ဟန္းႏိုဗိသုကာ

ဟန္းႏိုဗိသုကာ - Property News in Myanmar from iMyanmarHouse.com
4 Jul 2019 10:38 am တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဟန္းႏိုဗိသုကာ (한옥) သည္ ကိုရီးယားရိုးရာေနအိမ္မ်ားကို ေဆာက္လုပ္သည့္ ဗိသုကာဟန္ျဖစ္သည္။

တရုတ္ဘာသာအားျဖင့္ ဟန္းယတ္ (韓屋) ဟု ေခၚေဝၚၾက၏။ ဟန္းႏိုလက္ရာေနအိမ္မ်ားကို ကိုရီးယားတြင္ ခ်ဳိဆန္မင္းဆက္ေခတ္ (Joseon Dynasty) အတြင္း ပထမဆံုးစတင္ ေဆာက္လုပ္ခဲ့ၾကသည္ဟု ဆိုသည္။

ကိုရီးယားဗိသုကာတြင္ ေနအိမ္၏ အေနအထားကို ဆံုးျဖတ္ရာ၌ ေျမအေနအထားႏွင့္ ရာသီဥတုတို႔ဆိုင္ရာ ဝန္းက်င္ကို မူတည္ျပီး ဆံုးျဖတ္ေလ့ရွိ၏။ အိမ္တြင္းဖြဲ႔စည္းပုံ အေနအထားကိုလည္း အလားတူပင္ ျဖစ္သည္။

အဆိုပါနည္းကို ကိုရီးယားဘာသာအားျဖင့္ ဘဲ့စန္းနင္မ္ဇူ (배산임수) ဟုေခၚျပီး တရုတ္ဘာသာအားျဖင့္ ပိန္႔ရွမ္းလင္းေရႊ (背山臨水) ဟု ေခၚၾကသည္။

ေနအိမ္ေနာက္ေက်ာတြင္ ေတာင္ကုန္းကို ေက်ာခိုင္းထားကာ အိမ္ေရွ႕တြင္ ျမစ္တစ္စင္းစီးဆင္းေနသည့္ အိမ္မ်ဳိးမွာ စံျပအိမ္ဟု ဆိုလိုျခင္း ျဖစ္သည္။

ဟန္းႏိုဗိသုကာလက္ရာတို႔သည္ ေနရာေဒသကိုလိုက္ျပီး အမ်ဳိးမ်ဳိးကြဲျပားၾကသည္။

ကိုရီးယားႏိုင္ငံေျမာက္ပိုင္း ခ်မ္းေအးလွေသာေဒသမ်ားတြင္ ဟန္းႏိုလက္ရာေနအိမ္မ်ားကို စတုရန္းပံုေဆာက္လုပ္ေလ့ရွိျပီး ေနပူရွိန္ဓာတ္ပိုမိုရရွိႏိုင္ရန္ ရည္ရြယ္ကာ အလယ္ဗဟိုတြင္ အမိုးမရွိသည့္ ကြက္လပ္တစ္ခု ထားရွိေလ့ရွိသည္။ ကိုရီးယားေတာင္ပိုင္းတြင္မူ ဟန္းႏိုလက္ရာေနအိမ္မ်ားကို L ပံုသ႑ာန္ ေဆာက္လုပ္ေလ့ရွိၾကသည္။

(သမိုင္း)

ဟန္းႏိုဗိသုကာသည္ ကိုရီးယားရိုးရာေနအိမ္မ်ားကို ေဆာက္လုပ္သည့္လက္ရာျဖစ္ျပီး ကိုရီးယားကၽြန္းဆြယ္ႏွင့္ မန္ခ်ဴးရီးယားတို႔ တြင္ ေတြ႔ရသည္။

(အေစာပိုင္းကာလမ်ား)

ကိုရီးယားကၽြန္းဆြယ္တြင္ ေက်ာက္ေခတ္အေစာပိုင္းအတြင္း လူသားမ်ားသည္ လိႈဏ္ဂူမ်ားတြင္ ေနထိုင္ျခင္း၊ ယာယီေနထိုင္စရာ ေနရာမ်ား ဖန္တီး ေနထိုင္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

ေက်ာက္ေခတ္ေႏွာင္းပိုင္းတြင္မူ ယာယီေနအိမ္မ်ားမွသည္ ကတုတ္က်င္းတဲအိမ္မ်ား ေဆာက္လုပ္ေနထိုင္လာသည့္ အေျခအေနသို႔ တိုးတက္လာခဲ့သည္။

အဆိုပါေနအိမ္မ်ားတြင္ ယက္မတန္းမ်ား၊ ေကာ္လံတိုင္မ်ား အသံုးျပဳလာၾကသည္။

အမိုးအတြက္ ေကာက္ရိုးကို အသံုးျပဳၾကျပီး ယက္မတန္းမ်ား၊ ေကာ္လံတိုင္မ်ားအတြက္ သစ္ကို အသံုးျပဳၾကသည္။ ေၾကးေခတ္သို႔ အေရာက္တြင္ ေနအိမ္တို႔၌ ေကာ္လံတိုင္မ်ားစြာ ထည့္သြင္းလာၾကျပီ ျဖစ္သည္။

သံေခတ္တြင္ ေပၚေပါက္ခဲ့ေသာ ဟန္းႏိုဗိသုကာတြင္ ထင္းမီးခိုးအသံုးျပဳသည့္ ၾကမ္းခင္းအပူေပးစနစ္ကို စတင္ေတြ႔ရွိရျပီး အုတ္ၾကြပ္မ်ားလည္း စတင္ေတြ႔လာရျပီ ျဖစ္သည္။ အုတ္ၾကြပ္ကို အသံုးျပဳလာခ်ိန္မွ စတင္ျပီး ဟန္းႏိုဗိသုကာ၏ ပံုသ႑ာန္တို႔မွာ မ်ားစြာေျပာင္းလဲလာသည္။

(ေတာင္ကိုရီးယား)

