ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဇူလိုင္ ၄ရက္က ေနျပည္ေတာ္လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနတြင္ျပဳလုပ္သည့္ သတင္းထုတ္ျပန္သည့္ အခမ္းအနားတြင္ မီတာခတိုးျမွင့္ရျခင္းအေၾကာင္းႏွင့္ပတ္သက္ၿပီးရွင္းျပထားသည္။
အဆိုပါအခမ္းအနားတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦးက “လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၀ ေက်ာ္ကတည္းက ေဆာက္ခဲ့သည့္ ဓာတ္အားလိုင္းႀကိဳးအေဟာင္းမ်ား၊လွ်ပ္စစ္ပစၥည္းမ်ား၊Analog မီတာမ်ား၊ဆားဗစ္ႀကိဳးေဟာင္းမ်ားကို အသစ္အစားထိုးလဲလွယ္ၿပီး ဓာတ္အားျဖန္႔ျဖဴးမႈ စနစ္ကို ျပဳျပင္ေဆာင္ရြက္ေပးႏိုင္ေရး၊ဘ႑ာေငြေၾကးမလုံေလာက္မႈေၾကာင့္ အေထြေထြအားနည္းခ်က္မ်ား ၏ဒဏ္ကိုမိမိ အပါအဝင္ျပည္သူအားလုံး ခံစားခဲ့ရျခင္းျဖစ္၍ ေနာင္မ်ဳိးဆက္သစ္မ်ား ဆက္ၿပီးမခံစားရေစေရး အတြက္ ယခုလို မီတာခႏႈန္းထားကို တိုးျမွင့္ရျခင္းျဖစ္ေၾကာင္း”ေျပာထားသည္။
ဆက္လက္ၿပီး ေျပာၾကားရာတြင္ မဟာဓာတ္အားလိုင္းမေရာက္ေသးသည့္ ေဒသမ်ား၊ဓာတ္အားလိုင္း ေရာက္ရွိၿပီးေသာေဒသမ်ားအျပင္ အသစ္တိုးခ်ဲ႕ထူေထာင္လာေသာ ၿမိဳ့သစ္၊ရြာသစ္၊ရပ္ကြက္အသစ္မ်ာသို႔ လည္း ဗို႔အားျမင့္ဓာတ္အားလိုင္းတို႔ တိုးခ်ဲ႕တည္ေဆာက္၍ ဆက္သြယ္ျဖန္႔ ျဖဴးေပးႏိုင္ရန္ႏွင့္ ၂၀၃၀ ျပည့္ႏွစ္ တြင္ ႏိုင္ငံရွိျပည္သူအားလုံး လွ်ပ္စစ္ဓာတ္အားရရွိသုံးစြဲႏိုင္ေရးတြင္ မူလလွ်ပ္စစ္ဓာတ္အားရရွိသုံးစြဲေနသူမ်ား အား စိုက္ထုတ္ေထာက္ပံ႔ေပးေနသည့္ ဝန္ထုပ္ဝန္ပိုးေၾကာင့္ ဘ႑ာေငြေၾကး အခက္အခဲ မျဖစ္ေပၚေစရန္ အ တြက္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္းေျပာထားသည္။
ဓာတ္အားခေငြေတာင္းခံလႊာျဖန္႔ေဝေရးႏွင့္ဓာတ္အားခမ်ားေကာက္ခံေပးသြင္းႏိုင္ေရးတို႔ကို ဝန္ေဆာင္ မႈေကာင္းမြန္စြာေဆာင္ရြက္ေပးႏိုင္ရန္လည္းဆက္လက္ႀကိဳးပမ္းမည္ဟုသိရသည္။လွ်ပ္စစ္ဓာတ္အားခ တိုးျမွင့္ ေကာက္ခံမႈကို ယခုႏွစ္ ဇူလိုင္ ၁ ရက္တြင္စတင္မည္ျဖစ္သည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ဇူလိုင် ၄ရက်က နေပြည်တော်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတွင်ပြုလုပ်သည့် သတင်းထုတ်ပြန်သည့် အခမ်းအနားတွင် မီတာခတိုးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်ပြီးရှင်းပြထားသည်။
အဆိုပါအခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက “လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက ဆောက်ခဲ့သည့် ဓာတ်အားလိုင်းကြိုးအဟောင်းများ၊လျှပ်စစ်ပစ္စည်းများ၊Analog မီတာများ၊ဆားဗစ်ကြိုးဟောင်းများကို အသစ်အစားထိုးလဲလှယ်ပြီး ဓာတ်အားဖြန့်ဖြူးမှု စနစ်ကို ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ဘဏ္ဍာငွေကြေးမလုံလောက်မှုကြောင့် အထွေထွေအားနည်းချက်များ ၏ဒဏ်ကိုမိမိ အပါအဝင်ပြည်သူအားလုံး ခံစားခဲ့ရခြင်းဖြစ်၍ နောင်မျိုးဆက်သစ်များ ဆက်ပြီးမခံစားရစေရေး အတွက် ယခုလို မီတာခနှုန်းထားကို တိုးမြှင့်ရခြင်းဖြစ်ကြောင်း”ပြောထားသည်။
ဆက်လက်ပြီး ပြောကြားရာတွင် မဟာဓာတ်အားလိုင်းမရောက်သေးသည့် ဒေသများ၊ဓာတ်အားလိုင်း ရောက်ရှိပြီးသောဒေသများအပြင် အသစ်တိုးချဲ့ထူထောင်လာသော မြို့သစ်၊ရွာသစ်၊ရပ်ကွက်အသစ်မျာသို့ လည်း ဗို့အားမြင့်ဓာတ်အားလိုင်းတို့ တိုးချဲ့တည်ဆောက်၍ ဆက်သွယ်ဖြန့် ဖြူးပေးနိုင်ရန်နှင့် ၂၀၃၀ ပြည့်နှစ် တွင် နိုင်ငံရှိပြည်သူအားလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးတွင် မူလလျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေသူများ အား စိုက်ထုတ်ထောက်ပံ့ပေးနေသည့် ဝန်ထုပ်ဝန်ပိုးကြောင့် ဘဏ္ဍာငွေကြေး အခက်အခဲ မဖြစ်ပေါ်စေရန် အ တွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောထားသည်။
ဓာတ်အားခငွေတောင်းခံလွှာဖြန့်ဝေရေးနှင့်ဓာတ်အားခများကောက်ခံပေးသွင်းနိုင်ရေးတို့ကို ဝန်ဆောင် မှုကောင်းမွန်စွာဆောင်ရွက်ပေးနိုင်ရန်လည်းဆက်လက်ကြိုးပမ်းမည်ဟုသိရသည်။လျှပ်စစ်ဓာတ်အားခ တိုးမြှင့် ကောက်ခံမှုကို ယခုနှစ် ဇူလိုင် ၁ ရက်တွင်စတင်မည်ဖြစ်သည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com