နယူးယောက်မြို့ရှိ အမေရိကန်စာပို့ဌာန အဆောက်အအုံကြီးတွင် လူနေခန်းများ ထည့်သွင်းဆောက်လုပ်သွားရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
3 Jul 2019 12:51 pm တွင် တင်ခဲ့သည်
529 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့ရှိ အမေရိကန်စာပို့ဌာန အဆောက်အအုံကြီးတွင် လူနေခန်းများ ထည့်သွင်းဆောက်လုပ် သွားရန် စီစဉ်လျက်ရှိသည်။
အမေရိကန် စာပို့ဌာနက ဘရွတ်ခ် အမ်းမက်ဘာဂါဦးဆောင်သည့် JLL ကုမ္ပဏီထံအပ်နှံထားပြီး အဆောက်အအုံ၏ အမိုးပေါ်နေရာကို developer များအနေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိမည် ဖြစ်သည်။
JLL က ထုတ်ပြန်ရာတွင် စာပို့ဌာနအဆောက်အအုံတွင် လူနေခန်းများအဖြစ် ဆောက်လုပ်နိုင်သည့်နေရာ စတုရန်းပေ ၆၇၅၂၂ ရှိပြီး မျက်နှာစာမှာ ၁၇၅ ပေရှိသည်ဟု ဆိုသည်။
နေထိုင်မည့်သူများသည် ကိုယ်ပိုင် lobby နှင့် ဓာတ်လှေကားများ ရရှိမည် ဖြစ်သည်။
စာပို့တိုက်အဆောက်အအုံကြီးကို ဗိသုကာပညာရှင် အဲရစ် ကက်ဘွန်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နှစ်ထပ် အုတ်အဆောက်အအုံကြီးဖြစ်ပြီး သတ္တမနှင့် အဌမရိပ်သာလမ်းကြား၊ အနောက် ၁၈ လမ်း၊ အမှတ် ၂၁၇ တွင် တည်ရှိကာ အမျိုးသား သမိုင်းဝင်နေရာများ မှတ်ပုံတင်စာရင်းတွင် ၁၉၈၉ ခုနှစ်၌ မှတ်တမ်းတင်ခြင်းခံရသည်။
အနောက်ချယ်ဆီးအရပ်သည် အခြေချနေထိုင်သူများ၊ စားသောက်ဆိုင်များ၊ နည်းပညာသမားများ ပြည့်နှက်စည်ကားသည့်နေရာတစ်ခု ဖြစ်ပြီး လမ်းအောက်ဘက်တွင် Google အဆောက်အအုံနှင့် Chelsea Market တို့ တည်ရှိသည်။
နယူးယောက်၏ နာမည်ကျော် High Line နှင့် Madison Square Park ပန်းခြံများမှာ ဘလောက်အနည်းငယ်သာ ဝေးကွာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnami Estate
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service