမွာ အဓိကဦးစားေပး ေရာင္းခ်လာမွဳက ေစ်းကြက္မွာပိုျပီး အလုပ္ျဖစ္ေစတယ္လို ့ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။
ဒါ့ေၾကာင့္ အခု တစ္ပတ္အတြင္း ရန္ကုန္အိမ္ျခံေျမ ဟာ အေရာင္းထက္ အငွါးေစ်းကြက္က ပိုပိုဦးေဆာင္ေနတယ္လို ့ ေစ်းကြက္အတြင္းက စံုစမ္းသိရွိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဝါတွင်းကာလကိုရောက်ရှိလာပြီဖြစ်တာကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် ဟာ အရောင်းထက် အမှန်တကယ် နေထိုင်ဖို့လိုအပ်တဲ့သူတွေရဲ့အငှါး ဈေးကွက်ကသာ ဦးဆောင်နေတာပါ။ မြို့တွင်းမြို့နယ်တွေမှာ အဓိကအားဖြင့် ကန်ထရိုက်တိုက်ခန်းတွေရဲ့အငှါးဈေးကွက်ဟာ အဓိကဦးဆောင်နေတာပဲဖြစ်ပါတယ်။
Downtown မြို့ တွင်းမြို့ နယ်တွေဖြစ်တဲ့ လသာ ၊ လမ်းမတော် ၊ ကျောက်တံတား၊ ပန်းဘဲတန်း အစရှိတဲ့မြို့နယ်တွေမှာ အဓိကအလုပ်ဖြစ်နေတာလို့ အိမ်ခြံမြေ အကျိူးဆောင်တစ်ဦးကပြောပါတယ်။
‘ အဓိကတော့ အငှါးဈေးကွက်က အကောင်းဆုံးပဲ မဖြစ်မနေ ငှါးနေထိုင်ရတဲ့သူတွေရဲ့ဈေးကွက်ဖြစ်နေတယ် တိုက်အသစ်တွေကလည်း တိုးလာတော့ ဈေးက မကျပေမဲ့ အတော်အသင့်ကောင်းတယ်ပြောရမယ် “ ဟု အိမ်ခြံမြေ အကျိူးဆောင်လုပ်ငန်းရှင် ဦးမြတ်မင်းကဆိုပါတယ်။
မြို့တွင်းမြို့နယ်တွေထဲက အခြား မြို့နယ်တွေဖြစ်တဲ့ အလုံ ၊ ကြည်မြင်တိုင် ၊ စမ်းချောင်းမြို့နယ်တွေက တိုက်ခန်းအငှါးဈေးကွက်ကတော့ ဈေးအမြင့်မှာရှိပြီး ငှါးရမ်းရတာလည်း အရေအတွက်များတယ်လို့ အဲ့ဒီ့မြို့နယ်တွေက အကျိူးဆောင်တွေက ဆိုပါတယ်။
ဝါတွင်းကာလကိုရောက်ရှိလာပြီဖြစ်လို့ တိုက်ခန်း အရောင်းကတော့ ထင်သလောက်အလုပ်မဖြစ်ဘူးလို့ အရောင်းအဝယ်ပြုလုပ်သူတွေက ပြောပါတယ်။
အခြေခံဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေ ဈေးမြင့်တက်လာခြင်းကလည်း အခန်းတည်ဆောက်မှုတွေကို ပိုမိုပြီး လျော့ကျလာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။
တည်ဆောက်ပြီးသား ကွန်ဒို ၊ တိုက်ခန်း များကိုလည်း အရောင်းပြပွဲတွေမှာ အဓိကဦးစားပေး ရောင်းချလာမှုက ဈေးကွက်မှာပိုပြီး အလုပ် ဖြစ်စေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ “ ပွဲတွေရှိရင်ပိုပြီး အလုပ်ဖြစ်တယ် အရစ်ကျနဲ့ဆိုတော့ အနည်းဆုံးလေးငါးခန်းကအသာလေးရောင်းရတယ် ငွေပေါ်တော့ လုပ်ငန်းရှင်တွေလည်း အသက်ရှူချောင်တယ် “လို့ မြမြင့်မိုရ် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကပြောပါတယ်။
ဒါ့ကြောင့် အခု တစ်ပတ်အတွင်း ရန်ကုန်အိမ်ခြံမြေဟာ အရောင်းထက် အဌားဈေးကွက်က ပိုပိုဦးဆောင်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com