ဂ်ပန္ရွိ ရဲတိုက္ၾကီးမ်ားတြင္ ကမၻာလွည့္ခရီးသည္မ်ားကို တစ္ညလွ်င္ ေဒၚလာ ၉၀၀၀ ျဖင့္ တည္းခိုခြင့္ျပဳေတာ့မည္ဟုဆို

ဂ်ပန္ရွိ ရဲတိုက္ၾကီးမ်ားတြင္ ကမၻာလွည့္ခရီးသည္မ်ားကို တစ္ညလွ်င္ ေဒၚလာ ၉၀၀၀ ျဖင့္ တည္းခိုခြင့္ျပဳေတာ့မည္ဟုဆို - Property News in Myanmar from iMyanmarHouse.com
17 Jul 2019 12:31 pm တွင် တင်ခဲ့သည်
855 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဂ်ပန္ႏိုင္ငံတြင္ ကမၻာလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္မႈတစ္ရပ္အေနျဖင့္ ရဲတိုက္ၾကီးမ်ားတြင္ ညအိပ္ညေနတည္းခိုခြင့္ျပဳသည့္ နည္းလမ္းတစ္ရပ္ကို ေဖာ္ထုတ္လာသည္။ Ehime အရပ္ရွိ အိုဇူး ရဲတိုက္ၾကီး (Ozu Castle) တြင္ လာမည့္ႏွစ္ ဧျပီလ၌ ကမၻာလွည့္ခရီးသည္မ်ားကို တစ္ညလွ်င္ ယန္းေငြ တစ္သန္း (ကန္ေဒၚလာ ၉၂၅၀ )ျဖင့္ စတင္တည္းခိုခြင့္ျပဳေတာ့မည္ ျဖစ္သည္။

ဂ်ပန္ရဲတိုက္ေဖာင္ေဒးရွင္း (JCF) ၏ ထိပ္တန္းရဲတိုက္ ၁၀၀ စာရင္းတြင္ ပါဝင္သည့္ရဲတိုက္ၾကီးျဖစ္ျပီး ဂ်ပန္အစိုးရကလည္း အေရးပါသည့္ ယဥ္ေက်းမႈသမိုင္းအေမြအႏွစ္တစ္ရပ္အျဖစ္ သတ္မွတ္ထားသည္။

၁၃၃၁ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ယင္းေနာက္ပိုင္း ရာစုႏွစ္မ်ားတြင္လည္း ျပဳျပင္မြမ္းမံျခင္း၊ ျပန္လည္ေဆာက္လုပ္ျခင္းမ်ား မ်ားစြာ ျပဳလုပ္ခဲ့သည္။

ဂ်ပန္ကမၻာလွည့္ခရီးသြားလုပ္ငန္းဝန္ၾကီးဌာနက ၎တို႔၏ေနာက္ဆံုးမူဝါဒတစ္ရပ္အရ ေရွးေဟာင္းသမိုင္းဝင္ အေမြအႏွစ္ ေနရာမ်ားတြင္ ကမၻာလွည့္ခရီးသည္မ်ားကို တည္းခိုခြင့္ျပဳမည့္ မူဝါဒထည့္သြင္းခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါစိတ္ကူးစိတ္သန္းသည္ ဥေရာပႏိုင္ငံမ်ားကို အတုယူကာ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ျပီး ဥေရာပတြင္မူ ရဲတိုက္ၾကီးမ်ား၌ ကမၻာလွည့္ခရီးသည္မ်ားကို တည္းခိုခြင့္ေပးခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

အိုဇူးမွ အုပ္ခ်ဳပ္ေရးအဖြဲ႔သည္ Value Management ကုမၸဏီႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ေနခဲ့ျခင္းျဖစ္ျပီး အဆိုပါ ကုမၸဏီသည္ သမိုင္းဝင္အရင္းအျမစ္မ်ား အသံုးခ်ေရးကို ဦးတည္လုပ္ကိုင္ေနသည့္ ကုမၸဏီတစ္ခု ျဖစ္သည္။

