ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဂ်ပန္ Daiwa ကုမၸဏီသည္ ဂ်ပန္ႏုိင္ငံ၏ အႀကီးဆုံးေငြေၾကးအရင္းအႏွီးဆုိင္ရာ Securities (ေခ်းေငြ သက္ေသခံလက္မွတ္လုပ္ငန္းဆိုင္ရာကုမၸဏီ) တစ္ခုျဖစ္သည္။
Daiwa ကုမၸဏီသည္ ျမန္မာ့စြန္႔ဦးတီထြင္လုပ္ငန္းမ်ားအတြက္ ေဒၚလာသန္း ၃၀ ရန္ပုံေငြထားၿပီး လုပ္ငန္းတစ္ခုအတြက္ ေဒၚလာတစ္သန္းေပးရန္ရည္ရြယ္ထားေၾကာင္း သိရသည္။
ကုမၸဏီအေနႏွင့္ ျမန္မာႏုိင္ငံ တြင္ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈက႑ ပုိမုိႀကီးမား က်ယ္ျပန္႔လာေစရန္ ႏွင့္ စေတာ့အိတ္ခ်ိန္း၀င္ကုမၸဏီမ်ား ပုိမုိမ်ားျပားလာရန္ စီစဥ္ျခင္းျဖစ္ၿပီး ရင္းႏွွီးျမႇဳပ္ႏွံသူ ဂ်ပန္လုပ္ငန္းရွင္မ်ားကုိ ပုိမုိဆြဲေဆာင္ရန္လည္း ျဖစ္ေၾကာင္းသိရသည္။ ဂ်ပန္ Taiyo အာမခံလုပ္ငန္းကလည္း ရင္းႏွီးျမႇဳပ္ႏွံရန္စီစဥ္ထား ၿပီး ပထမအဆင့္ ေအာင္ျမင္ပါက အျခားကုမၸဏီမ်ားကုိ ဖိတ္ေခၚမည္ျဖစ္ေၾကာင္းဆိုထားၿပီးရင္းႏွီးျမႇဳပ္ႏွံမည့္အခ်ိန္ ကုိ ၁၂ ႏွစ္သတ္မွတ္ထားေၾကာင္း သိရသည္။
ေထာက္ပံံ့ေငြသည္ ျမန္မာ့စြန္႔ဦးတီထြင္လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ျဖစ္ၿပီး ေငြေၾကးေထာက္ပံံ့ရာတြင္ အမ်ားျပည္သူသုိ႔ ရွယ္ယာထုတ္ေရာင္းၿပီး ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္း၀င္ႏုိင္ေရးအထိ ကူညီမည္ ဟု ကုမၸဏီကဆိုထားသည္။
၂၀၁၅ တြင္ ဖြင့္လွစ္ခဲ့သည့္ ရန္ကုန္စေတာ့အိတ္ခ်ိန္းကုိ ဂ်ပန္ Daiwa ကုမၸဏီသည္ ျမန္မာ့စီးပြားေရး ဘဏ္ႏွင့္ ပူးေပါင္းေဆာင္ရြက္ေနၿပီး လက္ရွိတြင္ ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ ေငြေၾကးလည္ပတ္မႈ စုစုေပါင္း ေဒၚလာ ၂၅ သန္းရွိေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဂျပန် Daiwa ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးငွေကြေးအရင်းအနှီးဆိုင်ရာ Securities (ချေးငွေ သက်သေခံလက်မှတ်လုပ်ငန်းဆိုင်ရာကုမ္ပဏီ) တစ်ခုဖြစ်သည်။
Daiwa ကုမ္ပဏီသည် မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းများအတွက် ဒေါ်လာသန်း ၃၀ ရန်ပုံငွေထားပြီး လုပ်ငန်းတစ်ခုအတွက် ဒေါ်လာတစ်သန်းပေးရန်ရည်ရွယ်ထားကြောင်း သိရသည်။
ကုမ္ပဏီအနေနှင့်မြန်မာနိုင်ငံတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုကြီးမား ကျယ်ပြန့်လာစေရန် နှင့် စတော့အိတ်ချိန်းဝင်ကုမ္ပဏီများ ပိုမိုများပြားလာရန် စီစဉ်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ ဂျပန်လုပ်ငန်းရှင်များကို ပိုမိုဆွဲဆောင်ရန်လည်း ဖြစ်ကြောင်းသိရသည်။ ဂျပန် Taiyo အာမခံလုပ်ငန်းကလည်း ရင်းနှီးမြှုပ်နှံရန်စီစဉ်ထား ပြီး ပထမအဆင့် အောင်မြင်ပါက အခြားကုမ္ပဏီများကို ဖိတ်ခေါ်မည်ဖြစ်ကြောင်းဆိုထားပြီးရင်းနှီးမြှုပ်နှံမည့်အချိန် ကို ၁၂ နှစ်သတ်မှတ်ထားကြောင်း သိရသည်။
ထောက်ပံံ့ငွေသည် မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်ပြီး ငွေကြေးထောက်ပံံ့ရာတွင် အများပြည်သူသို့ ရှယ်ယာထုတ်ရောင်းပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ရေးအထိ ကူညီမည် ဟု ကုမ္ပဏီကဆိုထားသည်။
၂၀၁၅ တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန် Daiwa ကုမ္ပဏီသည် မြန်မာ့စီးပွားရေး ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ ငွေကြေးလည်ပတ်မှု စုစုပေါင်း ဒေါ်လာ ၂၅ သန်းရှိကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com