ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အေမရိကန္တရားေရးဌာနက သိမ္းဆည္းထားေသာ အမိုးခံုးစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၂ ဒသမ ၇၅ သန္း ေစ်းကြက္တင္လာသည္။
တည္ေနရာမွာ နယူးေယာက္ျပည္နယ္၊ ဆပ္ေဖာ့ခရိုင္၊ အေရွ႕ဟမ့္ပ္တန္ျမိဳ႕တြင္ျဖစ္ျပီး အမိုးခံုးစံအိမ္ဟုပင္ လူသိမ်ားသည္။
ဗိသုကာပညာရွင္ မားဇီယာဘယ္ရုဇ္က ၂၀၁၀ ျပည့္ႏွစ္တြင္ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ျပီး ေဆာက္လုပ္ထားသည့္ ပံုသ႑ာန္မွာ ေလယာဥ္သိုေလွာင္ရံုတစ္ခုႏွင့္ သ႑ာန္တူေနသည္။
အေဆာက္အအံုဒီဇိုင္းပံုစံမွာ ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားထဲမွ လူဆိုးတို႔ခိုေအာင္းရာေနရာတစ္ခုအသြင္လည္း ျဖစ္ေနသည္။
၂၀၁၃ ခုႏွစ္က အဆိုပါစံအိမ္သည္ ကန္ေဒၚလာ ၅ သန္းနီးပါးျဖင့္ ေစ်းကြက္ဝင္ခဲ့ဖူးေၾကာင္း LA Curbed တြင္ ေဖာ္ျပခဲ့ဖူးသည္။
၂၀၁၅ ခုႏွစ္အတြင္းတြင္ကား ကန္ေဒၚလာ ၃ သန္းျဖင့္ ေရာင္းထြက္သြားခဲ့သည္။
အိမ္ျခံေျမမွတ္တမ္းမ်ားအရ ထိုစဥ္က ဝယ္လက္မွာ ဂ်ဳိးဆက္ မီလီ၏ ဇနီးျဖစ္သူ ဂ်က္ဆီကာ မီလီျဖစ္သည္ဟု ဆိုသည္။
လက္ရွိအားျဖင့္ ဂ်ဳိးဆက္မီလီမွာ အက်ဥ္းက်ခံရလ်က္ရွိသည္။
ဂ်ဳိးဆက္မီလီသည္ အက်ဥ္းက်ခံေနရသည္ဆိုေသာ္လည္း ၎လိမ္လည္ခဲ့သည့္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို ကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္ ျပန္လည္ေပးဆပ္ရန္ တာဝန္ရွိေနဆဲ ျဖစ္သည္။
တရားေရးဌာနက သိမ္းယူခဲ့သည့္ ဂ်ဳိးဆက္၏ ပိုင္ဆိုင္မႈမ်ားတြင္ ဟမ့္ပ္တန္ရွိ ယခုေနအိမ္လည္း အပါအဝင္ျဖစ္သည္။
ယခုေနအိမ္သည္ ေဒသတြင္းရွိ Cape Cod ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည့္ေနအိမ္မ်ားအနက္ တမူထူးျခားထင္ရွားေနသည့္ ေနအိမ္တစ္လံုးျဖစ္သည္။
ျခံအက်ယ္အဝန္း ၃ ဧကတြင္ သစ္ေတာမ်ား ဖံုးလႊမ္းေနျပီး ေနအိမ္မွာ စတုရန္းေပ ၆၄၀၀ အက်ယ္အဝန္းရွိျပီး ေနအိမ္အက်ယ္အဝန္း၏ ထက္ဝက္မွာ ေျမေအာက္တြင္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။
ႏွစ္ထပ္အေဆာက္အအံုကို ေက်ာက္တံုး၊ မွန္၊ သစ္တို႔ျဖင့္ ေဆာက္လုပ္ထားျပီး အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္းအျပင္ ပန္းခ်ီျပခန္းတစ္ခုလည္း ပါဝင္သည္။
အလ်ားေပ ၆၀ ၊ အနံ ေပ ၃၀ ရွိျပီး ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားသည့္ျပတင္းမ်ား တပ္ဆင္ထားကာ အျမင့္ဆံုးေနရာတြင္ ၁၆ ေပ ျမင့္မားသည္။
စံအိမ္တည္ေနရာမွာ တင္းနစ္ကလပ္၊ ေက်းရြာ၊ ပင္လယ္ကမ္းေျခမ်ား၊ နယူးေယာက္ျမိဳ႕သို႔ ေရာက္ရွိႏိုင္သည့္ ေလဆိပ္တို႔ႏွင့္ နီးကပ္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
