ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
မရိုင္ယာ ကာေရး၏ မန္ေနဂ်ာေဟာင္း စတယ္လာ ဘူလို႔ခ်္နီေကာ့ဗ္သည္ ေလာ့စ္အိန္ဂ်လိေနအိမ္ေရာင္းမထြက္ေသာေၾကာင့္ ေစ်းႏႈန္းထပ္မံေလွ်ာ့ခ်ေပးလာသည္။
စံအိမ္တည္ေနရာမွာ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကာလာဘာဆက္အရပ္တြင္ျဖစ္ျပီး လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔က ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ စတင္ေစ်းကြက္တင္ခဲ့ေသာ္လည္း ဝယ္ယူမည့္သူမရွိခဲ့ေခ်။
ယခုအခါ စတယ္လာက စပိန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည့္ အဆိုပါေနအိမ္ကို ေစ်းေလွ်ာ့ကာ ေစ်းကြက္ျပန္တင္လာသည္။
လက္ရွိေခၚေစ်းမွာ ကန္ေဒၚလာ ၄ ဒသမ ၂၉ သန္းျဖစ္ရာ ၂၀၁၇ ခုႏွစ္အတြင္း သူမ ဝယ္ယူစဥ္ကေပးခဲ့ရသည့္ ေစ်းႏႈန္းျဖစ္ေသာ ၄ ဒသမ ၂ သန္းထက္ မ်ားစြာေစ်းမပိုသည့္ ပမာဏလည္း ျဖစ္သည္။
၂၀၀၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္ေနအိမ္ျဖစ္ျပီး စတယ္လာက ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ အဝင္ဝ၌ အျဖဴႏွင့္ အမည္း ေရာယွက္သည့္ က်ားကြက္သ႑ာန္ ၾကမ္းခင္း ခင္းက်င္းျခင္း၊ အလွျပင္ခန္းမ ထည့္သြင္းျခင္းတို႔ ပါဝင္သည္။
၂၄ နာရီ အေစာင့္ရွိေသာ Oaks of Calabasas အိမ္ရာဝန္းအတြင္း တည္ရွိသည္။
ေနအိမ္အက်ယ္အဝန္း စတုရန္းေပ ၆၇၄၅ ရွိျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္း ပါဝင္သည္။
ႏွစ္ထပ္လံုးတြင္ စက်င္ေက်ာက္ျပားမ်ားျဖင့္ ငါးၾကင္းကြက္သ႑ာန္ခင္းက်င္းထားေသာ ၾကမ္းခင္းမ်ား ေတြ႔ရသည္။
အရက္ဘားပါဝင္သည့္ ၾကီးမားေသာ မီးဖိုေဆာင္သည္ မိသားစုနားေနခန္းႏွင့္ ဆက္သြယ္ထားျပီး ထိုမွတဆင့္ေနအိမ္အျပင္ဘက္သို႔ ေရာက္ရွိႏိုင္သည္။
ထို႔အျပင္ အိမ္တြင္းရုပ္ရွင္ရံု၊ ရံုးခန္း၊ ညစာစားခန္း၊ ဧည့္ခန္း၊ မီးလင္းဖိုတစ္ခုပါဝင္သည့္ ဗဟိုကြက္လပ္တို႔ ပါဝင္သည္။
ေနအိမ္ျပင္ပ ျခံေနာက္ဘက္တြင္ ေရကူးကန္တစ္ခုႏွင့္ spa ၊ အရက္ဘားတစ္ခုပါဝင္သည့္ ခ်က္ျပဳတ္ရန္ေနရာ၊ အမိုးပါဝင္သည့္ မီးဖိုေနရာတို႔လည္း ပါဝင္ေသးသည္။ စတယ္လာသည္ ေပါ့ပ္နတ္ဖုရားမ မရိုင္ယာႏွင့္အတူ ၃ ႏွစ္ေက်ာ္လက္တြဲခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
မရိုင်ယာ ကာရေး၏ မန်နေဂျာဟောင်း စတယ်လာ ဘူလို့ချ်နီကော့ဗ်သည် လော့စ်အိန်ဂျလိနေအိမ်ရောင်းမထွက်သောကြောင့် ဈေးနှုန်းထပ်မံလျှော့ချပေးလာသည်။
စံအိမ်တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ကာလာဘာဆက်အရပ်တွင်ဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် စတင်ဈေးကွက်တင်ခဲ့သော်လည်း ဝယ်ယူမည့်သူမရှိခဲ့ချေ။
ယခုအခါ စတယ်လာက စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကို ဈေးလျှော့ကာ ဈေးကွက်ပြန်တင်လာသည်။
လက်ရှိခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်းဖြစ်ရာ ၂၀၁၇ ခုနှစ်အတွင်း သူမ ဝယ်ယူစဉ်ကပေးခဲ့ရသည့် ဈေးနှုန်းဖြစ်သော ၄ ဒသမ ၂ သန်းထက် များစွာဈေးမပိုသည့် ပမာဏလည်း ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး စတယ်လာက ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာတွင် အဝင်ဝ၌ အဖြူနှင့် အမည်း ရောယှက်သည့် ကျားကွက်သဏ္ဍာန် ကြမ်းခင်း ခင်းကျင်းခြင်း၊ အလှပြင်ခန်းမ ထည့်သွင်းခြင်းတို့ ပါဝင်သည်။
၂၄ နာရီ အစောင့်ရှိသော Oaks of Calabasas အိမ်ရာဝန်းအတွင်း တည်ရှိသည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၆၇၄၅ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၆ ခန်း ပါဝင်သည်။
နှစ်ထပ်လုံးတွင် စကျင်ကျောက်ပြားများဖြင့် ငါးကြင်းကွက်သဏ္ဍာန်ခင်းကျင်းထားသော ကြမ်းခင်းများ တွေ့ရသည်။
အရက်ဘားပါဝင်သည့် ကြီးမားသော မီးဖိုဆောင်သည် မိသားစုနားနေခန်းနှင့် ဆက်သွယ်ထားပြီး ထိုမှတဆင့်နေအိမ်အပြင်ဘက်သို့ ရောက်ရှိနိုင်သည်။
ထို့အပြင် အိမ်တွင်းရုပ်ရှင်ရုံ၊ ရုံးခန်း၊ ညစာစားခန်း၊ ဧည့်ခန်း၊ မီးလင်းဖိုတစ်ခုပါဝင်သည့် ဗဟိုကွက်လပ်တို့ ပါဝင်သည်။
နေအိမ်ပြင်ပ ခြံနောက်ဘက်တွင် ရေကူးကန်တစ်ခုနှင့် spa ၊ အရက်ဘားတစ်ခုပါဝင်သည့် ချက်ပြုတ်ရန်နေရာ၊ အမိုးပါဝင်သည့် မီးဖိုနေရာတို့လည်း ပါဝင်သေးသည်။ စတယ်လာသည် ပေါ့ပ်နတ်ဖုရားမ မရိုင်ယာနှင့်အတူ ၃ နှစ်ကျော်လက်တွဲခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)