ရဲတိုက္ၾကီး၏ ပင္မအေဆာက္အအံုျဖစ္ေသာ tenshu ေမွ်ာ္စင္သည္ ၄ ထပ္အေဆာက္အအံုျဖစ္ျပီး ၁၉ မီတာ ျမင့္မားသည္။

အခန္းမ်ားကို ဖ်ာမ်ား၊ ပရိေဘာဂမ်ား ထည့္သြင္းေပးျပီးပါက ကမၻာလွည့္ခရီးသည္မ်ားကို တစ္ႏွစ္လွ်င္ ရက္ေပါင္း ၃၀ တည္းခိုခြင့္ ေပးသြားမည္ဟု ဆိုသည္။

ညအိပ္တည္းခိုသူမ်ားသည္ နယ္စားျမိဳ ႔စားၾကီးမ်ားသဖြယ္ ဝန္ေဆာင္မႈမ်ားကို ရရွိမည္ျဖစ္ျပီး လြန္ခဲ့ေသာရာစုႏွစ္မ်ားက daimyo ၾကီးမ်ား မည္သို႔ေနထိုင္ခဲ့သည္ကို ေတြ႔ၾကံဳခံစားရမည္ ျဖစ္သည္။

ေဒသထြက္ကုန္မ်ားျဖင့္ ခ်က္ျပဳတ္ထားသည့္ စားေသာက္ဖြယ္ရာမ်ား တည္ခင္းဧည့္ခံေပးသြားမည္ျဖစ္ျပီး က်ံဳးအတြင္းတြင္လည္း ေလွစီးခြင့္ရရွိမည္ ျဖစ္သည္။

အိုဇူးရွိ အုပ္ခ်ဳပ္ေရးအဖြဲ႔သည္ ျပီးခဲ့ေသာ ေမလအတြင္းက ေကာ္မတီတစ္ရပ္ဖြဲ႔စည္းကာ ေရွးေဟာင္းသမိုင္းဝင္ေနရာမ်ားကို မည္သို႔မည္ပံု အသံုးခ်မည္ကို ေဆြးေႏြးခဲ့ၾကသည္။

ႏိုင္ငံေရးနယ္မွ ေခါင္းေဆာင္တို႔က လူဦးေရက်ဆင္းေနမႈအတြက္ ၾကိဳတင္ျပင္ဆင္ကိုင္တြယ္မႈမ်ား ျပဳလုပ္ရန္ႏွင့္ ဝင္ေငြရမည့္ အရင္းအျမစ္သစ္မ်ား ရရွိရန္ လိုလားလ်က္ရွိေနသည္။

ရဲတိုက္ကို ဟိုတယ္အျဖစ္ အသံုးမျပဳေသးမီတြင္လည္း ကမၻာလွည့္ခရီးသည္မ်ားကို ေန႔စဥ္ဝင္ေရာက္ေလ့လာခြင့္ျပဳရန္လည္း စီစဥ္ေနသည္။

နာဂါဆာကီရွိ ဟီရာဒိုရဲတိုက္တြင္လည္း (Hirado Castle) လာမည့္ႏွစ္ ဇူလိုင္လတြင္ အလားတူ အေကာင္အထည္ေဖာ္သြားမည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျပန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုတစ်ရပ်အနေဖြင့် ရဲတိုက်ကြီးများတွင် ညအိပ်ညနေတည်းခိုခွင့်ပြုသည့် နည်းလမ်းတစ်ရပ်ကို ဖော်ထုတ်လာသည်။ Ehime အရပ်ရှိ အိုဇူး ရဲတိုက်ကြီး (Ozu Castle) တွင် လာမည့်နှစ် ဧပြီလ၌ ကမ္ဘာလှည့်ခရီးသည်များကို တစ်ညလျှင် ယန်းငွေ တစ်သန်း (ကန်ဒေါ်လာ ၉၂၅၀ )ဖြင့် စတင်တည်းခိုခွင့်ပြုတော့မည် ဖြစ်သည်။