ကိုရီးယားစစ္ပြဲၾကီး ျပီးဆံုးသြားျပီးေနာက္ပိုင္း စစ္၏ဒဏ္ရာဒဏ္ခ်က္တို႔ေၾကာင့္ ပ်က္စီးခဲ့ရသည့္ လူေနအိမ္မ်ားေနရာတြင္ ကုန္က်စရိတ္ နည္းပါးစြာျဖင့္ ေဆာက္လုပ္ႏိုင္မည့္ ေနအိမ္မ်ား လိုအပ္လာသည္။

စစ္ၾကီးအတြင္း ေရွးေဟာင္းသမိုင္းဝင္ ဟန္းႏိုဗိသုကာလက္ရာ အေဆာက္အအံုမ်ားစြာ ဖ်က္ဆီးခံခဲ့ရ၏။

ေတာင္ကိုရီးယားရွိ ျမိဳ႕ၾကီးမ်ားတြင္ ဟန္းႏိုလက္ရာအေဆာက္အအံု အနည္းငယ္သာ ၾကြင္းက်န္ရစ္ေတာ့သည္။

ယေန႔ကာလတြင္ ကိုရီးယားရိုးရာ ဟန္းႏိုဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ရထားဘူတာရံုအခ်ဳိ႕ကို ေတြ႔ျမင္ႏိုင္ေသးသည္။ (သာဓက- က်ံဳးဂ်ဴဘူတာ)

(ေျမာက္ကိုရီးယား)

ေျမာက္ကိုရီးယားႏိုင္ငံ၊ ေကေဆာင္အရပ္တြင္ ကိုရီးယားရိုးရာ ဟန္းႏိုဗိသုကာလက္ရာမ်ားကို ယေန႔တိုင္ေတြ႔ႏိုင္ေသးျပီး ကမၻာလွည့္ခရီးသည္တို႔ သြားေရာက္ရာ အဓိကေနရာမ်ား ျဖစ္ေနသည္။

ေကေဆာင္တြင္ ေရွးေဟာင္းဟန္းႏိုဗိသုကာလက္ရာ အေဆာက္အအံုမ်ား ယေန႔တိုင္ ေတြ႔ျမင္ႏိုင္ေသးျပီး ကမၻာလွည့္ခရီးသည္ ဆြဲေဆာင္ရာ အဓိကေနရာမ်ား ျဖစ္ေနဆဲျဖစ္သည္။

(တရုတ္)

တရုတ္ျပည္ အေရွ႕ေျမာက္ပိုင္းတြင္ ကိုရီးယားလူမ်ဳိးတို႔သည္ ဟန္းႏိုဗိသုကာဟန္ ေနအိမ္မ်ား ေဆာက္လုပ္ေနထိုင္ခဲ့သည္မွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ရွိခဲ့ျပီျဖစ္ျပီး ယေန႔တိုင္ ေတြ႔ျမင္ႏိုင္ေသးသည္။ တရုတ္ျပည္ ေျမာက္ဖ်ားစြန္း ေတာင္ေပၚေဒသျပည္နယ္တစ္ခုျဖစ္ေသာ ဟိုင္ေလာင္က်ီန္ျပည္နယ္တြင္ ၂၀၁၀ ျပည့္ႏွစ္အတြင္း ဟန္းႏိုဗိသုကာလက္ရာ ေက်းရြာတစ္ခု ေဆာက္လုပ္မည့္ စီမံကိန္းတစ္ရပ္ အေကာင္အထည္ေဖာ္ခဲ့ေသးသည္ဟု ဆိုသည္။

(ေဝါဟာရ)

ဟန္းႏိုဟူေသာ ေဝါဟာရကို ၁၉၀၇ ခုႏွစ္၊ ဧျပီလ ၂၃ ရက္က ထြက္ေပၚခဲ့ဖူးေသာ ေနအိမ္မ်ားအေၾကာင္း ေရးသားထားသည့္ စာတမ္းေဟာင္းတစ္ခုတြင္ ပထမဆံုး စတင္ေတြ႔ခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။

အဆိုပါစာတမ္းတြင္ ဟန္းႏို၏ စတင္ျမစ္ဖ်ားခံရာမွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမဳိ႕ေတာ္ ဂၽြန္ေဇာင္းလမ္း၊ ဆိုးလ္ရွိ ဒြန္းႏြီမြန္း တံခါးဝမွသည္ ေဘးဂ်ားအထက္တန္းေက်ာင္းတို႔မွ စတင္ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ေရးသားထားသည္။

ဒြန္းႏြီမြမ္ (돈의문) ဂိတ္တံခါးကို တရုတ္ဘာသာအားျဖင့္ သြန္းညိ (敦義門) ဟု ေခၚဆိုျပီး အေနာက္ဘက္ဂိတ္တံခါးဟု အဓိပၸာယ္ရသည္။

ဒြန္းႏြီမြမ္သည္ ဆိုးလ္ျမိဳ႕ေတာ္ၾကီးကို ခံတပ္သဖြယ္ အကာအကြယ္ေပးထားသည့္ ျမိဳ႕ဂိတ္တံခါးၾကီး ၈ ခုအနက္ တစ္ခုအပါအဝင္ျဖစ္ျပီး ခ်ဳိဆန္မင္းဆက္ေခတ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဂိတ္တံခါး၏ တည္ေနရာကို မူတည္ျပီး ေဆာ့ေဒးမြန္ (서대문) ဟု လူသိမ်ားျပီး အေနာက္ဘက္ဂိတ္ၾကီးဟု အဓိပၸာယ္ရသည္။ ထိုေခတ္ထိုကာလကမူ “ဟန္းႏို”ဟူေသာ ေဝါဟာရကို အသံုးမျပဳၾကေသးဘဲ ဂ်ဴကာ ၊ ဂ်ဳိင္းထိုဟု ေခၚေဝၚၾကျပီး ရွင္သန္ေနေသာ ေနအိမ္မ်ား၊ အမ်ဳိးအစားအားလံုးေသာ ေနအိမ္မ်ားဟု အဓိပၸာယ္ရသည္။

ကိုရီးယားႏိုင္ငံ ဂ်ပန္လက္ေအာက္သို႔ က်ေရာက္ေနစဥ္ကာလအတြင္း ဂ်ပန္တို႔က ဂ်ဴးကာ၊ ဂ်ဳိေဆာင္ေနအိမ္ဟူေသာ ေဝါဟာရမ်ားကို အသံုးျပဳခဲ့ၾကသည္။

