ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဇြန္ ၃၀ရက္မွဇူလိုင္ ၁၀ ရက္ေန႔အထိ အဇာဘိုင္ဂ်န္ႏိုင္ငံ ဘာကူၿမိဳ့တြင္ က်င္းပသည့္ ကမၻာ့အေမြအႏွစ္ ညီလာခံက်င္းပေရးေကာ္မတီ အစည္းအေဝး၌ ျမန္မာႏိုင္ငံ ပုဂံယဥ္ေက်းမႈေဒသကို ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္ ေဒသအျဖစ္သတ္မွတ္ေၾကာင္း ယင္းေကာ္မတီအဖြဲ႔ဝင္ (၂၁) ႏိုင္ငံက ဇူလိုင္ ၆ ရက္ေန႔တြင္ မဲေပးဆုံးျဖတ္ခဲ့သည္။
ကမၻာ့အေမြအႏွစ္စာရင္းဝင္ျဖစ္ေစေရး တင္သြင္းေဆာင္ရြက္ၾကျခင္းလုပ္ငန္းကို သာသနာေရးႏွင့္ယဥ္ ေက်းမႈဌာနသည္ မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ႏွင့္မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔တို႔မွတာဝန္ရွိပုဂၢဳိလ္မ်ား ဆက္စပ္ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိသူမ်ား၊ျပည္တြင္ျပည္ပ ပညာရွင္မ်ား၊ေဒသခံပုဂံခ်စ္သူမ်ား၊ႏွလုံးသားထဲမွ ပုဂံဓာတ္ပုံအဖြဲ႔ဝင္မ်ားႏွင့္ပူးေပါင္း၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ကမၻာ့အေမြအႏွစ္စာရင္းတင္သြင္းႏိုင္ေရးအတြက္ သင္တန္းမ်ား၊အလုပ္ရုံေဆြးေႏြးပြဲမ်ား၊စီမံခန္႔ခြဲေရး ဆိုင္ရာ အစည္းအေဝးမ်ား၊စာတြဲျပဳစုေရးသားေရးဆိုင္ရာအစည္းအေဝးမ်ား၊GIS Data ေကာက္ယူေရးလုပ္ငန္း မ်ား၊သုေတသနဆိုင္ရာ အခ်က္အလက္မ်ားေကာက္ယူျခင္း၊ျပတိုက္သုေတသနပိုင္းဆိုင္ရာ အခ်က္အလက္မ်ား ေကာက္ယူျခင္းလုပ္ငန္းမ်ားကို ၂၀၁၄ ခုႏွစ္ကတည္းကေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ေနာက္ ကမၻာ့အေမြအႏွစ္ အဆိုျပဳတင္သြင္းႏွိုင္ေရးမူၾကမ္းကို ၂၀၁၇ ခုႏွစ္စက္တင္ဘာ၊အဆိုျပဳစာ တြဲ အျပည့္အစုံကို ၂၀၁၈ ခုႏွစ္ဇန္နဝါရီတြင္လည္းေကာင္း ထပ္မံတင္ျပခဲ့သည္။
ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ရန္ စံသတ္မွတ္ခ်က္ (၁၀) ခ်က္ရွိၿပီး အနည္းဆုံး စံသတ္မွတ္ခ်က္ႏွစ္ခု ျပႏိုင္ရမည္ျဖစ္သည္။ျမန္မာႏိုင္ငံအေနႏွင့္ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ဒသကို တည္ရွိဆဲျဖစ္ေသာ(သို႔မဟုတ္) ကြယ္ေပ်ာက္သြားခဲ့ေသာ ယဥ္ေက်းမႈဓေလ့(သို႔မဟုတ္)ၿမိဳ့ျပယဥ္ေက်းမႈတစ္ခု၏ အတုမရွိမႈ (သို႔မဟုတ္)ျပယုဂ္ တစ္ခုအေနျဖင့္ က်န္ရွိေနမႈ၊လူ႔သမိုင္းတြင္ သိသာထင္ရွားရေသာ အဆင့္အတန္း(သို႔မဟုတ္) ထို႔ထက္ပိုစြာေဖာ္ ျပေပးေသာ အေဆာက္အအုံပုံစံမ်ား၊ဗိသုကာဆိုင္ရာလက္ရာ နည္းပညာဆိုင္ရာ အစိတ္အပိုင္းမ်ား၊ေရေျမေဒသမ်ား၊လူသားအားလုံးအသိအမွတ္ျပဳလက္ခံႏိုင္ေသာ အေရးပါထင္ရွားမႈမ်ား၊ ရွင္သန္ေနဆဲထုံးဓေလ့မ်ား၊အေတးြ အေခၚမ်ား၊ယုံၾကည္မႈ၊အႏုပညာ၊စာေပလက္ရာမ်ားျဖင့္ ဆက္စပ္ျဖစ္ပ်က္ခဲ့မႈမ်ားစ သည့္ ကမၻာလုံးဆိုင္ရာ စံတန္ဖိုးမ်ားျဖင့္ ကမၻာ့အေမြအႏွစ္ေကာ္မတီသို႔ တင္ျပခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ ပုဂံယဥ္ေက်းမႈေဒသအေနႏွင့္စံ (၃) ေအဒီ ၁၁-၁၃ ရာစုအတြင္း ပုဂံၿမိဳ့ျပယဥ္ေက်းမႈ အထြတ္ အထိပ္ေရာက္ခဲ့ျခင္း၊ဗုဒၶဘာသာေကာင္းမႈဓေလ့မ်ား၊ယဥ္ေက်းမႈျပယုဂ္မ်ားသည္ ထင္ရွားသက္ေသျဖင့္ ကိုက္ညီ ျခင္း၊စံ (၄) လူ႔ေဘာင္သမိုင္းေျပာင္းလဲမႈအဆင့္ဆင့္ကိုေဖာ္ျပသည့္ အေဆာက္အအုံ၊ဗိသုကာႏွင့္နည္းပညာတို႔ ေပါင္းစည္းသည့္ အေဆာက္အအုံ၊ေျမယာရႈခင္းပုံေဖာ္ထားမႈတို႔အျဖစ္ ေအဒီ ၁၁-၁၃ ရာစုရွိ ဗုဒၶဘာသာဆိုင္ရာ ဗိသုကာလက္ရာမ်ားျဖင့္ သက္ေသျပႏိုင္ခဲ့ျခင္း၊စံ (၆) တိက်ေသခ်ာမႈရွိသည့္ အေထာက္အထားမ်ားျပသႏိုင္ၿပီး ထူးျခားထင္ရွားေသာရုိးရာဓေလ့၊အေတြး အေခၚ၊ယုံၾကည္မႈ၊အႏုပညာလက္ရာႏွင့္စာေပဆိုင္ရာလက္ရာမ်ားအျဖစ္ ဗုဒၶဘာသာ၏အေလ့အထ ကုသိုလ္ျပဳ ျခင္း၊လွဴဒါန္းျခင္းတို႔သည္ ယေန႔တိုင္ရွင္သန္ေနမႈ ရွိေနမႈတို႔ျဖင့္ သက္ေသျပႏိုင္ခဲ့ျခင္းတို႔ေၾကာင့္ျဖစ္သည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
### Unicode Version ###
ဇွန် ၃၀ရက်မှဇူလိုင် ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပသည့် ကမ္ဘာ့အမွေအနှစ် ညီလာခံကျင်းပရေးကော်မတီ အစည်းအဝေး၌ မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် ဒေသအဖြစ်သတ်မှတ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင် (၂၁)နိုင်ငံက ဇူလိုင် ၆ ရက်နေ့တွင် မဲပေးဆုံးဖြတ် ခဲ့သည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး တင်သွင်းဆောင်ရွက်ကြခြင်းလုပ်ငန်းကို သာသနာရေးနှင့်ယဉ် ကျေးမှုဌာနသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှတာဝန်ရှိပုဂ္ဂိုလ်များ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ပြည်တွင်ပြည်ပ ပညာရှင်များ၊ဒေသခံပုဂံချစ်သူများ၊နှလုံးသားထဲမှ ပုဂံဓာတ်ပုံအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် သင်တန်းများ၊အလုပ်ရုံဆွေးနွေးပွဲများ၊စီမံခန့်ခွဲရေး ဆိုင်ရာ အစည်းအဝေးများ၊စာတွဲပြုစုရေးသားရေးဆိုင်ရာအစည်းအဝေးများ၊GIS