ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
တရုတ္ျပည္၏ နည္းပညာျမိဳ ႔ေတာ္ ရွင္းက်န္႔တြင္ ေျမေစ်းမ်ား စံခ်ိန္တင္ေခါင္ခိုက္လာမႈေၾကာင့္ ေနအိမ္ေဟာင္းေစ်းမ်ားပင္လွ်င္ အလြန္ျမင့္တက္လာေတာ့မည္ျဖစ္ေၾကာင္း ျပည္မၾကီးရွိ အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ေျပာၾကားလိုက္သည္။
ရွင္းက်န္႔၏ လူေနျပီး ေနအိမ္ေဟာင္းေစ်းကြက္တြင္ အနည္းဆံုး ၅ ရာခိုင္ႏႈန္း ျမင့္တက္လာမည္ျဖစ္ျပီး အစိုးရက ေျမေရာင္းခ်ေပးမႈမွာ အလြန္နည္းပါးလာကာ ျပီးခဲ့ေသာလအတြင္း တင္ဒါျဖင့္ ေရာင္းခ်ေပးခဲ့မႈ အနည္းငယ္တြင္လည္း ေျမေစ်းမ်ား စံခ်ိန္တင္ခဲ့သည္။
တရုတ္ျပည္၏ ဆီလီကြန္ေတာင္ၾကားဟုပင္ တင္စားၾကေသာ နည္းပညာအခ်က္အျခာ ရွင္းက်န္႔တြင္ အိမ္ျခံေျမ developer တို႔ကလည္း ရင္းႏွီးျမွဳပ္ႏွံမႈ မ်ားစြာျပဳလုပ္လာေနသည္။
ေဟာင္ေကာင္၊ မကၠာအို၊ ရွင္းက်န္႔ႏွင့္ ကြမ္တံုျပည္နယ္ရွိ ျမိဳ ႔ၾကီး ၈ ခုကို ခ်ိတ္ဆက္ကာ စီးပြားေရးအသိုက္အဝန္းတစ္ခုသဖြယ္ ေပါင္းစည္းေဖာ္ေဆာင္ရန္အတြက္ တရုတ္အစိုးရက ယခုႏွစ္အေစာပိုင္းတြင္ Greater Bay Area ဟူေသာ စီမံကိန္းတစ္ရပ္ကို စတင္ခဲ့သည္။
ဖူရွန္း၏ စီးပြားေရးအခ်က္အျခာက်ရာ ေဒသမွာ မိနစ္ ၄၀ ခန္႔သာ ေဝးကြာျပီး လူေနထူထပ္လွေသာ ေလာင္းဟြာခရိုင္တြင္ ျပီးခဲ့ေသာ ဇြန္လ ၂၄ ရက္က ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၆၇၀၀၀ (ကန္ေဒၚလာ ၉၇၈၄ ) အထိ ေစ်းေပါက္ခဲ့ရာ အဆိုပါေဒသတြင္ စံခ်ိန္တင္ေစ်းႏႈန္း ျဖစ္ခဲ့သည္။
“အဲဒီေလလံပြဲရလဒ္ေတြ ေၾကညာခ်က္ထုတ္ျပီး ရက္နည္းနည္းေလာက္ပဲၾကာမယ္..အိမ္ပိုင္ရွင္ေတြက သူတို႔ေစ်းကြက္တင္ထားတဲ့ ေခၚေစ်းေတြ တင္ခ်င္တယ္လို႔ ကၽြန္ေတာ္တို႔ကို ေျပာလာၾကတယ္” ဟု ေလာင္းဟြာခရိုင္ရွိ Youjia Properties မွ အသက္ ၂၂ ႏွစ္အရြယ္ရွိ အိမ္ျခံေျမအက်ဳိးေဆာင္ ခ်ဴခ်န္းက ေျပာၾကားသည္။
မၾကာေသးမီက ေလလံတင္ေရာင္းခ်ခဲ့ေသာ ေျမကြက္ေနရာမွ တစ္ဘေလာက္ခန္႔သာ ေဝးကြာသည့္ေနရာတြင္ ၄ ႏွစ္သက္တမ္းရွိ လူေနအေဆာက္အအံုေဟာင္းတစ္လံုးမွ အိမ္ခန္း ၂ ခန္းပါ လူေနခန္းတစ္ခန္းကို ခ်ဴခ်န္း၏ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းမွတစ္ဆင့္ လြန္ခဲ့ေသာ တစ္လခန္႔က ယြမ္ေငြ ၄ ဒသမ ၆၈ သန္းျဖင့္ ေစ်းကြက္တင္ထားခဲ့ဖူးသည္။
ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းကမူ ယြမ္ေငြ ၄ ဒသမ ၆ သန္းျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းလာမႈကို အဆိုပါေနအိမ္ခန္းပိုင္ရွင္က ျငင္းပယ္ခဲ့ျပီး ပိုမိုေစ်းရလိုေၾကာင္း ေျပာၾကားခဲ့သည္ဟု ဆိုသည္။
အိမ္ပိုင္ရွင္တို႔သည္ ေနအိမ္ေရာင္းခ်ရန္ အလ်င္မလိုၾကဘဲ ေစ်းေကာင္းရခ်ိန္ထိ ေစာင့္ဆိုင္းေနၾကသည္ကို ေတြ႔ရေသာေၾကာင့္ ၎အေနျဖင့္ ေစ်းႏႈန္း အနည္းဆံုး ၅ ရာခိုင္ႏႈန္း တိုးျမွင့္ရရွိလိုေၾကာင္း အိမ္ခန္းပိုင္ရွင္က ေျပာၾကားခဲ့သည္။
ေလာင္းဟြာအရပ္ရွိ ေျမကြက္ကို Logan Property Holdings မွ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခင္စံခ်ိန္တင္ ေစ်းႏႈန္းကို ျဖတ္ေက်ာ္ခဲ့သည္။