အေရာင္းေစ်းကြက္တင္ေပးသည္မွာ Utopia Real Estate မွ အက်ဳိးေဆာင္ ေပါလ္ လူစီယာႏို ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်တရားရေးဌာနက သိမ်းဆည်းထားသော အမိုးခုံးစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်း ဈေးကွက်တင်လာသည်။
တည်နေရာမှာ နယူးယောက်ပြည်နယ်၊ ဆပ်ဖော့ခရိုင်၊ အရှေ့ဟမ့်ပ်တန်မြို့တွင်ဖြစ်ပြီး အမိုးခုံးစံအိမ်ဟုပင် လူသိများသည်။
ဗိသုကာပညာရှင် မားဇီယာ ဘယ်ရုဇ်က ၂၀၁၀ ပြည့်နှစ်တွင် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ထားသည့် ပုံသဏ္ဍာန်မှာ လေယာဉ်သိုလှောင်ရုံတစ်ခုနှင့် သဏ္ဍာန်တူနေသည်။
အဆောက်အအုံဒီဇိုင်းပုံစံမှာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ လူဆိုးတို့ခိုအောင်းရာနေရာတစ်ခုအသွင်လည်း ဖြစ်နေသည်။
၂၀၁၃ ခုနှစ်က အဆိုပါစံအိမ်သည် ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဈေးကွက်ဝင်ခဲ့ဖူးကြောင်း LA Curbed တွင် ဖော်ပြခဲ့ဖူးသည်။
၂၀၁၅ ခုနှစ်အတွင်းတွင်ကား ကန်ဒေါ်လာ ၃ သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။
အိမ်ခြံမြေမှတ်တမ်းများအရ ထိုစဉ်က ဝယ်လက်မှာ ဂျိုးဆက် မီလီ၏ ဇနီးဖြစ်သူ ဂျက်ဆီကာ မီလီဖြစ်သည်ဟု ဆိုသည်။
လက်ရှိအားဖြင့် ဂျိုးဆက်မီလီမှာ အကျဉ်းကျခံရလျက်ရှိသည်။
ဂျိုးဆက်မီလီသည် အကျဉ်းကျခံနေရသည်ဆိုသော်လည်း ၎င်းလိမ်လည်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူများကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပြန်လည်ပေးဆပ်ရန် တာဝန်ရှိနေဆဲ ဖြစ်သည်။
တရားရေးဌာနက သိမ်းယူခဲ့သည့် ဂျိုးဆက်၏ ပိုင်ဆိုင်မှုများတွင် ဟမ့်ပ်တန်ရှိ ယခုနေအိမ်လည်း အပါအဝင်ဖြစ်သည်။
ယခုနေအိမ်သည် ဒေသတွင်းရှိ Cape Cod ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်များအနက် တမူထူးခြားထင်ရှားနေသည့် နေအိမ်တစ်လုံးဖြစ်သည်။
ခြံအကျယ်အဝန်း ၃ ဧကတွင် သစ်တောများ ဖုံးလွှမ်းနေပြီး နေအိမ်မှာ စတုရန်းပေ ၆၄၀၀ အကျယ်အဝန်းရှိပြီး နေအိမ်အကျယ်အဝန်း၏ ထက်ဝက်မှာ မြေအောက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
နှစ်ထပ်အဆောက်အအုံကို ကျောက်တုံး၊ မှန်၊ သစ်တို့ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းအပြင် ပန်းချီပြခန်းတစ်ခုလည်း ပါဝင်သည်။
အလျားပေ ၆၀ ၊ အနံ ပေ ၃၀ ရှိပြီး ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသည့်ပြတင်းများ တပ်ဆင်ထားကာ အမြင့်ဆုံးနေရာတွင် ၁၆ ပေ မြင့်မားသည်။
စံအိမ်တည်နေရာမှာ တင်းနစ်ကလပ်၊ ကျေးရွာ၊ ပင်လယ်ကမ်းခြေများ၊ နယူးယောက်မြို့သို့ ရောက်ရှိနိုင်သည့် လေဆိပ်တို့နှင့် နီးကပ်ကြောင်း ဈေးကွက်တင်မှတ်တမ်းများတွင် ဖော်ပြသည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ Utopia Real Estate မှ အကျိုးဆောင် ပေါလ် လူစီယာနို ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)