ဂျပန်ရဲတိုက်ဖောင်ဒေးရှင်း (JCF) ၏ ထိပ်တန်းရဲတိုက် ၁၀၀ စာရင်းတွင် ပါဝင်သည့်ရဲတိုက်ကြီးဖြစ်ပြီး ဂျပန်အစိုးရကလည်း အရေးပါသည့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်တစ်ရပ်အဖြစ် သတ်မှတ်ထားသည်။

၁၃၃၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယင်းနောက်ပိုင်း ရာစုနှစ်များတွင်လည်း ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်ဆောက်လုပ်ခြင်းများ များစွာ ပြုလုပ်ခဲ့သည်။

ဂျပန်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ၎င်းတို့၏နောက်ဆုံးမူဝါဒတစ်ရပ်အရ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် နေရာများတွင် ကမ္ဘာလှည့်ခရီးသည်များကို တည်းခိုခွင့်ပြုမည့် မူဝါဒထည့်သွင်းချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစိတ်ကူးစိတ်သန်းသည် ဥရောပနိုင်ငံများကို အတုယူကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဥရောပတွင်မူ ရဲတိုက်ကြီးများ၌ ကမ္ဘာလှည့်ခရီးသည်များကို တည်းခိုခွင့်ပေးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အိုဇူးမှ အုပ်ချုပ်ရေးအဖွဲ့သည် Value Management ကုမ္ပဏီနှင့် ပူးပေါင်းအကောင်အထည်ဖော်နေခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီသည် သမိုင်းဝင်အရင်းအမြစ်များ အသုံးချရေးကို ဦးတည်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ရဲတိုက်ကြီး၏ ပင်မအဆောက်အအုံဖြစ်သော tenshu မျှော်စင်သည် ၄ ထပ်အဆောက်အအုံဖြစ်ပြီး ၁၉ မီတာ မြင့်မားသည်။

အခန်းများကို ဖျာများ၊ ပရိဘောဂများ ထည့်သွင်းပေးပြီးပါက ကမ္ဘာလှည့်ခရီးသည်များကို တစ်နှစ်လျှင် ရက်ပေါင်း ၃၀ တည်းခိုခွင့် ပေးသွားမည်ဟု ဆိုသည်။

ညအိပ်တည်းခိုသူများသည် နယ်စားမြို့စားကြီးများသဖွယ် ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ပြီး လွန်ခဲ့သောရာစုနှစ်များက daimyo ကြီးများ မည်သို့နေထိုင်ခဲ့သည်ကို တွေ့ကြုံခံစားရမည် ဖြစ်သည်။

ဒေသထွက်ကုန်များဖြင့် ချက်ပြုတ်ထားသည့် စားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံပေးသွားမည်ဖြစ်ပြီး ကျုံးအတွင်းတွင်လည်း လှေစီးခွင့်ရရှိမည် ဖြစ်သည်။

အိုဇူးရှိ အုပ်ချုပ်ရေးအဖွဲ့သည် ပြီးခဲ့သော မေလအတွင်းက ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ရှေးဟောင်းသမိုင်းဝင်နေရာများကို မည်သို့မည်ပုံ အသုံးချမည်ကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးနယ်မှ ခေါင်းဆောင်တို့က လူဦးရေကျဆင်းနေမှုအတွက် ကြိုတင်ပြင်ဆင်ကိုင်တွယ်မှုများ ပြုလုပ်ရန်နှင့် ဝင်ငွေရမည့် အရင်းအမြစ်သစ်များ ရရှိရန် လိုလားလျက်ရှိနေသည်။

ရဲတိုက်ကို ဟိုတယ်အဖြစ် အသုံးမပြုသေးမီတွင်လည်း ကမ္ဘာလှည့်ခရီးသည်များကို နေ့စဉ်ဝင်ရောက်လေ့လာခွင့်ပြုရန်လည်း စီစဉ်နေသည်။

နာဂါဆာကီရှိ ဟီရာဒိုရဲတိုက်တွင်လည်း (Hirado Castle) လာမည့်နှစ် ဇူလိုင်လတွင် အလားတူ အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service