ယခင္စံခ်ိန္တင္ထားသည္မွာ ၂၀၁၆ ခုႏွစ္အတြင္း China Jinmao Holdings Group က စတုရန္း ၁ မီတာလွ်င္ ယြမ္ေငြ ၅၆၈၀၀ ေပးကာ ဝယ္ယူခဲ့သည့္ ေျမကြက္ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တရုတ်ပြည်၏ နည်းပညာမြို့တော် ရှင်းကျန့်တွင် မြေဈေးများ စံချိန်တင်ခေါင်ခိုက်လာမှုကြောင့် နေအိမ်ဟောင်းဈေးများပင်လျှင် အလွန်မြင့်တက်လာတော့မည်ဖြစ်ကြောင်း ပြည်မကြီးရှိ အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားလိုက်သည်။
ရှင်းကျန့်၏ လူနေပြီး နေအိမ်ဟောင်းဈေးကွက်တွင် အနည်းဆုံး ၅ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး အစိုးရက မြေရောင်းချပေးမှုမှာ အလွန်နည်းပါးလာကာ ပြီးခဲ့သောလအတွင်း တင်ဒါဖြင့် ရောင်းချပေးခဲ့မှု အနည်းငယ်တွင်လည်း မြေဈေးများ စံချိန်တင်ခဲ့သည်။
တရုတ်ပြည်၏ ဆီလီကွန်တောင်ကြားဟုပင် တင်စားကြသော နည်းပညာအချက်အခြာ ရှင်းကျန့်တွင် အိမ်ခြံမြေ developer တို့ကလည်း ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်လာနေသည်။
ဟောင်ကောင်၊ မက္ကာအို၊ ရှင်းကျန့်နှင့် ကွမ်တုံပြည်နယ်ရှိ မြို့ကြီး ၈ ခုကို ချိတ်ဆက်ကာ စီးပွားရေးအသိုက်အဝန်းတစ်ခုသဖွယ် ပေါင်းစည်းဖော်ဆောင်ရန်အတွက် တရုတ်အစိုးရက ယခုနှစ်အစောပိုင်းတွင် Greater Bay Area ဟူသော စီမံကိန်းတစ်ရပ်ကို စတင်ခဲ့သည်။
ဖူရှန်း၏ စီးပွားရေးအချက်အခြာကျရာ ဒေသမှာ မိနစ် ၄၀ ခန့်သာ ဝေးကွာပြီး လူနေထူထပ်လှသော လောင်းဟွာခရိုင်တွင် ပြီးခဲ့သော ဇွန်လ ၂၄ ရက်က ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၆၇၀၀၀ (ကန်ဒေါ်လာ ၉၇၈၄ ) အထိ ဈေးပေါက်ခဲ့ရာ အဆိုပါဒေသတွင် စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့သည်။
“အဲဒီလေလံပွဲရလဒ်တွေ ကြေညာချက်ထုတ်ပြီး ရက်နည်းနည်းလောက်ပဲကြာမယ်..အိမ်ပိုင်ရှင်တွေက သူတို့ဈေးကွက်တင်ထားတဲ့ ခေါ်ဈေးတွေ တင်ချင်တယ်လို့ ကျွန်တော်တို့ကို ပြောလာကြတယ်” ဟု လောင်းဟွာခရိုင်ရှိ Youjia Properties မှ အသက် ၂၂ နှစ်အရွယ်ရှိ အိမ်ခြံမြေအကျိုးဆောင် ချူချန်းက ပြောကြားသည်။
မကြာသေးမီက လေလံတင်ရောင်းချခဲ့သော မြေကွက်နေရာမှ တစ်ဘလောက်ခန့်သာ ဝေးကွာသည့်နေရာတွင် ၄ နှစ်သက်တမ်းရှိ လူနေအဆောက်အအုံဟောင်းတစ်လုံးမှ အိမ်ခန်း ၂ ခန်းပါ လူနေခန်းတစ်ခန်းကို ချူချန်း၏ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတစ်ဆင့် လွန်ခဲ့သော တစ်လခန့်က ယွမ်ငွေ ၄ ဒသမ ၆၈ သန်းဖြင့် ဈေးကွက်တင်ထားခဲ့ဖူးသည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကမူ ယွမ်ငွေ ၄ ဒသမ ၆ သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာမှုကို အဆိုပါနေအိမ်ခန်းပိုင်ရှင်က ငြင်းပယ်ခဲ့ပြီး ပိုမိုဈေးရလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အိမ်ပိုင်ရှင်တို့သည် နေအိမ်ရောင်းချရန် အလျင်မလိုကြဘဲ ဈေးကောင်းရချိန်ထိ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသောကြောင့် ၎င်းအနေဖြင့် ဈေးနှုန်း အနည်းဆုံး ၅ ရာခိုင်နှုန်း တိုးမြှင့်ရရှိလိုကြောင်း အိမ်ခန်းပိုင်ရှင်က ပြောကြားခဲ့သည်။
လောင်းဟွာအရပ်ရှိ မြေကွက်ကို Logan Property Holdings မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခင်စံချိန်တင် ဈေးနှုန်းကို ဖြတ်ကျော်ခဲ့သည်။
ယခင်စံချိန်တင်ထားသည်မှာ ၂၀၁၆ ခုနှစ်အတွင်း China Jinmao Holdings Group က စတုရန်း ၁ မီတာလျှင် ယွမ်ငွေ ၅၆၈၀၀ ပေးကာ ဝယ်ယူခဲ့သည့် မြေကွက်ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)