ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ေဟာင္ေကာင္ရွိ ေနရာႏွစ္ေနရာက ကမာၻ႕ေဈးအႀကီးဆံုး႐ံုးခန္းေနရာမ်ားအျဖစ္ ေဖာ္ျပခံရျခင္းႏွင့္အတူ CBRE အေမရိကန္အိမ္ၿခံေျမကုမၸဏီမွ ယခုေနာက္ဆံုးထုတ္ျပန္လုိက္ေသာ ကမာၻ႕အဆင့္ျမင့္႐ံုးခန္းစရိတ္စစ္တမ္း၌ အာရွၿမိဳ႕မ်ား ပါဝင္ခဲ့ျပန္ၿပီျဖစ္သည္။
ေဟာင္ေကာင္၏ Central district ရွိ အဆင့္ျမင့္႐ံုးခန္းေနရာတစ္ခု၏ ၂၀၁၉ ခုႏွစ္ ပထမသံုးလပတ္အထိ ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္မွာ အေမရိကန္ေဒၚလာ ၃၂၂ ေဒၚလာျဖစ္ၿပီး ကမာၻ႕ေဈးအႀကီးဆံုး ႐ံုးခန္းစရိတ္စကျဖစ္သည္။
ယင္းက လန္ဒန္ရွိ ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၂၂၂ ဒသမ ၇၀ ရွိသည့္ West End ကိုလည္း ကမာၻ႕ဒုတိယေဈးအႀကီးဆံုးေနရာျဖစ္ေစခဲ့သည္။
ေဟာင္ေကာင္ရွိ Kowloon district က ထုိစစ္တမ္း၏ ကမာၻ႕ေဈးအႀကီးဆံုး႐ံုးခန္းေနရာမ်ားစာရင္း၌ တတိယေနရာတြင္ ရပ္တည္ခဲ့သည္။ ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္မွာ အေမရိကန္ေဒၚလာ ၂၀၈ ဒသမ ၈၇ ေဒၚလာ ဝန္းက်င္ျဖစ္သည္။
ၿဗိတိန္ရွိ City of London က ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၃၉ ဒသမ ၇၅ ျဖင့္ နံပါတ္ ၁၀ တြင္ ေဖာ္ျပခံခဲ့ရကာ နယူးေဒလီရွိ Connaught Place က ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၄၃ ဒသမ ၉၇ ေဒၚလာ ျဖင့္ ကမာၻ႕နဝမေျမာက္ေဈးအႀကီးဆံုး႐ံုးခန္းေနရာျဖစ္သည္။
တ႐ုတ္ျပည္မႀကီးမွလည္း နံပါတ္ ၅ ႏွင့္ ၆ ေနရာတို႔ျဖင့္ ႏွစ္ေနရာပါဝင္ခဲ့ၿပီး ႏွစ္ေနရာစလံုးကလည္း ၿမိဳ႕ေတာ္ေပက်င္းမွပင္ျဖစ္သည္။ ေပက်င္းရွိ Finance Street က ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၈၇ ဒသမ ၇၇ ျဖင့္ နံပါတ္ ၅ တြင္ ရပ္တည္ခဲ့ၿပီး CBD က ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၇၇ ဒသမ ၀၅ ျဖင့္ နံပါတ္ ၆ ေနရာ၌ ေဖာ္ျပခံခဲ့ရသည္။
နံပါတ္ ၇ ေနရာတြင္ နယူးေယာက္ရွိ Midtown-South Manhattan ရပ္ကြက္က ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၆၉ ဒသမ ၈၆ ျဖင့္ ရပ္တည္ခဲ့ၿပီး တိုက်ဳိရွိ မာ႐ူႏိုအူခ်ီ (သို႔) အိုတီမာခ်ီဧရိယာက ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၆၇ ဒသမ ၈၂ ျဖင့္ နံပါတ္ ၈ ေနရာ၌ ေဖာ္ျပခံခဲ့ရသည္။
နယူးေယာက္ရွိ Midtown Manhattan ကလည္း ၁ စတုရန္းေပလွ်င္ တစ္ႏွစ္တာပ်မ္းမွ်စရိတ္ အေမရိကန္ေဒၚလာ ၁၉၆ ဒသမ ၈၉ ျဖင့္ ကမာၻ႕စတုတၳေျမာက္ေဈးအႀကီးဆံုးအဆင့္ျမင့္႐ံုးခန္းေနရာျဖစ္သည္။
ကမာၻတစ္ဝန္း အဆင့္ျမင့္႐ံုးခန္းေနရာဖြင့္လွစ္မႈကုန္က်စရိတ္မ်ားသည္ ၂၀၁၉ ခုႏွစ္ ပထမသံုးလပတ္အထိ တစ္ႏွစ္တာအတြင္း ၃ ဒသမ ၆ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။ CBRE မွ ခန္႔မွန္းခဲ့သည့္ ၂ ရာခုိင္ႏႈန္းထက္ပိုမိုမ်ားျပားကာ ယင္းမတုိင္မီတစ္ႏွစ္ ၂ ဒသမ ၄ ရာခိုင္ႏႈန္းထက္လည္း မ်ားျပားေပသည္။ အာရွပစိဖိတ္ရွိ ႐ံုးခန္းေဈးကြက္မ်ားသည္ ၃ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီး ဥေရာပ၊ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကတို႔ရွိ ႐ံုးခန္းေဈးကြက္မ်ားက ၃ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ကာ အေမရိကႏိုင္ငံမ်ားရွိ ႐ံုးခန္းေဈးကြက္မ်ားက ၃ ဒသမ ၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဟောင်ကောင်ရှိ နေရာနှစ်နေရာက ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းနေရာများအဖြစ် ဖော်ပြခံရခြင်းနှင့်အတူ CBRE အမေရိကန်အိမ်ခြံမြေကုမ္ပဏီမှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အဆင့်မြင့်ရုံးခန်းစရိတ်စစ်တမ်း၌ အာရှမြို့များ ပါဝင်ခဲ့ပြန်ပြီဖြစ်သည်။
