ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ရုံးမဂၤလာခန္းမတြင္ ဇြန္ ၂၉ ရက္ေန႔က တိုင္းေဒသႀကီးအစိုးရအဖြဲ႔ႏွင့္ သတင္းမီဒီယာေတြ႔ဆုံသည့္အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒႀကီးဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကအဖြင့္ ႏႈတ္ခြန္း ဆက္စကားေျပာၾကားခဲ့သည္။
ထိုအထဲမွ စက္မႈဇုန္ မ်ားတြင္က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ပတ္သက္၍ အဓိကေျဖရွင္းရမည့္အခ်က္ တစ္ခုရွိေၾကာင္း၊ဒါကေတာ့ စက္မႈဇုန္မ်ားထဲတြင္ က်ဴးေက်ာ္ေနထိုင္ေနသည့္ျပႆနာျဖစ္ေၾကာင္း၊ ထိုက်ဴးေက်ာ္ေနထိုင္သူမ်ားကို ရွင္းလင္းဖို႔အတြက္လည္း ေဆာင္ရြက္ေနပါေၾကာင္း၊က်ဴးေက်ာ္ေနထိုင္သူမ်ားကို ေနရာတစ္ခုမွာစနစ္တက် စီမံခန္႔ခြဲႏိုင္ဖို႔အတြက္ေဆာင္ရြက္မွာျဖစ္ပါေၾကာင္းတို႔ကို ေျပာထားသည္။
ထို႔အျပင္က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ပတ္သက္၍ စနစ္တက်ေနရာခ်ထားေပးႏိုင္ရန္ႏွင့္၎တို႔ဘဝ အဆင့္ျမင့္မားလာေစရန္အတြက္ လူ႔အဖြဲ႔အစည္းတစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ ျပန္လည္ကူညီသည့္ပုံသဏၭာန္မ်ိဳးျဖစ္ေအာင္ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း၊က်ဴးေက်ာ္ေနထိုင္သူမ်ားကို ရွင္းလင္းရာတြင္လည္း အမ်ိဳးသမီးမ်ားကိုအေျချပဳ ၿပီးေဆာင္ရြက္သြားရန္ဆုံးျဖတ္ထားေၾကာင္း၊အမ်ိဳးသမီးမ်ားကိုအေျချပဳကာ ဆယ္ေယာက္တစ္စုႏႈန္းျဖင့္ ေခ်းေငြစနစ္ရရွိေအာင္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊မိမိတို႔ တိုင္းေဒသႀကီးအစိုးရ ႏွင့္အတူ NGO မ်ားမွတာဝန္ရွိသူမ်ား ပူးေပါင္းကာ ၎တို႔အတြက္ေနရာခ်ထားေပးႏိုင္ရန္စီစဥ္ထားရွိေၾကာင္း၊ ေနရာခ်ထားေပးမည့္ ေျမေနရာသည္ အစိုးရပိုင္ေျမေနရာျဖစ္၍ အပိုင္ေပးမည္မဟုတ္ေၾကာင္း၊Community ပိုင္ အျဖစ္ထားရွွိသြားမည္ျဖစ္ေၾကာင္း ေျပာထားသည္။
ဆက္လက္၍ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ၎ေနရာတြင္ ေနထိုင္မည့္သူမ်ားအေနႏွင့္အခန္းငွားစားလို႔ ေရာင္းစားလို႔မရပါေၾကာင္း၊အခန္းမွာေနတဲ့သူသည္ အဆင့္ျမင့္သည့္ေနရာကိုသြားမည္ဆိုလွ်င္ လက္ရွိေနရာကို ျပန္ေပးခဲ့ရမွာျဖစ္ေၾကာင္း၊ဘဝအေျခအေန မတိုးတက္မေျပာင္းလဲေသးလွ်င္ဆက္ေနလို႔ရမွာျဖစ္ေၾကာင္း ေျပာထားသည္။
ၾသဂုတ္လတြင္ က်ဴးေက်ာ္မ်ားအတြက္ေနရာခ်ထားႏိုင္ဖို႔ ေနအိမ္အေဆာက္အအုံေဆာက္လုပ္မႈ စတင္ ႏိုင္ဖို႔ေမွ်ာ္မွန္းထားေၾကာင္း၊လႈိင္သာယာ၊ေရႊျပည္သာႏွင့္ဒဂုံေလးၿမိဳ့နယ္တြင္စတင္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ထိုသို႔ေဆာင္ရြက္ႏိုင္ရန္အတြက္ ျပင္ဆင္မႈမ်ားျပဳလုပ္ျခင္းႏွင့္စာရင္းမ်ားကိုလည္း စတင္ျပဳစုေနၿပီျဖစ္ ေၾကာင္းတို႔ကိုေျပာၾကားခဲ့ပါသည္။