ဟန္းႏိုဟူေသာ ေဝါဟာရကို ၁၉၇၅ ခုႏွစ္အတြင္း ဆမ္းေဆာင္းက ထုတ္လုပ္ေသာ ကိုရီးယားအဘိဓာန္တြင္ ကိုရီးယားဟန္ ေနအိမ္၊ အေနာက္တိုင္းေနအိမ္ႏွင့္ ဂ်ဳိေဆာင္ေနအိမ္၏ ဆန္႔က်င္ဘက္စကားလံုးဟူ အဓိပၸာယ္ဖြင့္ဆိုခဲ့သည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ တိုက္ခန္းေပါင္းမ်ားစြာေပၚေပါက္ျပီး ျမိဳ႕ျပဖြံ႔ျဖိဳးလာခ်ိန္တြင္ ေတာင္ကိုရီးယား၌ တိုက္ခန္းတန္းမ်ား ေဆာက္လုပ္လာၾကကာ ဟန္းႏိုဗိသုကာဟန္ ေနအိမ္မ်ားစြာမွာ ျမိဳ႕တိုင္းတြင္ ေပ်ာက္ကြယ္သြားခဲ့ရသည္။

ဟန္းႏိုဗိသုကာကို ပိုမိုက်ယ္ျပန္႔စြာေကာက္ယူလွ်င္ ေကာက္ရိုးအမိုးအကာအိမ္၊ ပ်ဥ္ျပားမ်ားျဖင့္ မိုးကာထားေသာေနအိမ္ (နီယိုဝါဂ်က္ပ္)၊ အုပ္ၾကြပ္မိုးအိမ္ (ဂ်ီဝါဂ်က္ပ္) ဟူ၍ရွိျပီး ကိုရီးယားတြင္မူ ဟန္းႏိုဗိသုကာသည္ အုပ္ၾကြပ္မုိးအိမ္ကိုသာ ရည္ညႊြန္းေလ့ရွိသည္။

(ဝိေသသလကၡဏာမ်ား)

ကိုရီးယားရိုးရာေနအိမ္တို႔၏ သဘာဝပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္မႈမွာ ေနအိမ္အတြင္းပိုင္းဖြ႔ဲစည္းပံုမွသည္ အသံုးျပဳထားေသာ အိမ္ေဆာက္ပစၥည္းမ်ားအထိ ျဖစ္သည္။

ဟန္းႏိုဗိသုကာေနအိမ္တို႔၏ တမူထူးျခားသည့္ အျခားအခ်က္တစ္ခုမွာ ထူးျခားေသာ ဒီဇိုင္းပံုစံျဖစ္ျပီး အိမ္တြင္းကို ေႏြတြင္ ေအးေနေစျပီး ေဆာင္းတြင္ ေႏြးေနေစသည့္အခ်က္ျဖစ္သည္။

ကိုရီးယားသည္ ပူျပင္းလွေသာေႏြရာသီမ်ားႏွင့္ အလြန္တရာေအးစိမ့္လွေသာ ေဆာင္းဥတုမ်ားကို ရင္ဆုိင္ရသည့္ႏိုင္ငံျဖစ္ရာ ၾကမ္းျပင္အပူေပးစနစ္ (အြန္ေဒါ)ႏွင့္ ၾကမ္းျပင္အေအးေပးစနစ္ (ေဒေခ်ာင္) တို႔ကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းကပင္ အသံုးျပဳခဲ့ၾကျပီး အလြန္တရာေအးစက္လွေသာ ေဆာင္းဥတုမ်ားႏွင့္ ပူျပင္းလွေသာ ေႏြရာသီမ်ားကို ကိုရီးယားလူမ်ဳိးတို႔ ျဖတ္ေက်ာ္ခဲ့ၾကသည္။

ေရွးကအသံုးျပဳခဲ့ေသာ ေနအိမ္အပူ၊ အေအးေပးစနစ္မ်ားမွာ အလြန္ထိေရာက္မႈရွိျပီး ကိုရီးယားေနအိမ္မ်ားစြာတြင္ ယေန႔တိုင္ အသံုးျပဳေနၾကဆဲ ျဖစ္သည္။

(အသံုးျပဳသည့္ပစၥည္းမ်ား)

ဟန္းႏိုဗိသုကာတြင္ အသံုးျပဳသည့္ ေျမ၊ သစ္၊ ေက်ာက္တံုးအစရွိသည့္အားလံုးသည္ သဘာဝထြက္ကုန္မ်ားျဖစ္ျပီး ျပန္လည္အသံုးျပဳ ႏိုင္သည့္အရာမ်ားျဖစ္ကာ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈ မျဖစ္ေစႏိုင္ေခ်။

ဟန္းႏိုလက္ရာ အေဆာက္အအံုမ်ားတြင္ ဟန္းႏိုတြင္ သီးျခားအသံုးျပဳေသာ အုတ္ၾကြပ္အမိုးမ်ား၊ သစ္သားထုတ္တန္းမ်ား၊ ေက်ာက္တံုးျဖင့္ ေဆာက္လုပ္ျခင္းမ်ား ေတြ႔ရသည္။

ထူးျခားသည္မွာ ဟန္းႏိုအေဆာက္အအံုမ်ား၏ အမိုးခံုးအစြန္းမ်ားျဖစ္ျပီး ခ်ီယိုမာဟုေခၚသည္။

အိမ္အတြင္းသို႔ ေနေရာင္က်ေရာက္မႈအေပၚမူတည္ျပီး ခ်ီယိုမာ၏ အလ်ားကို လိုသလိုခ်ိန္ညွိေပးႏိုင္သည္ဟု ဆိုသည္။

ကိုရီးယားရိုးရာ စကၠဴတစ္မ်ဳိးျဖစ္ေသာ ဟန္းဂ်ီ (한지) ကို ပဲဆီျဖင့္ သုတ္လိမ္း၍ ေရလံုေအာင္စီရင္ကာ ျပတင္းမ်ား၊ တံခါးမ်ားတြင္ တပ္ဆင္ထားပံုအလွမွာ ရင္သပ္ရႈေမာဖြယ္အလွတရားတစ္မ်ဳိး ျဖစ္၏။

