ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အိမ္၊ ျခံ၊ ေျမ ေစ်းကြက္ ေကာင္းမြန္ေစရန္ အခြန္နွဳန္းထားမ်ားကုိ အမ်ားဆံုး ၅ ရာခိုင္နွဳန္းအထိသာ ေျပာင္းလဲသတ္မွတ္ေပးရန္လိုအပ္ေၾကာင္း ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
ေဆာက္လုပ္္ေရး လုပ္ငန္းမ်ားအေနျဖင့္ က်ပ္သိန္းတစ္ေထာင္အထက္ အိမ္၊ ျခံ၊ ေျမ အမ်ားအတြက္ အခြန္နွဳန္းထား ကုိ ၅ ရာခိုင္နွဳန္း၀န္းက်င္အထိ ေလ်ာ့ခ်ေပး ႏိုင္မွသာ လုပ္ငန္းမ်ားေကာင္းမြန္လာနိုင္မည္ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တခ်ိဳ႕ထံမွ သိရသည္။
“ ေအးေနတဲ့ ေစ်းကြက္က ျပန္ေကာင္းလာဖို႕ဆိုရင္ အခြန္ကုိလည္းအမ်ားဆံုး ၅ ရာခိုင္နွဳန္းေလာက္ ၊ လူေတြေစ်းကြက္ထဲျပန္၀င္လာမယ္ နာမည္ေျပာင္းမဲ့သူေတြလဲ ရဲရဲ၀ံ၀ံေျပာင္းလာမယ္ ဒါဆိုရင္အစိုးရလည္း အခြန္ေတြရလာမယ္” ဟု ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္း ေရးမႈးခ်ဳပ္ ဦးမ်ိဳးျမင့္ကေျပာသည္။
လက္ရွိ အိမ္ျခံေျမ အခြန္နွဳန္းထားမ်ားသည္ က်ပ္သိန္းတစ္ေထာင္အထက္ အေဆာက္အအံုမ်ား ကို ၃၀ ရာခိုင္နွဳန္း အထိ သတ္မွတ္ထားျပီး လက္ရွိတြင္ ျမင့္မားမွဳမ်ားေၾကာင့္ အမည္ေျပာင္းျခင္း ၊ တံဆိပ္ေခါင္းခြန္ေဆာင္ျခင္းမ်ား လုပ္ေဆာင္သူေလ်ာ့နည္းေနျခင္းျဖစ္သည္။
အိမ္၊ ျခံ၊ ေျမ ေစ်းကြက္သည္ ၂၀၁၅ခုနွစ္ေနာက္ပိုင္း အေရာင္းအ၀ယ္မ်ားေအးခဲ့ျပီး ကန္ထရိုက္တိုက္ေစ်းကြက္၊ ေျမေစ်းကြက္နွင့္ ေစ်းကြက္အားလံုးရပ္တန္႕ခဲ့ျပီး အစိုးရေဆာက္လုပ္သည့္တိုက္ခန္းမ်ားပါ ၀ယ္ယူသူနည္းပါး သည့္ျပသနာမ်ားၾကံဳေတြ႕ေနရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
အိမ်၊ ခြံ၊ မြေ ဈေးကွက် ကောင်းမွန်စေရန် အခွန်နှုန်းထားများကို အများဆုံး ၅ ရာခိုင်နှုန်းအထိသာ ပြောင်းလဲသတ်မှတ်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်းမှ သိရသည်။
ဆောက်ရေးလုပ်ငန်းများအနေဖြင့် ကျပ်သိန်းတစ်ထောင်အထက် အိမ်၊ ခြံ၊ မြေ အများအတွက် အခွန်နှုန်းထား ကို ၅ ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ချပေး နိုင်မှသာ လုပ်ငန်းများကောင်းမွန်လာနိုင်မည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံမှသိရသည်။
“ အေးနေတဲ့ ဈေးကွက်က ပြန်ကောင်းလာဖို့ဆိုရင် အခွန်ကိုလည်းအများဆုံး ၅ရာခိုင်နှုန်းလောက် ၊ လူတွေဈေးကွက်ထဲပြန်ဝင်လာမယ် နာမည်ပြောင်းမဲ့သူတွေလဲ ရဲရဲဝံဝံပြောင်းလာမယ် ဒါဆိုရင်အစိုးရလည်း အခွန်တွေရလာမယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်း ရေးမှုးချုပ် ဦးမျိုးမြင့်ကပြောသည်။
လက်ရှိ အိမ်ခြံမြေ အခွန်နှုန်းထားများသည် ကျပ်သိန်းတစ်ထောင်အထက် အဆောက်အအုံများ ကို ၃၀ ရာခိုင်နှုန်း အထိ သတ်မှတ်ထားပြီး လက်ရှိတွင် မြင့်မားမှုများကြောင့် အမည်ပြောင်းခြင်း ၊ တံဆိပ်ခေါင်းခွန်ဆောင်ခြင်းများ လုပ်ဆောင်သူလျော့နည်းနေခြင်းဖြစ်သည်။
အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ၂၀၁၅ခုနှစ်နောက်ပိုင်း အရောင်းအဝယ်များအေးခဲ့ပြီး ကန်ထရိုက်တိုက်ဈေးကွက်၊ မြေဈေးကွက်နှင့် ဈေးကွက်အားလုံးရပ်တန့်ခဲ့ပြီး အစိုးရဆောက်လုပ်သည့်တိုက်ခန်းများပါ ဝယ်ယူသူနည်းပါး သည့်ပြသနာများကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com