Data ကောက်ယူရေးလုပ်ငန်း များ၊သုတေသနဆိုင်ရာ အချက်အလက်များကောက်ယူခြင်း၊ပြတိုက်သုတေသနပိုင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်ကတည်းကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် ကမ္ဘာ့အမွေအနှစ် အဆိုပြုတင်သွင်းနှိုင်ရေးမူကြမ်းကို ၂၀၁၇ ခုနှစ်စက်တင်ဘာ၊အဆိုပြုစာ တွဲ အပြည့်အစုံကို ၂၀၁၈ ခုနှစ်ဇန်နဝါရီတွင်လည်းကောင်း ထပ်မံတင်ပြခဲ့သည်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရန် စံသတ်မှတ်ချက်(၁၀)ချက်ရှိပြီး အနည်းဆုံး စံသတ်မှတ်ချက်နှစ်ခု ပြနိုင်ရမည်ဖြစ်သည်။မြန်မာနိုင်ငံအနေနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒသကို တည်ရှိဆဲဖြစ်သော(သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့(သို့မဟုတ်)မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်)ပြယုဂ် တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း(သို့မဟုတ်) ထို့ထက်ပိုစွာဖော် ပြပေးသော အဆောက်အအုံပုံစံများ၊ဗိသုကာဆိုင်ရာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ရေမြေဒေသများ၊လူသားအားလုံးအသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့များ၊အတေးွ အခေါ်များ၊ယုံကြည်မှု၊အနုပညာ၊စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများစ သည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှုဒေသအနေနှင့်စံ (၃) အေဒီ ၁၁-၁၃ ရာစုအတွင်း ပုဂံမြို့ပြယဉ်ကျေးမှု အထွတ် အထိပ်ရောက်ခဲ့ခြင်း၊ဗုဒ္ဓဘာသာကောင်းမှုဓလေ့များ၊ယဉ်ကျေးမှုပြယုဂ်များသည် ထင်ရှားသက်သေဖြင့် ကိုက်ညီ ခြင်း၊စံ (၄) လူ့ဘောင်သမိုင်းပြောင်းလဲမှုအဆင့်ဆင့်ကိုဖော်ပြသည့် အဆောက်အအုံ၊ဗိသုကာနှင့်နည်းပညာတို့ ပေါင်းစည်းသည့် အဆောက်အအုံ၊မြေယာရှုခင်းပုံဖော်ထားမှုတို့အဖြစ် အေဒီ ၁၁-၁၃ ရာစုရှိ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာလက်ရာများဖြင့် သက်သေပြနိုင်ခဲ့ခြင်း၊စံ (၆) တိကျသေချာမှုရှိသည့် အထောက်အထားများပြသနိုင်ပြီး ထူးခြားထင်ရှားသောရိုးရာဓလေ့၊အတွေး အခေါ်၊ယုံကြည်မှု၊အနုပညာလက်ရာနှင့်စာပေဆိုင်ရာလက်ရာများအဖြစ် ဗုဒ္ဓဘာသာ၏အလေ့အထ ကုသိုလ်ပြု ခြင်း၊လှူဒါန်းခြင်းတို့သည် ယနေ့တိုင်ရှင်သန်နေမှု ရှိနေမှုတို့ဖြင့် သက်သေပြနိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com