(ေဒသတြင္း ကြဲျပားခ်က္မ်ား)

ဟန္းႏိုဗိသုကာဟန္မွာ ေဒသအလိုက္ အမ်ဳိးမ်ဳိးကြဲျပားသည္။

ကိုရီးယားေတာင္ပိုင္းတြင္ ရာသီဥတုမွာ ပိုမိုေႏြးေထြးေသာေၾကာင့္ ကိုရီးယားတို႔သည္ ဟန္းႏိုေနအိမ္မ်ား ေဆာက္လုပ္ရာတြင္ မ်ဥ္းေျဖာင့္သ႑ာန္ေဆာက္လုပ္ၾကျပီး အဂၤလိပ္အကၡရာ 1 ပံုသ႑ာန္ ျဖစ္သည္။

ေလဝင္ေလထြက္ေကာင္းမြန္ေစရန္အတြက္ ဧည့္ခန္းကို ဟင္းလင္းဖြင့္အသြင္ ဖြဲ႔စည္းထားျပီး ျပတင္းေပါက္မ်ားစြာ တင္ဆင္ေပးေလ့ ရွိသည္။

ကိုရီးယားအလယ္ပိုင္းတြင္ အေက်ာ္ၾကားဆံုး ဟန္းႏိုအေဆာက္အအံုပံုသ႑ာန္မွာ အဂၤလိပ္အကၡရာ L ပံုသ႑ာန္ (သို႔မဟုတ္) ကိုရီးယား အကၡရာ "ㄱ" ပံုသ႑ာန္ျဖစ္သည္။

ယင္းဟန္မွာ ေျမာက္ပိုင္းသားတို႔ႏွင့္ ေတာင္ပိုင္းသားတို႔၏ ဗိသုကာဟန္မ်ားကို ေရာေႏွာထားသည့္ဟန္မ်ဳိးျဖစ္သည္။ အလြန္တရာေအးစက္လွေသာ ကိုရီးယားေျမာက္ပိုင္းတြင္ ေနအိမ္တုိ႔ကို ေသတၱာပံုသ႑ာန္၊ ကိုရီးယားအကၡရာ သ႑ာန္ ေဆာက္လုပ္ေလ့ရွိၾကသည္။ ေနအိမ္မ်ားကို ထိုသို႔ ေဆာက္လုပ္ျခင္းအားျဖင့္ ေလစီးဝင္မႈကို ျဖတ္ေတာက္ထားႏိုင္မည္ျဖစ္သည္။ အဆိုပါေနအိမ္မ်ဳိးတြင္ ဟင္းလင္းဖြင့္သ႑ာန္ အခန္းဖြဲ႔ေလ့မရွိေသာ္လည္း အခန္းမ်ားအားလံုးမွာ ဆက္စပ္တည္ရွိေနသည္။

(လူေနမႈ အဆင့္အတန္းအရ ကြဲျပားျခင္း)

ဟန္းႏိုဗိသုကာဟန္ေနအိမ္တို႔ကို လူေနမႈအဆင့္အတန္းအရလည္း ခြဲျခားႏိုင္သည္။ ယန္ဘန္ (အထက္တန္းလႊာေနအိမ္)၊ ဂ်န္းဂင္ (လူလတ္လႊာ ေနအိမ္) ႏွင့္ ျမိဳ႕ျပသာမန္လူတန္းစားေနအိမ္ အစရွိသည္တို႔ကို ဖြဲ႔စည္းပံုအရသာမက အလွေဗဒအရပါ ကြဲျပားသြားသည္။

သာမန္လူတန္းစားတို႔၏ ေနအိမ္မ်ားကို ေကာက္ရိုးတို႔ျဖင့္ အမိုးမိုးေလ့ရွိသည္။

(ထိန္းသိမ္းေစာင့္ေရွာက္ျခင္း)

ယခုအခါ မ်ားစြာေသာ ေရွးေဟာင္းဟန္းႏိုဗိသုကာဟန္ အေဆာက္အအံုမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ထားျပီးျဖစ္သည္။

သာဓကအခ်ဳိ႕မွာ

(က) ဘုခၽြန္ ဟန္းႏိုေက်းရြာ၊ ဆိုးလ္ျမိဳ႕ေတာ္အလယ္ပိုင္းရွိ လူေနရပ္ကြက္ Bukchon Hanok Village, Seoul

(ခ) နမ္ဆန္းေကာ္လ္ ဟန္းႏိုေက်းရြာ၊ ဆိုးလ္ျမိဳ႕ေတာ္ ဖီးလ္တုန္အရပ္ Namsangol Hanok Village, Seoul

(ဂ) ဟာဟိုးေဖာ့ခ္ေက်းရြာ (Hahoe Folk Village)၊ ေျမာက္ပိုင္းက်ံဳးဆန္းျပည္နယ္၊ အန္းတံုျမဳိ႕တြင္ တည္ရွိျပီး ခ်ဳိဆန္မင္းဆက္ေခတ္ Joseon Dynasty က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

(ဃ)ယန္းဒံု ရိုးရာေက်းရြာ (Yangdong Folk Village ) ခ်ဳိဆန္မင္းဆက္ ေခတ္ကတည္းက တည္ရွိခဲ့ေသာ ေက်းရြာျဖစ္ျပီး ေတာင္ကိုရီးယားႏိုင္ငံ၊ ဟ်န္းဆန္းျမစ္ကမ္းတစ္ေလွ်ာက္တြင္ တည္ရွိကာ ေျမာက္ပိုင္းက်ံဳးဆန္းျပည္နယ္ ၊ က်ံဳးက်ဴျမိဳ႕တြင္ တည္ရွိသည္။

(င) ကိုရီးယား ရိုးရာ ေက်းရြာ ( Korean Folk Village) ၊ ေဂ်ာင္းက်ီျပည္နယ္၊ ယုန္းယင္းျမိဳ႕တြင္ တည္ရွိျပီး ကမၻာလွည့္ခရီးသြားမ်ား လာေရာက္ေလ့ရွိသည့္ ေနရာတစ္ခု ျဖစ္သည္။

