ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ျပည္တြင္းရွိ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ေဒၚလာေဈးျမင့္တက္ေနသည့္အတြက္ ကုန္က်စရိတ္တန္ဖိုးျမင့္ တက္ေနေသာ္လည္း ေရာင္းခ်ရသည့္ တန္ဖိုးမွာေလ်ာ့နည္းသြားေသာေၾကာင့္ လုပ္ငန္းမ်ားအနည္းငယ္ေလ်ာ့က်လ်က္႐ွိေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရး ဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွ သိရသည္။
လက္ရွိ တိုက္ခန္း အိမ္ရာမ်ား တန္ဖိုးက်ဆင္းေနခ်ိန္တြင္ ေဆာက္လုပ္ေရးကုန္ၾကမ္းပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္ေနသျဖင့္ ကုန္က်စရိတ္ႀကီးျမင့္ေနေၾကာင္း၊ ထို႔အျပင္ တိုက္ခန္း ေဈးႏႈန္း မ်ားက်ဆင္းေနသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အခက္ႀကံဳေန ရျခင္းျဖစ္ေၾကာင္း သိရသည္။
" ကြ်န္ေတာ္တို႔ႏိုင္ငံ က Import အမ်ားဆံုးတင္သြင္းတာဆို ေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ အဆိုးဆံုးလာထိတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ သံေခ်ာင္းေတြ၊ ဘိလပ္ေျမေတြ၊ လွ်ပ္စစ္ပစၥည္းအကုန္ပါတယ္'' ဟု ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေဒၚလာေဈးျမင့္တက္ခ်ိန္တြင္ ေဆာက္လုပ္ေရး လုပ္ငန္းေဆာက္လုပ္ေရးပစၥည္းအခ်ိဳ႕မွာ ၅ ရာခိုင္ႏႈန္းမွာ ၁၀ ရာခိုင္ႏႈန္းအထိ ေဈးျမင့္တက္ေနၿပီး ေဒၚလာေဈး ဆက္လက္ျမင့္တက္ပါက ေဆာက္လုပ္ေရးသံုးပစၥည္းမ်ားမွာ ၁၈ ရာခိုင္ႏႈန္းအထိေဈးျမင့္လာႏိုင္ေၾကာင္း၊ လက္ရွိတြင္ တိုက္ခန္း တန္ဖိုးမ်ားမွာ လည္း ၃၀ ရာခိုင္ႏႈန္းမွ ၄၀ ရာခိုင္ႏႈန္း အထိက်ဆင္းေနၿပီး အေရာင္းအဝယ္ ေဈးကြက္မွာ ေအးေနေၾကာင္း သိရ သည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဒေါ်လာဈေးမြင့်တက်နေသည့်အတွက် ကုန်ကျစရိတ်တန်ဖိုးမြင့် တက်နေသော်လည်း ရောင်းချရသည့် တန်ဖိုးမှာလျော့နည်းသွားသောကြောင့် လုပ်ငန်းများအနည်းငယ်လျော့ကျလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
လက်ရှိ တိုက်ခန်း အိမ်ရာများ တန်ဖိုးကျဆင်းနေချိန်တွင် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသဖြင့် ကုန်ကျစရိတ်ကြီးမြင့်နေကြောင်း၊ ထို့အပြင် တိုက်ခန်း ဈေးနှုန်း များကျဆင်းနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်ကြုံနေ ရခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့နိုင်ငံ က Import အများဆုံးတင်သွင်းတာဆို တော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အဆိုးဆုံးလာထိတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သံချောင်းတွေ၊ ဘိလပ်မြေတွေ၊ လျှပ်စစ်ပစ္စည်းအကုန်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေါ်လာဈေးမြင့်တက်ချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းဆောက်လုပ်ရေးပစ္စည်းအချို့မှာ ၅ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်နေပြီး ဒေါ်လာဈေး ဆက်လက်မြင့်တက်ပါက ဆောက်လုပ်ရေးသုံးပစ္စည်းများမှာ ၁၈ ရာခိုင်နှုန်းအထိဈေးမြင့်လာနိုင်ကြောင်း၊ လက်ရှိတွင် တိုက်ခန်း တန်ဖိုးများမှာ လည်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိကျဆင်းနေပြီး အရောင်းအဝယ် ဈေးကွက်မှာ အေးနေကြောင်း သိရ သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com