ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမႉးက ၿမိဳ႕ေတာ္ခန္းမသည္ လူဦးေရ ေျခာက္သန္းေက်ာ္၊ ခုနစ္သန္းနီးပါးအတြက္ လုပ္ငန္းေဆာင္ရြက္ေနရသျဖင့္ ႐ုံးတစ္႐ုံးတည္းျဖင့္မလုံေလာက္သည့္ အတြက္ ၄၆ လမ္းတြင္ ႐ုံးတစ္႐ုံးတည္ရွိေၾကာင္း၊ လက္ရွိၿမိဳ႕တာ္ခန္းမသည္ တာဝန္ခံအဖြဲ႔မ်ား၊ဌာနမ်ား၊ၿမိဳ႕ေတာ္ ဝန္ႏွင့္ေကာ္မတီဝင္မ်ား အေျခစိုက္ေၾကာင္း၊ၿမိဳ႕ေတာ္ခန္းမရွိသည့္ ဆူးေလဘုရားပတ္ဝန္းက်င္သည္ ျပည္သူမ်ား အတြက္ ဖြင့္လွစ္ေပးရမည့္ ေနရာျဖစ္ေၾကာင္း၊နိုင္ငံတကာတြင္လည္း ယခုကဲ့သို႕ေနရာသည္ ျပည္သူမ်ားဝင္ ထြက္သြားလာမႈလုပ္ႏိုင္ေၾကာင္း ေျပာထားသည္။
ၿမိဳ႕ေတာ္ခန္းမကို အခမ္းအနားမ်ား၊ Seminar မ်ား၊ေဆြးေႏြးပြဲမ်ားလုပ္ႏိုင္ဖို႔ဆိုသည့္ အေျခအေနမ်ိဳး အသုံးျပဳရလွ်င္ေကာင္းမြန္ႏိုင္ေၾကာင္း Development Partner မ်ားက Propose လုပ္ထားတာမ်ားရွိေၾကာင္း၊ ၿမိဳ႕ေတာ္ဝန္နဲ႔ဝန္ႀကီးခ်ဳပ္ကလည္း ဒါနဲ႔ပတ္သက္ၿပီး လုပ္ေပးခ်င္ေၾကာင္း သိရသည္။
ၿမိဳ႕ေတာ္ခန္းမတြင္ တည္ရွိသည့္႐ုံးမ်ား၊ ၿမိဳ႕လယ္တြင္ Public Service လုပ္ငန္းမ်ား ေဆာင္ရြက္ေနရသျဖင့္ ယာဥ္ေၾကာက်ပ္တည္းမႈသည္ စည္ပင္႐ုံးေၾကာင့္ဟု ေျပာၾကားေနသည္မ်ားလည္းရွိေၾကာင္း၊ အဆိုပါကိစၥ မ်ားေျဖရွင္းႏိုင္ဖို႔နည္းလမ္းသည္ စီမံခန႔္ခြဲမႈဌာနမ်ားမွလြဲၿပီး႐ုံးအား အျခားေနရာသို႔ ေရႊ႕ေျပာင္းကာ ၿမိဳ႕ေတာ္ခန္းမအား ျပည္သူအမ်ားသုံးႏိုင္သည့္ ေနရာအျဖစ္ဖြင့္ေပးရန္ျဖစ္ေၾကာင္း ထိုသို႔လုပ္မည္ဆိုလွ်င္ ေလမႈတ္စက္႐ုံ ဝင္းအတြင္းမွာရွိသည့္ မွတ္တမ္း႐ုံးေဆာက္မယ့္ေနရာတြင္ လိုအပ္သည့္ တျခားဝန္ေဆာင္မႈလုပ္ငန္းမ်ားကို အဲဒီဘက္ကိုေရႊ႕ဖို႔ ေဆာင္ရြက္ရတဲ့အေျခအေနရွိေၾကာင္း၊ထိုေဆာင္ရြက္မႈမ်ားလုပ္၍ၿပီးစီးလွ်င္ ၿမိဳ႕ေတာ္ခန္းမကို ျပည္သူအမ်ား အသုံးျပဳနိုင္မယ့္ေနရာတစ္ခုျဖစ္ေအာင္ ဖြင့္ေပးႏိုင္္မည္ျဖစ္ေၾကာင္း သိရပါသည္။
မိုးယံလင္းထင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက မြို့တော်ခန်းမသည် လူဦးရေ ခြောက်သန်းကျော်၊ ခုနစ်သန်းနီးပါးအတွက် လုပ်ငန်းဆောင်ရွက်နေရသဖြင့် ရုံးတစ်ရုံးတည်းဖြင့်မလုံလောက်သည့် အတွက် ၄၆ လမ်းတွင် ရုံးတစ်ရုံးတည်ရှိကြောင်း၊ လက်ရှိမြို့တာ်ခန်းမသည် တာဝန်ခံအဖွဲ့များ၊ဌာနများ၊မြို့တော် ဝန်နှင့်ကော်မတီဝင်များ အခြေစိုက်ကြောင်း၊မြို့တော်ခန်းမရှိသည့် ဆူးလေဘုရားပတ်ဝန်းကျင်သည် ပြည်သူများ အတွက် ဖွင့်လှစ်ပေးရမည့် နေရာဖြစ်ကြောင်း၊နိုင်ငံတကာတွင်လည်း ယခုကဲ့သို့နေရာသည် ပြည်သူများဝင် ထွက်သွားလာမှုလုပ်နိုင်ကြောင်း ပြောထားသည်။
မြို့တော်ခန်းမကို အခမ်းအနားများ၊ Seminar များ၊ဆွေးနွေးပွဲများလုပ်နိုင်ဖို့ဆိုသည့် အခြေအနေမျိုး အသုံးပြုရလျှင်ကောင်းမွန်နိုင်ကြောင်း Development Partner များက Propose လုပ်ထားတာများရှိကြောင်း၊ မြို့တော်ဝန်နဲ့ဝန်ကြီးချုပ်ကလည်း ဒါနဲ့ပတ်သက်ပြီး လုပ်ပေးချင်ကြောင်း သိရသည်။
မြို့တော်ခန်းမတွင် တည်ရှိသည့်ရုံးများ၊ မြို့လယ်တွင် Public Service လုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် ယာဉ်ကြောကျပ်တည်းမှုသည် စည်ပင်ရုံးကြောင့်ဟု ပြောကြားနေသည်များလည်းရှိကြောင်း၊ အဆိုပါကိစ္စ များဖြေရှင်းနိုင်ဖို့နည်းလမ်းသည် စီမံခန့်ခွဲမှုဌာနများမှလွဲပြီးရုံးအား အခြားနေရာသို့ ရွှေ့ပြောင်းကာ မြို့တော်ခန်းမအား ပြည်သူအများသုံးနိုင်သည့် နေရာအဖြစ်ဖွင့်ပေးရန်ဖြစ်ကြောင်း ထိုသို့လုပ်မည်ဆိုလျှင် လေမှုတ်စက်ရုံ ဝင်းအတွင်းမှာရှိသည့် မှတ်တမ်းရုံးဆောက်မယ့်နေရာတွင် လိုအပ်သည့် တခြားဝန်ဆောင်မှုလုပ်ငန်းများကို အဲဒီဘက်ကိုရွှေ့ဖို့ ဆောင်ရွက်ရတဲ့အခြေအနေရှိကြောင်း၊ထိုဆောင်ရွက်မှုများလုပ်၍ပြီးစီးလျှင် မြို့တော်ခန်းမကို ပြည်သူအများ အသုံးပြုနိုင်မယ့်နေရာတစ်ခုဖြစ်အောင် ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com