(စ) ေခ်ာင္းက်ဴ ဟန္းႏို ေက်းရြာ (Jeonju Hanok Village)၊ ကိုရီးယားတြင္ အၾကီးမားဆံုး ဟန္းႏိုဗိသုကာ ေနအိမ္မ်ား စုစည္းရာေနရာ ျဖစ္ျပီး ဟန္းႏိုလက္ရာေနအိမ္ေပါင္း ၈၀၀ ေက်ာ္ တည္ရွိသည္။

ကိုရီးယားႏိုင္ငံအေနာက္ပိုင္း ခ်ဳိလာျပည္နယ္၊ ေခ်ာင္းက်ဴျမိဳ႕တြင္ တည္ရွိသည္။

ခါေရးတုန္ႏွင့္ ေက်းဒံု ၊ ဆိုးလ္ျမိဳ႕ေတာ္၊ ခ်ံဳႏို႔ကူအရပ္တြင္ တည္ရွိျပီး ဟန္းႏိုဗိသုကာလက္ရာေနအိမ္မ်ားစြာ တည္ရွိသည္။

ယေန႔ေခတ္တြင္ ေကာ္ဖီဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ လဘက္ရည္ဆိုင္မ်ားအျဖစ္ အသံုးျပဳထားသည္။

(ဟန္းႏိုဗိသုကာႏွင့္ ယံုၾကည္ကိုးကြယ္မႈ)

ဟန္းႏိုေနအိမ္တို႔တြင္ ေနအိမ္ႏွင့္စပ္လ်ဥ္းသည့္ နတ္အမ်ဳိးမ်ဳိး ကိုးကြယ္ခဲ့ၾကရာ ကေလးမ်ားကို ေစာင့္ေရွာက္ေသာ ဆန္ရွင္း ဟဲမိုညိနတ္၊ မီးဖိုေစာင့္နတ္ျဖစ္ေသာ ေခ်ာင္းရႊန္ အစရွိသည္တုိ႔ အပါအဝင္ ေနအိမ္ႏွင့္ ပတ္သက္သည့္ နတ္အမ်ဳိးမ်ဳိး ကိုးကြယ္ခဲ့ၾကသည္။

 

အိအိေအးေအာင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

 

ဟန်းနိုဗိသုကာ (한옥) သည် ကိုရီးယားရိုးရာနေအိမ်များကို ဆောက်လုပ်သည့် ဗိသုကာဟန်ဖြစ်သည်။

တရုတ်ဘာသာအားဖြင့် ဟန်းယတ် (韓屋) ဟု ခေါ်ဝေါ်ကြ၏။ ဟန်းနိုလက်ရာနေအိမ်များကို ကိုရီးယားတွင် ချိုဆန်မင်းဆက်ခေတ် (Joseon Dynasty) အတွင်း ပထမဆုံးစတင် ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။

ကိုရီးယားဗိသုကာတွင် နေအိမ်၏ အနေအထားကို ဆုံးဖြတ်ရာ၌ မြေအနေအထားနှင့် ရာသီဥတုတို့ဆိုင်ရာ ဝန်းကျင်ကို မူတည်ပြီး ဆုံးဖြတ်လေ့ရှိ၏။ အိမ်တွင်းဖွဲ့စည်းပုံ အနေအထားကိုလည်း အလားတူပင် ဖြစ်သည်။

အဆိုပါနည်းကို ကိုရီးယားဘာသာအားဖြင့် ဘဲ့စန်းနင်မ်ဇူ (배산임수) ဟုခေါ်ပြီး တရုတ်ဘာသာအားဖြင့် ပိန့်ရှမ်းလင်းရွှေ (背山臨水) ဟု ခေါ်ကြသည်။

နေအိမ်နောက်ကျောတွင် တောင်ကုန်းကို ကျောခိုင်းထားကာ အိမ်ရှေ့တွင် မြစ်တစ်စင်းစီးဆင်းနေသည့် အိမ်မျိုးမှာ စံပြအိမ်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဟန်းနိုဗိသုကာလက်ရာတို့သည် နေရာဒေသကိုလိုက်ပြီး အမျိုးမျိုးကွဲပြားကြသည်။

ကိုရီးယားနိုင်ငံမြောက်ပိုင်း ချမ်းအေးလှသောဒေသများတွင် ဟန်းနိုလက်ရာနေအိမ်များကို စတုရန်းပုံဆောက်လုပ်လေ့ရှိပြီး နေပူရှိန်ဓာတ်ပိုမိုရရှိနိုင်ရန် ရည်ရွယ်ကာ အလယ်ဗဟိုတွင် အမိုးမရှိသည့် ကွက်လပ်တစ်ခု ထားရှိလေ့ရှိသည်။ ကိုရီးယားတောင်ပိုင်းတွင်မူ ဟန်းနိုလက်ရာနေအိမ်များကို L ပုံသဏ္ဍာန် ဆောက်လုပ်လေ့ရှိကြသည်။

(သမိုင်း)

ဟန်းနိုဗိသုကာသည် ကိုရီးယားရိုးရာနေအိမ်များကို ဆောက်လုပ်သည့်လက်ရာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်နှင့် မန်ချူးရီးယားတို့ တွင် တွေ့ရသည်။

(အစောပိုင်းကာလများ)

ကိုရီးယားကျွန်းဆွယ်တွင် ကျောက်ခေတ်အစောပိုင်းအတွင်း လူသားများသည် လှိုဏ်ဂူများတွင် နေထိုင်ခြင်း၊ ယာယီနေထိုင်စရာ နေရာများ ဖန်တီး နေထိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကျောက်ခေတ်နှောင်းပိုင်းတွင်မူ ယာယီနေအိမ်များမှသည် ကတုတ်ကျင်းတဲအိမ်များ ဆောက်လုပ်နေထိုင်လာသည့် အခြေအနေသို့ တိုးတက်လာခဲ့သည်။

