ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
Myanmar Thilawa SEZ Holdings Public Ltd.(MTSH) ၏ ေျပာထားမႈအရ ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားတြင္ ေမာ္ေတာ္ကားကုမၸဏီ ငါးခု၊ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္ငန္း ရွစ္ခု၊ ေဆးဝါးလုပ္ငန္း ေျခာက္ခုႏွင့္ ေဆာက္လုပ္ေရး ကုန္ၾကမ္းဆိုင္ရာကုမၸဏီ ၁၆ ခုအထိရွိေနျပီး အမ်ားစုမွာဂ်ပန္ကုမၸဏီမ်ားျဖစ္ ေၾကာင္းသိရသည္။
ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒ စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာထားရာတြင္ သီလဝါအထူးစီးပြားေရးဇုန္မွာ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံက ကုမၸဏီေပါင္း ၁၀၈ ခုအထိ ရင္းႏွီးျမႇဳပ္ႏွံထားလ်က္ရွိေၾကာင္း သိရသည္။
ရင္းႏွီးျမႇဳပ္ႏွံထားသည့္ကုမၸဏီမ်ားကို လုပ္ငန္းအလိုက္ၾကည့္ပါက ေဆာက္လုပ္ေရးကုန္ၾကမ္းဆိုင္ရာ ကုမၸဏီ ၁၆ ခု၊ ထုပ္ပိုးမႈႏွင့္ ကြန္တိန္နာဆိုင္ရာကုမၸဏီ ၁၀ ခု၊ အထည္ ခ်ဳပ္လုပ္ငန္းကုမၸဏီ ရွစ္ခု၊ ေထာက္ပံ့ပို႔ ေဆာင္ေရးကုမၸဏီ ရွစ္ခု၊ အစားအေသာက္ ႏွင့္ ေဖ်ာ္ရည္လုပ္ငန္းကုမၸဏီ ရွစ္ခု၊ လယ္ယာလုပ္ငန္းဆိုင္ရာကုမၸ ဏီ ရွစ္ခု၊ ေမာ္ေတာ္ကားဆိုင္ရာကုမၸဏီ ငါးခု၊ လွ်ပ္စစ္ဓာတ္အား ဆိုင္ရာကုမၸဏီ ငါးခု၊ ေဆးဝါးဆိုင္ရာကုမၸဏီ ေျခာက္ခု၊ ဖိနပ္ႏွင့္ အပိုပစၥည္းစက္႐ုံ လုပ္ငန္းကုမၸဏီ သုံးခု၊ သေဘၤာေဆးလုပ္ငန္း ကုမၸဏီ ေလးခု၊ စက္႐ုံ ဂက္(စ္)လုပ္ငန္း ကုမၸဏီ ႏွစ္ခု၊ ဝန္ေဆာင္မႈလုပ္ငန္းကုမၸဏီ ေလးခုႏွင့္ ေျမယာဖြံ႕ၿဖိဳးတိုးတက္မႈကုမၸဏီ တစ္ခု တို႔ပါဝင္ၿပီး အျခားလုပ္ငန္းမ်ားမွာ ကုန္သြယ္ေရးလုပ္ငန္း၊အေအးခန္းသိုေလွာင္႐ုံလုပ္ငန္း၊ စက္႐ုံသုံး ဂတ္စ္လုပ္ငန္း၊ အလုပ္႐ုံသုံး စက္ကိရိယာသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း၊ ဖုန္းတာဝါတိုင္လုပ္ငန္း၊ အိမ္သုံးပစၥည္း ထုတ္ကုန္မ်ားႏွင့္ ပလတ္စတစ္ပုံသြင္းလုပ္ငန္း၊ စက္႐ုံစြန႔္ပစ္ပစၥည္း ရွင္းလင္းေရးလုပ္ငန္း၊ အသက္ေမြးဝမ္း ေက်ာင္းလုပ္ငန္း၊ ငွားရမ္းလုပ္ငန္း ကုမၸဏီတို႔ တစ္ခုစီရွိေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
Myanmar Thilawa SEZ Holdings Public Ltd.(MTSH) ၏ ပြောထားမှုအရ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာကုမ္ပဏီ ၁၆ ခုအထိရှိနေပြီး အများစုမှာဂျပန်ကုမ္ပဏီများဖြစ် ကြောင်းသိရသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောထားရာတွင် သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီးမြှုပ်နှံထားလျက်ရှိကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီများကို လုပ်ငန်းအလိုက်ကြည့်ပါက ဆောက်လုပ်ရေးကုန်ကြမ်းဆိုင်ရာ ကုမ္ပဏီ ၁၆ ခု၊ ထုပ်ပိုးမှုနှင့် ကွန်တိန်နာဆိုင်ရာကုမ္ပဏီ ၁၀ ခု၊ အထည် ချုပ်လုပ်ငန်းကုမ္ပဏီ ရှစ်ခု၊ ထောက်ပံ့ပို့ ဆောင်ရေးကုမ္ပဏီ ရှစ်ခု၊ အစားအသောက် နှင့် ဖျော်ရည်လုပ်ငန်းကုမ္ပဏီ ရှစ်ခု၊ လယ်ယာလုပ်ငန်းဆိုင်ရာကုမ္ပ ဏီ ရှစ်ခု၊ မော်တော်ကားဆိုင်ရာကုမ္ပဏီ ငါးခု၊ လျှပ်စစ်ဓာတ်အား ဆိုင်ရာကုမ္ပဏီ ငါးခု၊ ဆေးဝါးဆိုင်ရာကုမ္ပဏီ ခြောက်ခု၊ ဖိနပ်နှင့် အပိုပစ္စည်းစက်ရုံ လုပ်ငန်းကုမ္ပဏီ သုံးခု၊ သင်္ဘောဆေးလုပ်ငန်း ကုမ္ပဏီ လေးခု၊ စက်ရုံ ဂက်(စ်)လုပ်ငန်း ကုမ္ပဏီ နှစ်ခု၊ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ လေးခုနှင့် မြေယာဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ တစ်ခု တို့ပါဝင်ပြီး အခြားလုပ်ငန်းများမှာ ကုန်သွယ်ရေးလုပ်ငန်း၊အအေးခန်းသိုလှောင်ရုံလုပ်ငန်း၊ စက်ရုံသုံး ဂတ်စ်လုပ်ငန်း၊ အလုပ်ရုံသုံး စက်ကိရိယာသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဖုန်းတာဝါတိုင်လုပ်ငန်း၊ အိမ်သုံးပစ္စည်း ထုတ်ကုန်များနှင့် ပလတ်စတစ်ပုံသွင်းလုပ်ငန်း၊ စက်ရုံစွန့်ပစ်ပစ္စည်း ရှင်းလင်းရေးလုပ်ငန်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၊ ငှားရမ်းလုပ်ငန်း ကုမ္ပဏီတို့ တစ်ခုစီရှိကြောင်းသိရသည်။
နိုင်ငံအလိုက်မြှုပ်နှံထားမှုတွင် ဂျပန် နိုင်ငံမှကုမ္ပဏီ ၅ဝ ဝင်ရောက်လုပ် ကိုင်လျက်ရှိကြောင်း သိရပါသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com