အေမရိက၏ ေစ်းအၾကီးဆံုးေနအိမ္ ေရာင္းမထြက္ေသာေၾကာင့္ ယခုအခါ မူလေခၚေစ်းမွ ေဒၚလာသန္း ၅၀ ခန္႔ ေစ်းေလွ်ာ့ေပးလာ

အေမရိက၏ ေစ်းအၾကီးဆံုးေနအိမ္ ေရာင္းမထြက္ေသာေၾကာင့္ ယခုအခါ မူလေခၚေစ်းမွ ေဒၚလာသန္း ၅၀ ခန္႔ ေစ်းေလွ်ာ့ေပးလာ - Property News in Myanmar from iMyanmarHouse.com
4 Jul 2019 11:02 am တွင် တင်ခဲ့သည်
1464 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိက၏ ေစ်းအၾကီးဆံုးေနအိမ္အျဖစ္ စံခ်ိန္တင္ထားေသာ ေနအိမ္ၾကီးမွာ ေရာင္းမထြက္ေသာေၾကာင့္ ယခုအခါ မူလေခၚေစ်းမွ ေဒၚလာသန္း ၅၀ ခန္႔ ေစ်းေလွ်ာ့ေပးလာေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ တည္ရွိျပီး Chartwell ဟု အမည္ရသည့္ စံအိမ္ၾကီးသည္ မူလေခၚေစ်းမွ တနလၤာေန႔တြင္ ကန္ေဒၚလာ သန္း ၅၀ ခန္႔ ေလွ်ာ့ခ်ေပးလိုက္သည္။

ျပီးခဲ့ေသာ ေအာက္တိုဘာလက အေရာင္းေစ်းကြက္သို႔ ကန္ေဒၚလာ ၂၄၅ သန္းမွ ယခုအခါ ၁၉၅ သန္းသို႔ ေလွ်ာ့ခ်ေပးလိုက္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းမ်ားအရ သိရသည္။

၁၉၃၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ၁၉၆၀ ျပည့္လြန္ကာလမ်ားက ထုတ္လႊင့္ခဲ့သည့္ ရုပ္သံဇာတ္လမ္းတြဲ ျဖစ္ေသာ “The Beverly Hillbillies” တြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးသည္။

မၾကာေသးမီကာလမ်ားအထိ ပိုင္ဆိုင္ခဲ့သည္မွာ Univision မွ ကြယ္လြန္သြားျပီျဖစ္ေသာ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ ဘီလ်ံနာၾကီး ဂ်ာရီ ပီရန္ခ်ီယို ျဖစ္သည္။

ပီရန္ခ်ီယိုသည္ ၂၀၁၇ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၆ ႏွစ္ရွိျပီ ျဖစ္သည္။

ယခုစံအိမ္ၾကီးကို ၁၉၈၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ႏွစ္ေပါင္း ၃၀ ေက်ာ္ေနထိုင္ခဲ့ေၾကာင္း အိမ္ျခံေျမ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ထိုသို႔ေနထိုင္ခဲ့သည့္ ႏွစ္ေပါင္း ၃၀ ကာလအတြင္း အိမ္နီးခ်င္းေျမကြက္ ၄ ခုခန္႔ ဝယ္ယူကာ ေပါင္းစည္းလိုက္ျခင္းေၾကာင့္ မူလျခံဝန္းအက်ယ္ထက္ ၂ ဆခန္႔ ပိုမိုက်ယ္ဝန္းလာခဲ့ျပီး ၁၀ ဒသမ ၄ ဧကခန္႔ က်ယ္ဝန္းလာခဲ့သည္။

Chartwell တြင္ အိပ္ခန္း ၅ ခန္းပါ ဧည့္ေဂဟာအိမ္တစ္လံုး၊ အလ်ား ၇၅ ေပရွိ ေရကူးကန္ႏွင့္ pool house၊ တင္းနစ္ကြင္း၊ ကားအစင္းေရ ၄၀ ဆန္႔ ကားျပခန္း၊ ဝိုင္ပုလင္းေပါင္း ၁၂၀၀၀ ဆန္႔ ဝိုင္သိုေလွာင္ခန္း၊ လွပစြာ ထိန္းသိမ္းမြမ္းမံထားေသာ ပန္းဥယ်ာဥ္မ်ား ပါဝင္သည္။

စံအိမ္ၾကီးကို ေစ်းကြက္တင္ေပးသည္မွာ Hilton & Hyland, Coldwell Banker Global Luxury ႏွင့္ Berkshire Hathaway အစရွိသည့္ ကမၻာေက်ာ္ ကုမၸဏီၾကီးမ်ား ျဖစ္ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိက၏ ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်ထားသော နေအိမ်ကြီးမှာ ရောင်းမထွက်သောကြောင့် ယခုအခါ မူလခေါ်ဈေးမှ ဒေါ်လာသန်း ၅၀ ခန့် ဈေးလျှော့ပေးလာကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် တည်ရှိပြီး Chartwell ဟု အမည်ရသည့် စံအိမ်ကြီးသည် မူလခေါ်ဈေးမှ တနင်္လာနေ့တွင် ကန်ဒေါ်လာ သန်း ၅၀ ခန့် လျှော့ချပေးလိုက်သည်။

ပြီးခဲ့သော အောက်တိုဘာလက အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၂၄၅ သန်းမှ ယခုအခါ ၁၉၅ သန်းသို့ လျှော့ချပေးလိုက်ကြောင်း ဈေးကွက်တင်မှတ်တမ်းများအရ သိရသည်။

၁၉၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ပြည့်လွန်ကာလများက ထုတ်လွှင့်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော “The Beverly Hillbillies” တွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

မကြာသေးမီကာလများအထိ ပိုင်ဆိုင်ခဲ့သည်မှာ Univision မှ ကွယ်လွန်သွားပြီဖြစ်သော ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဘီလျံနာကြီး ဂျာရီ ပီရန်ချီယို ဖြစ်သည်။

ပီရန်ချီယိုသည် ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

ယခုစံအိမ်ကြီးကို ၁၉၈၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့ကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

ထိုသို့နေထိုင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကာလအတွင်း အိမ်နီးချင်းမြေကွက် ၄ ခုခန့် ဝယ်ယူကာ ပေါင်းစည်းလိုက်ခြင်းကြောင့် မူလခြံဝန်းအကျယ်ထက် ၂ ဆခန့် ပိုမိုကျယ်ဝန်းလာခဲ့ပြီး ၁၀ ဒသမ ၄ ဧကခန့် ကျယ်ဝန်းလာခဲ့သည်။

Chartwell တွင် အိပ်ခန်း ၅ ခန်းပါ ဧည့်ဂေဟာအိမ်တစ်လုံး၊ အလျား ၇၅ ပေရှိ ရေကူးကန်နှင့် pool house၊ တင်းနစ်ကွင်း၊ ကားအစင်းရေ ၄၀ ဆန့် ကားပြခန်း၊ ဝိုင်ပုလင်းပေါင်း ၁၂၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း၊ လှပစွာ ထိန်းသိမ်းမွမ်းမံထားသော ပန်းဥယျာဉ်များ ပါဝင်သည်။

စံအိမ်ကြီးကို ဈေးကွက်တင်ပေးသည်မှာ Hilton & Hyland, Coldwell Banker Global Luxury နှင့် Berkshire Hathaway အစရှိသည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service