ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အိမ္ရာက႑ ဖြံ႔ၿဖိဳးတိုးတတ္ေရးေဆြးေႏြးပြဲကို ဇူလိုင္ ၆ ရက္ေန႔က ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးေရးဌာန တြင္ က်င္းပခဲ့ရာ လုပ္ငန္းရွင္မ်ားက အစိုးရအေနႏွင့္ အစိုးရအိမ္ရာမ်ား အေရာင္းအဝယ္ျပန္လည္ေကာင္းမြန္လာေစရန္ အေျခအေနမွန္ကိုထုတ္ေဖာ္ေျပာရန္လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားထားသည္။
ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရမႉး ဦးမ်ိဳးျမင့္ကေျပာထားရာတြင္ အစိုးရအိမ္ရာမ်ားကို ေျမအလကား၊အေျခခံကုန္က်စရိတ္အလကားႏွင့္တိုက္ခန္းေဆာက္လုပ္စရိတ္ေလာက္ပဲယူၿပီး ေဆာက္ေနတာေတာင္ ဝယ္ယူသူမရွိေၾကာင္း၊ဒါေၾကာင့္ အစိုးရဘက္က ေဈးကြက္အမွန္ကိုထုတ္ေဖာ္ေျပာေပးဖို႔လိုေၾကာင္း၊အိမ္ရဲ႕ ေဆာက္လုပ္စရိတ္ကုန္က်မႈကဒီေလာက္ရွိၿပီး၊ဒီထပ္ေဈးက်စရာမရွိအေၾကာင္း မရွိျခင္းတို႔ကို ရွင္းျပဖို႔လိုေၾကာင္းေျပာထားသည္။
ေဆာက္လုပ္သူ အစိုးရဝန္ႀကီးဌာနႏွင့္ဝယ္ယူသူမ်ားအၾကား လက္ရွိေဈးကြက္အရ ေဈးႏႈန္းကြာျခား ခ်က္မ်ားေၾကာင့္ အမွန္တကယ္ေနလိုသူမ်ားရွိေသာ္လည္း ေဆာက္လုပ္ၿပီးစီးသည့္အိမ္ရာမ်ားတြင္ဝယ္ယူသူမရွိသည့္ အေျခအေနႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနက တန္ဖိုးနည္းအိမ္ရာေရာင္းခ်မႈတြင္ ဝယ္သူခြင့္ရွိသူ၏ သုံးခ်ိဳးတစ္ခ်ဳိးသာ လာေရာက္ေလွ်ာက္ထားခဲ့ေၾကာင္းလည္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်နေ့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးရေးဌာန တွင် ကျင်းပခဲ့ရာ လုပ်ငန်းရှင်များက အစိုးရအနေနှင့် အစိုးရအိမ်ရာများ အရောင်းအဝယ်ပြန်လည်ကောင်းမွန် လာစေရန် အခြေအနေမှန်ကိုထုတ်ဖော်ပြောရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေမှူး ဦးမျိုးမြင့်ကပြောထားရာ တွင် အစိုးရအိမ်ရာများကို မြေအလကား၊အခြေခံကုန်ကျစရိတ်အလကားနှင့်တိုက်ခန်းဆာက်လုပ်စရိတ်လောက် ပဲယူပြီး ဆောက်နေတာတောင် ဝယ်ယူသူမရှိကြောင်း၊ဒါကြောင့် အစိုးရဘက်က ဈေးကွက်အမှန်ကိုထုတ်ဖော် ပြောပေးဖို့လိုကြောင်း၊အိမ်ရဲ့ ဆောက်လုပ်စရိတ်ကုန်ကျမှုကဒီလောက်ရှိပြီး၊ဒီထပ်ဈေးကျစရာမရှိအကြောင်း မရှိခြင်းတို့ကို ရှင်းပြဖို့လိုကြောင်းပြောထားသည်။
ဆောက်လုပ်သူ အစိုးရဝန်ကြီးဌာနနှင့်ဝယ်ယူသူများအကြား လက်ရှိဈေးကွက်အရ ဈေးနှုန်းကွာခြား ချက်များကြောင့် အမှန်တကယ်နေလိုသူများရှိသော်လည်း ဆောက်လုပ်ပြီးစီးသည့်အိမ်ရာများတွင်ဝယ်ယူသူ မရှိသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။
ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာရောင်းချမှုတွင် ဝယ်သူခွင့်ရှိသူ၏ သုံးချိုးတစ်ချိုးသာ လာရောက်လျှောက်ထားခဲ့ကြောင်းလည်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com