ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
အဆင့္ျမင့္ ဝန္ေဆာင္မႈပါေသာတိုက္ခန္းမ်ား ရန္ကုန္ၿမိဳ႕ တြင္ အခန္းေပါင္း ၂၂၅၀ ဝန္းက်င္ရွိလာၿပီး ယခုႏွစ္အတြင္း အခန္းသစ္ထြက္ရွိမႈမရွိခဲ့ေသာ္လည္း အခန္းငွားရမ္းခမ်ား က်ဆင္းခဲ့ေၾကာင္းသိရသည္။
တည္ေဆာက္ဆဲစီမံကိန္းမ်ားေၾကာင့္ ၂၀၁၉ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အတြင္း အခန္းေပါင္း ၆၆၀ ဝန္းက်င္ ထပ္မံထြက္ရွိလာမည္ဟု ခန႔္မွန္းထားကာ ၂၀၁၉ ခုႏွစ္ ပထမသုံးလပတ္တြင္ အခန္းသစ္ ထပ္မံမထြက္ရွိခဲ့ ေၾကာင္းသိရၿပီး ၂၀၁၈ ခုႏွစ္ စတုတၳသုံးလပတ္အတြင္း Kantharyar Serviced Residences ေစ်းကြက္ဝင္ခဲ့ျခင္းေၾကာင့္ အခန္းအေရအတြက္ ၁၄ ရာခိုင္ႏႈန္း တိုးလာခဲ့ၿပီး အခန္းေပါင္း ၂၂၅၀ ဝန္းက်င္ ရွိလာေၾကာင္း ေလ့လာသူမ်ားက ေဖာ္ျပထားသည္။
ငွားရမ္း လိုသူအခ်ိဳ႕က အရည္အေသြးျမင့္မားၿပီး အဆင့္ျမင့္ဝန္ေဆာင္မႈ တိုက္ခန္းေစ်းကြက္ထက္ ကုန္က်စရိတ္ေလၽွာ့ခ်သည့္အေနျဖင့္ ေစ်းႏႈန္းသင့္တင့္သည့္ အခန္းငယ္မ်ားကို ပိုမိုေရြးခ်ယ္မႈမ်ားလာရာ အိပ္ခန္းတစ္ခန္း၊ အိပ္ခန္းႏွစ္ခန္းပါဝင္သည့္ Penthouse တိုက္ခန္းမ်ား ပိုမို ေစ်းကြက္ဝင္လာခဲ့သည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အဆင့်မြင့် ဝန်ဆောင်မှုပါသော တိုက်ခန်းများရန်ကုန်မြို့တွင် အခန်း ပေါင်း ၂၂၅၀ ဝန်းကျင်ရှိလာပြီး ယခုနှစ်အတွင်း အခန်းသစ်ထွက်ရှိမှုမရှိခဲ့သော်လည်း အခန်းငှားရမ်းခများ ကျဆင်းခဲ့ကြောင်းသိရသည်။
တည်ဆောက်ဆဲစီမံကိန်းများကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အခန်းပေါင်း ၆၆၀ ဝန်းကျင် ထပ်မံထွက်ရှိလာမည်ဟု ခန့်မှန်းထားကာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် အခန်းသစ် ထပ်မံမထွက်ရှိခဲ့ ကြောင်း သိရပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း Kantharyar Serviced Residences ဈေးကွက်ဝင်ခဲ့ခြင်းကြောင့် အခန်းအရေအတွက် ၁၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အခန်းပေါင်း ၂၂၅၀ ဝန်းကျင် ရှိလာကြောင်း လေ့လာသူများက ဖော်ပြထားသည်။
ငှားရမ်းလိုသူအချို့က အရည်အသွေးမြင့်မားပြီး အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးကွက်ထက် ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့် ဈေးနှုန်းသင့်တင့်သည့် အခန်းငယ်များကို ပိုမိုရွေးချယ်မှုများလာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်းပါဝင်သည့် Penthouse တိုက်ခန်းများ ပိုမို ဈေးကွက်ဝင်လာခဲ့သည်။
ရန်ကုန်မြို့ ၏ အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးသည် အရှေ့တောင်အာရှဈေးကွက်တွင် ငှားရမ်းခ အနေဖြင့်လည်း အမြင့်ဆုံးနှုန်းများတွင်ပါဝင်ပြီး ရှေ့အလားအလာအနေနှင့်အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့် အလယ်အလတ်အခန်းများက ဈေးကွက်ဝင်လာနိုင်ကြောင်းသိရသည်။၂၀၂၁ တွင်အရည်အသွေးမြင့် ဝန်ဆောင်မှုကောင်းသော တိုက်ခန်းပေါင်း ၄၀၀၀ ဝန်းကျင်အထိရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြောင်းသိရ သည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com