ဥကၠာသစၥာ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင် ဇွန် ၂၉ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာတွေ့ဆုံသည့်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအဖွင့် နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
ထိုအထဲမှ စက်မှုဇုန်များတွင်ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်၍ အဓိကဖြေရှင်းရမည့်အချက် တစ်ခုရှိကြောင်း၊ဒါကတော့ စက်မှုဇုန်များထဲတွင် ကျူးကျော်နေထိုင်နေသည့်ပြဿနာဖြစ်ကြောင်း၊ ထိုကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖို့အတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ကျူးကျော်နေထိုင်သူများကို နေရာတစ်ခုမှာစနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက်ဆောင်ရွက်မှာဖြစ်ပါကြောင်းတို့ကို ပြောထားသည်။
ထို့အပြင်ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်၍ စနစ်တကျနေရာချထားပေးနိုင်ရန်နှင့်၎င်းတို့ဘဝ အဆင့်မြင့်မားလာစေရန်အတွက် လူ့အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြန်လည်ကူညီသည့်ပုံသဏ္ဌာန်မျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင်လည်း အမျိုးသမီးများကိုအခြေပြု ပြီးဆောင်ရွက်သွားရန်ဆုံးဖြတ်ထားကြောင်း၊အမျိုးသမီးများကိုအခြေပြုကာ ဆယ်ယောက်တစ်စုနှုန်းဖြင့် ချေးငွေစနစ်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊မိမိတို့ တိုင်းဒေသကြီးအစိုးရ နှင့်အတူ NGO များမှတာဝန်ရှိသူများ ပူးပေါင်းကာ ၎င်းတို့အတွက်နေရာချထားပေးနိုင်ရန်စီစဉ်ထားရှိကြောင်း၊ နေရာချထားပေးမည့် မြေနေရာသည် အစိုးရပိုင်မြေနေရာဖြစ်၍ အပိုင်ပေးမည်မဟုတ်ကြောင်း၊Community ပိုင် အဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း ပြောထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းနေရာတွင် နေထိုင်မည့်သူများအနေနှင့်အခန်းငှားစားလို့ ရောင်းစားလို့မရပါကြောင်း၊အခန်းမှာနေတဲ့သူသည် အဆင့်မြင့်သည့်နေရာကိုသွားမည်ဆိုလျှင် လက်ရှိနေရာကို ပြန်ပေးခဲ့ရမှာဖြစ်ကြောင်း၊ဘဝအခြေအနေ မတိုးတက်မပြောင်းလဲသေးလျှင်ဆက်နေလို့ရမှာဖြစ်ကြောင်း ပြော ထားသည်။
သြဂုတ်လတွင် ကျူးကျော်များအတွက်နေရာချထားနိုင်ဖို့ နေအိမ်အဆောက်အအုံဆောက်လုပ်မှု စတင် နိုင်ဖို့မျှော်မှန်းထားကြောင်း၊လှိုင်သာယာ၊ရွှေပြည်သာနှင့်ဒဂုံလေးမြို့နယ်တွင်စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ခြင်းနှင့်စာရင်းများကိုလည်း စတင်ပြုစုနေပြီဖြစ် ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။Credit: iMyanmarHouse.com