ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖဲြ႔၏ သတင္းထုတ္ျပန္ထားမႈတြင္ ရန္ကုန္တုိင္းေဒသႀကီး၏ ေရႀကီးေရလွ်ံမႈကာကြယ္တားဆီးေရး လုပ္ငန္းမ်ားအတြက္ ႏွစ္စဥ္ က်ပ္ေငြ ၂ဝ ဘီလီယံအထက္ သုံးစြဲေဆာင္ရြက္ေနေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ တြင္နွစ္စဥ္ မိုးရာသီေရာက္လွ်င္ေရႀကီးေရလွ်ံမႈၾကံဳေတြ႔ခံစားခဲ့ရသည္။ယခုအခါ ႀကိဳတင္ကာကြယ္ေရးမ်ား ျပဳလုပ္ထားသျဖင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားမႈသိသာစြာ ေလ်ာ့က်လာေၾကာင္းေတြ႔ရသည္။
ရန္ကုန္ၿမိဳ႕ ၏ Down Town ၿမိဳ႕နယ္မ်ားတြင္ ပထမဦးစားေပးအေနႏွင့္ ေရႀကီးေရလွ်ံမႈမ်ားမျဖစ္ေပၚ ေစေရးအတြက္ ေရေျမာင္း၊ ေရႏုတ္ေျမာင္းမ်ားကုိ လက္ရွိထက္ ပိုမုိခ်ဲ႕ထြင္ေပးေရး လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိၿပီး ျမစ္၊ ေခ်ာင္းမ်ားသုိ႔ ေရထုတ္သည့္ ေရႏုတ္ေျမာင္းမ်ားတြင္ ေရတံခါးမ်ားတပ္ဆင္ၿပီး ပန္႔မ်ားႏွင့္ ေရစုပ္ထုတ္ႏုိင္မည့္ အစီအစဥ္ကို စတင္အေကာင္အထည္ေဖာ္ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔အေနႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီနယ္ နိမိတ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီးတြင္ ႏွစ္စဥ္မုိးရာသီ မတုိင္မီ ေရစီးေရလာေကာင္းမြန္ေစေရးအတြက္ ေခ်ာင္း ႀကီး၊ ေျမာင္းႀကီးမ်ားအား စက္ယႏၲရားမ်ား အသံုးျပဳ၍ တူးေဖာ္ရွင္းလင္းျခင္း၊ လုပ္သားအင္အားအသုံးျပဳ၍ ေျမေအာက္ေျမာင္းမ်ား၊ ေရေျမာင္းမ်ား ရွင္းလင္းျခင္းမ်ားကို ေဆာင္ရြက္ေနၿပီး၊လုိအပ္မည့္ ေခတ္မီစက္ယႏၲရား မ်ား၊ ယာဥ္မ်ားကုိ အသုံးျပဳေဆာင္ရြက္ႏုိင္ေရးအတြက္ ဘ႑ာေငြခြဲေဝ ရရွိမႈေပၚမူတည္၍ ျဖည့္တင္းဝယ္ယူ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ထားမှုတွင် ရန်ကုန်တိုင်းဒေသကြီး၏ ရေကြီးရေလျှံမှုကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် နှစ်စဉ် ကျပ်ငွေ ၂ဝ ဘီလီယံအထက် သုံးစွဲဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်နှစ်စဉ် မိုးရာသီရောက်လျှင်ရေကြီးရေလျှံမှုကြုံတွေ့ခံစားခဲ့ရသည်။ယခုအခါ ကြိုတင်ကာကွယ်ရေးများ ပြုလုပ်ထားသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားမှုသိသာစွာ လျော့ကျလာကြောင်းတွေ့ရသည်။
ရန်ကုန်မြို့၏ Down Town မြို့နယ်များတွင် ပထမဦးစားပေးအနေနှင့် ရေကြီးရေလျှံမှုများမဖြစ်ပေါ် စေရေးအတွက် ရေမြောင်း၊ ရေနုတ်မြောင်းများကို လက်ရှိထက် ပိုမိုချဲ့ထွင်ပေးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မြစ်၊ ချောင်းများသို့ ရေထုတ်သည့် ရေနုတ်မြောင်းများတွင် ရေတံခါးများတပ်ဆင်ပြီး ပန့်များနှင့် ရေစုပ်ထုတ်နိုင်မည့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ် နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နှစ်စဉ်မိုးရာသီ မတိုင်မီ ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်း ကြီး၊ မြောင်းကြီးများအား စက်ယန္တရားများ အသုံးပြု၍ တူးဖော်ရှင်းလင်းခြင်း၊ လုပ်သားအင်အားအသုံးပြု၍ မြေအောက်မြောင်းများ၊ ရေမြောင်းများ ရှင်းလင်းခြင်းများကို ဆောင်ရွက်နေပြီး၊လိုအပ်မည့် ခေတ်မီစက်ယန္တရား များ၊ ယာဉ်များကို အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာငွေခွဲဝေ ရရှိမှုပေါ်မူတည်၍ ဖြည့်တင်းဝယ်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com