ဟောင်ကောင်၏ Central district ရှိ အဆင့်မြင့်ရုံးခန်းနေရာတစ်ခု၏ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၂၂ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ရုံးခန်းစရိတ်စကဖြစ်သည်။
ယင်းက လန်ဒန်ရှိ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၇၀ ရှိသည့် West End ကိုလည်း ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးနေရာဖြစ်စေခဲ့သည်။
ဟောင်ကောင်ရှိ Kowloon district က ထိုစစ်တမ်း၏ ကမ္ဘာ့ဈေးအကြီးဆုံးရုံးခန်းနေရာများစာရင်း၌ တတိယနေရာတွင် ရပ်တည်ခဲ့သည်။ ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၈၇ ဒေါ်လာ ဝန်းကျင်ဖြစ်သည်။
ဗြိတိန်ရှိ City of London က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၇၅ ဖြင့် နံပါတ် ၁၀ တွင် ဖော်ပြခံခဲ့ရကာ နယူးဒေလီရှိ Connaught Place က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၉၇ ဒေါ်လာ ဖြင့် ကမ္ဘာ့နဝမမြောက်ဈေးအကြီးဆုံးရုံးခန်းနေရာဖြစ်သည်။
တရုတ်ပြည်မကြီးမှလည်း နံပါတ် ၅ နှင့် ၆ နေရာတို့ဖြင့် နှစ်နေရာပါဝင်ခဲ့ပြီး နှစ်နေရာစလုံးကလည်း မြို့တော်ပေကျင်းမှပင်ဖြစ်သည်။ ပေကျင်းရှိ Finance Street က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၇၇ ဖြင့် နံပါတ် ၅ တွင် ရပ်တည်ခဲ့ပြီး CBD က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၀၅ ဖြင့် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရသည်။
နံပါတ် ၇ နေရာတွင် နယူးယောက်ရှိ Midtown-South Manhattan ရပ်ကွက်က ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၈၆ ဖြင့် ရပ်တည်ခဲ့ပြီး တိုကျိုရှိ မာရူနိုအူချီ (သို့) အိုတီမာချီဧရိယာက ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၈၂ ဖြင့် နံပါတ် ၈ နေရာ၌ ဖော်ပြခံခဲ့ရသည်။
နယူးယောက်ရှိ Midtown Manhattan ကလည်း ၁ စတုရန်းပေလျှင် တစ်နှစ်တာပျမ်းမျှစရိတ် အမေရိကန်ဒေါ်လာ ၁၉၆ ဒသမ ၈၉ ဖြင့် ကမ္ဘာ့စတုတ္ထမြောက်ဈေးအကြီးဆုံးအဆင့်မြင့်ရုံးခန်းနေရာဖြစ်သည်။
ကမ္ဘာတစ်ဝန်း အဆင့်မြင့်ရုံးခန်းနေရာဖွင့်လှစ်မှုကုန်ကျစရိတ်များသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အထိ တစ်နှစ်တာအတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ CBRE မှ ခန့်မှန်းခဲ့သည့် ၂ ရာခိုင်နှုန်းထက်ပိုမိုများပြားကာ ယင်းမတိုင်မီတစ်နှစ် ၂ ဒသမ ၄ ရာခိုင်နှုန်းထက်လည်း များပြားပေသည်။ အာရှပစိဖိတ်ရှိ ရုံးခန်းဈေးကွက်များသည် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ ရုံးခန်းဈေးကွက်များက ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကနိုင်ငံများရှိ ရုံးခန်းဈေးကွက်များက ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)