အဆိုပါနေအိမ်များတွင် ယက်မတန်းများ၊ ကော်လံတိုင်များ အသုံးပြုလာကြသည်။

အမိုးအတွက် ကောက်ရိုးကို အသုံးပြုကြပြီး ယက်မတန်းများ၊ ကော်လံတိုင်များအတွက် သစ်ကို အသုံးပြုကြသည်။ ကြေးခေတ်သို့ အရောက်တွင် နေအိမ်တို့၌ ကော်လံတိုင်များစွာ ထည့်သွင်းလာကြပြီ ဖြစ်သည်။

သံခေတ်တွင် ပေါ်ပေါက်ခဲ့သော ဟန်းနိုဗိသုကာတွင် ထင်းမီးခိုးအသုံးပြုသည့် ကြမ်းခင်းအပူပေးစနစ်ကို စတင်တွေ့ရှိရပြီး အုတ်ကြွပ်များလည်း စတင်တွေ့လာရပြီ ဖြစ်သည်။ အုတ်ကြွပ်ကို အသုံးပြုလာချိန်မှ စတင်ပြီး ဟန်းနိုဗိသုကာ၏ ပုံသဏ္ဍာန်တို့မှာ များစွာပြောင်းလဲလာသည်။

(တောင်ကိုရီးယား)

ကိုရီးယားစစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက်ပိုင်း စစ်၏ဒဏ်ရာဒဏ်ချက်တို့ကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ်များနေရာတွင် ကုန်ကျစရိတ် နည်းပါးစွာဖြင့် ဆောက်လုပ်နိုင်မည့် နေအိမ်များ လိုအပ်လာသည်။

စစ်ကြီးအတွင်း ရှေးဟောင်းသမိုင်းဝင် ဟန်းနိုဗိသုကာလက်ရာ အဆောက်အအုံများစွာ ဖျက်ဆီးခံခဲ့ရ၏။

တောင်ကိုရီးယားရှိ မြို့ကြီးများတွင် ဟန်းနိုလက်ရာအဆောက်အအုံ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။

ယနေ့ကာလတွင် ကိုရီးယားရိုးရာ ဟန်းနိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ရထားဘူတာရုံအချို့ကို တွေ့မြင်နိုင်သေးသည်။ (သာဓက- ကျုံးဂျူဘူတာ)

(မြောက်ကိုရီးယား)

မြောက်ကိုရီးယားနိုင်ငံ၊ ကေဆောင်အရပ်တွင် ကိုရီးယားရိုးရာ ဟန်းနိုဗိသုကာလက်ရာများကို ယနေ့တိုင်တွေ့နိုင်သေးပြီး ကမ္ဘာလှည့်ခရီးသည်တို့ သွားရောက်ရာ အဓိကနေရာများ ဖြစ်နေသည်။

ကေဆောင်တွင် ရှေးဟောင်းဟန်းနိုဗိသုကာလက်ရာ အဆောက်အအုံများ ယနေ့တိုင် တွေ့မြင်နိုင်သေးပြီး ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာ အဓိကနေရာများ ဖြစ်နေဆဲဖြစ်သည်။

(တရုတ်)

တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ကိုရီးယားလူမျိုးတို့သည် ဟန်းနိုဗိသုကာဟန် နေအိမ်များ ဆောက်လုပ်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ တရုတ်ပြည် မြောက်ဖျားစွန်း တောင်ပေါ်ဒေသပြည်နယ်တစ်ခုဖြစ်သော ဟိုင်လောင်ကျီန်ပြည်နယ်တွင် ၂၀၁၀ ပြည့်နှစ်အတွင်း ဟန်းနိုဗိသုကာလက်ရာ ကျေးရွာတစ်ခု ဆောက်လုပ်မည့် စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ခဲ့သေးသည်ဟု ဆိုသည်။

(ဝေါဟာရ)

ဟန်းနိုဟူသော ဝေါဟာရကို ၁၉၀၇ ခုနှစ်၊ ဧပြီလ ၂၃ ရက်က ထွက်ပေါ်ခဲ့ဖူးသော နေအိမ်များအကြောင်း ရေးသားထားသည့် စာတမ်းဟောင်းတစ်ခုတွင် ပထမဆုံး စတင်တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါစာတမ်းတွင် ဟန်းနို၏ စတင်မြစ်ဖျားခံရာမှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် ဂျွန်ဇောင်းလမ်း၊ ဆိုးလ်ရှိ ဒွန်းနွီမွန်း တံခါးဝမှသည် ဘေးဂျားအထက်တန်းကျောင်းတို့မှ စတင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရေးသားထားသည်။

ဒွန်းနွီမွမ် (돈의문) ဂိတ်တံခါးကို တရုတ်ဘာသာအားဖြင့် သွန်းညိ (敦義門) ဟု ခေါ်ဆိုပြီး အနောက်ဘက်ဂိတ်တံခါးဟု အဓိပ္ပာယ်ရသည်။

ဒွန်းနွီမွမ်သည် ဆိုးလ်မြို့တော်ကြီးကို ခံတပ်သဖွယ် အကာအကွယ်ပေးထားသည့် မြို့ဂိတ်တံခါးကြီး ၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ချိုဆန်မင်းဆက်ခေတ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဂိတ်တံခါး၏ တည်နေရာကို မူတည်ပြီး ဆော့ဒေးမွန် (서대문) ဟု လူသိများပြီး အနောက်ဘက်ဂိတ်ကြီးဟု အဓိပ္ပာယ်ရသည်။ ထိုခေတ်ထိုကာလကမူ “ဟန်းနို”ဟူသော ဝေါဟာရကို အသုံးမပြုကြသေးဘဲ ဂျူကာ ၊ ဂျိုင်းထိုဟု ခေါ်ဝေါ်ကြပြီး ရှင်သန်နေသော နေအိမ်များ၊ အမျိုးအစားအားလုံးသော နေအိမ်များဟု အဓိပ္ပာယ်ရသည်။

ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေစဉ်ကာလအတွင်း ဂျပန်တို့က ဂျူးကာ၊ ဂျိုဆောင်နေအိမ်ဟူသော ဝေါဟာရများကို အသုံးပြုခဲ့ကြသည်။

ဟန်းနိုဟူသော ဝေါဟာရကို ၁၉၇၅ ခုနှစ်အတွင်း ဆမ်းဆောင်းက ထုတ်လုပ်သော ကိုရီးယားအဘိဓာန်တွင် ကိုရီးယားဟန် နေအိမ်၊ အနောက်တိုင်းနေအိမ်နှင့် ဂျိုဆောင်နေအိမ်၏ ဆန့်ကျင်ဘက်စကားလုံးဟူ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

၁၉၇၀ ပြည့်လွန်ကာလများတွင် တိုက်ခန်းပေါင်းများစွာပေါ်ပေါက်ပြီး မြို့ပြဖွံ့ဖြိုးလာချိန်တွင် တောင်ကိုရီးယား၌ တိုက်ခန်းတန်းများ ဆောက်လုပ်လာကြကာ ဟန်းနိုဗိသုကာဟန် နေအိမ်များစွာမှာ မြို့တိုင်းတွင် ပျောက်ကွယ်သွားခဲ့ရသည်။

ဟန်းနိုဗိသုကာကို ပိုမိုကျယ်ပြန့်စွာကောက်ယူလျှင် ကောက်ရိုးအမိုးအကာအိမ်၊ ပျဉ်ပြားများဖြင့် မိုးကာထားသောနေအိမ် (နီယိုဝါဂျက်ပ်)၊ အုပ်ကြွပ်မိုးအိမ် (ဂျီဝါဂျက်ပ်) ဟူ၍ရှိပြီး ကိုရီးယားတွင်မူ ဟန်းနိုဗိသုကာသည် အုပ်ကြွပ်မိုးအိမ်ကိုသာ ရည်ညွှွန်းလေ့ရှိသည်။

(ဝိသေသလက္ခဏာများ)

ကိုရီးယားရိုးရာနေအိမ်တို့၏ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုမှာ နေအိမ်အတွင်းပိုင်းဖွ့ဲစည်းပုံမှသည် အသုံးပြုထားသော အိမ်ဆောက်ပစ္စည်းများအထိ ဖြစ်သည်။

ဟန်းနိုဗိသုကာနေအိမ်တို့၏ တမူထူးခြားသည့် အခြားအချက်တစ်ခုမှာ ထူးခြားသော ဒီဇိုင်းပုံစံဖြစ်ပြီး အိမ်တွင်းကို နွေတွင် အေးနေစေပြီး ဆောင်းတွင် နွေးနေစေသည့်အချက်ဖြစ်သည်။

ကိုရီးယားသည် ပူပြင်းလှသောနွေရာသီများနှင့် အလွန်တရာအေးစိမ့်လှသော ဆောင်းဥတုများကို ရင်ဆိုင်ရသည့်နိုင်ငံဖြစ်ရာ ကြမ်းပြင်အပူပေးစနစ် (အွန်ဒေါ)နှင့် ကြမ်းပြင်အအေးပေးစနစ် (ဒေချောင်) တို့ကို ရှေးနှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပြီး အလွန်တရာအေးစက်လှသော ဆောင်းဥတုများနှင့် ပူပြင်းလှသော နွေရာသီများကို ကိုရီးယားလူမျိုးတို့ ဖြတ်ကျော်ခဲ့ကြသည်။

ရှေးကအသုံးပြုခဲ့သော နေအိမ်အပူ၊ အအေးပေးစနစ်များမှာ အလွန်ထိရောက်မှုရှိပြီး ကိုရီးယားနေအိမ်များစွာတွင် ယနေ့တိုင် အသုံးပြုနေကြဆဲ ဖြစ်သည်။

(အသုံးပြုသည့်ပစ္စည်းများ)

ဟန်းနိုဗိသုကာတွင် အသုံးပြုသည့် မြေ၊ သစ်၊ ကျောက်တုံးအစရှိသည့်အားလုံးသည် သဘာဝထွက်ကုန်များဖြစ်ပြီး ပြန်လည်အသုံးပြု နိုင်သည့်အရာများဖြစ်ကာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေနိုင်ချေ။

ဟန်းနိုလက်ရာ အဆောက်အအုံများတွင် ဟန်းနိုတွင် သီးခြားအသုံးပြုသော အုတ်ကြွပ်အမိုးများ၊ သစ်သားထုတ်တန်းများ၊ ကျောက်တုံးဖြင့် ဆောက်လုပ်ခြင်းများ တွေ့ရသည်။

ထူးခြားသည်မှာ ဟန်းနိုအဆောက်အအုံများ၏ အမိုးခုံးအစွန်းများဖြစ်ပြီး ချီယိုမာဟုခေါ်သည်။

အိမ်အတွင်းသို့ နေရောင်ကျရောက်မှုအပေါ်မူတည်ပြီး ချီယိုမာ၏ အလျားကို လိုသလိုချိန်ညှိပေးနိုင်သည်ဟု ဆိုသည်။

ကိုရီးယားရိုးရာ စက္ကူတစ်မျိုးဖြစ်သော ဟန်းဂျီ (한지) ကို ပဲဆီဖြင့် သုတ်လိမ်း၍ ရေလုံအောင်စီရင်ကာ ပြတင်းများ၊ တံခါးများတွင် တပ်ဆင်ထားပုံအလှမှာ ရင်သပ်ရှုမောဖွယ်အလှတရားတစ်မျိုး ဖြစ်၏။

(ဒေသတွင်း ကွဲပြားချက်များ)

ဟန်းနိုဗိသုကာဟန်မှာ ဒေသအလိုက် အမျိုးမျိုးကွဲပြားသည်။

ကိုရီးယားတောင်ပိုင်းတွင် ရာသီဥတုမှာ ပိုမိုနွေးထွေးသောကြောင့် ကိုရီးယားတို့သည် ဟန်းနိုနေအိမ်များ ဆောက်လုပ်ရာတွင် မျဉ်းဖြောင့်သဏ္ဍာန်ဆောက်လုပ်ကြပြီး အင်္ဂလိပ်အက္ခရာ 1 ပုံသဏ္ဍာန် ဖြစ်သည်။

လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် ဧည့်ခန်းကို ဟင်းလင်းဖွင့်အသွင် ဖွဲ့စည်းထားပြီး ပြတင်းပေါက်များစွာ တင်ဆင်ပေးလေ့ ရှိသည်။

ကိုရီးယားအလယ်ပိုင်းတွင် အကျော်ကြားဆုံး ဟန်းနိုအဆောက်အအုံပုံသဏ္ဍာန်မှာ အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဍာန် (သို့မဟုတ်) ကိုရီးယား အက္ခရာ "ㄱ" ပုံသဏ္ဍာန်ဖြစ်သည်။

ယင်းဟန်မှာ မြောက်ပိုင်းသားတို့နှင့် တောင်ပိုင်းသားတို့၏ ဗိသုကာဟန်များကို ရောနှောထားသည့်ဟန်မျိုးဖြစ်သည်။ အလွန်တရာအေးစက်လှသော ကိုရီးယားမြောက်ပိုင်းတွင် နေအိမ်တို့ကို သေတ္တာပုံသဏ္ဍာန်၊ ကိုရီးယားအက္ခရာ "ㅁ" သဏ္ဍာန် ဆောက်လုပ်လေ့ရှိကြသည်။ နေအိမ်များကို ထိုသို့ ဆောက်လုပ်ခြင်းအားဖြင့် လေစီးဝင်မှုကို ဖြတ်တောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါနေအိမ်မျိုးတွင် ဟင်းလင်းဖွင့်သဏ္ဍာန် အခန်းဖွဲ့လေ့မရှိသော်လည်း အခန်းများအားလုံးမှာ ဆက်စပ်တည်ရှိနေသည်။

(လူနေမှု အဆင့်အတန်းအရ ကွဲပြားခြင်း)

ဟန်းနိုဗိသုကာဟန်နေအိမ်တို့ကို လူနေမှုအဆင့်အတန်းအရလည်း ခွဲခြားနိုင်သည်။ ယန်ဘန် (အထက်တန်းလွှာနေအိမ်)၊ ဂျန်းဂင် (လူလတ်လွှာ နေအိမ်) နှင့် မြို့ပြသာမန်လူတန်းစားနေအိမ် အစရှိသည်တို့ကို ဖွဲ့စည်းပုံအရသာမက အလှဗေဒအရပါ ကွဲပြားသွားသည်။

သာမန်လူတန်းစားတို့၏ နေအိမ်များကို ကောက်ရိုးတို့ဖြင့် အမိုးမိုးလေ့ရှိသည်။

(ထိန်းသိမ်းစောင့်ရှောက်ခြင်း)

ယခုအခါ များစွာသော ရှေးဟောင်းဟန်းနိုဗိသုကာဟန် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီးဖြစ်သည်။

သာဓကအချို့မှာ

(က) ဘုချွန် ဟန်းနိုကျေးရွာ၊ ဆိုးလ်မြို့တော်အလယ်ပိုင်းရှိ လူနေရပ်ကွက် Bukchon Hanok Village, Seoul

(ခ) နမ်ဆန်းကော်လ် ဟန်းနိုကျေးရွာ၊ ဆိုးလ်မြို့တော် ဖီးလ်တုန်အရပ် Namsangol Hanok Village, Seoul

(ဂ) ဟာဟိုးဖော့ခ်ကျေးရွာ (Hahoe Folk Village)၊ မြောက်ပိုင်းကျုံးဆန်းပြည်နယ်၊ အန်းတုံမြို့တွင် တည်ရှိပြီး ချိုဆန်မင်းဆက်ခေတ် Joseon Dynasty က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

(ဃ)ယန်းဒုံ ရိုးရာကျေးရွာ (Yangdong Folk Village ) ချိုဆန်မင်းဆက် ခေတ်ကတည်းက တည်ရှိခဲ့သော ကျေးရွာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဟျန်းဆန်းမြစ်ကမ်းတစ်လျှောက်တွင် တည်ရှိကာ မြောက်ပိုင်းကျုံးဆန်းပြည်နယ် ၊ ကျုံးကျူမြို့တွင် တည်ရှိသည်။

(င) ကိုရီးယား ရိုးရာ ကျေးရွာ ( Korean Folk Village) ၊ ဂျောင်းကျီပြည်နယ်၊ ယုန်းယင်းမြို့တွင် တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် နေရာတစ်ခု ဖြစ်သည်။

(စ) ချောင်းကျူ ဟန်းနို ကျေးရွာ (Jeonju Hanok Village)၊ ကိုရီးယားတွင် အကြီးမားဆုံး ဟန်းနိုဗိသုကာ နေအိမ်များ စုစည်းရာနေရာ ဖြစ်ပြီး ဟန်းနိုလက်ရာနေအိမ်ပေါင်း ၈၀၀ ကျော် တည်ရှိသည်။

ကိုရီးယားနိုင်ငံအနောက်ပိုင်း ချိုလာပြည်နယ်၊ ချောင်းကျူမြို့တွင် တည်ရှိသည်။

ခါရေးတုန်နှင့် ကျေးဒုံ ၊ ဆိုးလ်မြို့တော်၊ ချုံနို့ကူအရပ်တွင် တည်ရှိပြီး ဟန်းနိုဗိသုကာလက်ရာနေအိမ်များစွာ တည်ရှိသည်။

ယနေ့ခေတ်တွင် ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များအဖြစ် အသုံးပြုထားသည်။

(ဟန်းနိုဗိသုကာနှင့် ယုံကြည်ကိုးကွယ်မှု)

ဟန်းနိုနေအိမ်တို့တွင် နေအိမ်နှင့်စပ်လျဉ်းသည့် နတ်အမျိုးမျိုး ကိုးကွယ်ခဲ့ကြရာ ကလေးများကို စောင့်ရှောက်သော ဆန်ရှင်း ဟဲမိုညိနတ်၊ မီးဖိုစောင့်နတ်ဖြစ်သော ချောင်းရွှန် အစရှိသည်တို့ အပါအဝင် နေအိမ်နှင့် ပတ်သက်သည့် နတ်အမျိုးမျိုး ကိုးကွယ်ခဲ့ကြသည်။

 

အိအိအေးအောင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service