ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
စေကာ့တလန္ႏိုင္ငံတြင္ ဧကေပါင္း ၁၅၀၀၀ ေက်ာ္ က်ယ္ဝန္းျပီး ေတာင္တန္းမ်ား၊ သစ္ေတာမ်ား ပါဝင္သည့္ ေနအိမ္တစ္လံုးသည္ လန္ဒန္ျမိဳ႕လယ္ရွိ တိုက္ခန္းတစ္ခန္းေစ်းႏႈန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
အဆိုပါအက်ယ္အဝန္းတြင္ ေတာင္တန္းေဒသ ဧက ၃၀၀ ခန္႔ ပါဝင္ေနသည္။
Pait and West Monar Estate ဟု အမည္ေပးထားသည့္ အဆိုပါျခံဝန္းၾကီးသည္ ျပီးခဲ့ေသာ ဇြန္လ ၉ ရက္က အေရာင္းေစ်းကြက္သုိ႔ စတင္ဝင္ေရာက္လာခဲ့သည္။
လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ေစ်းကြက္ဝင္လာျခင္းျဖစ္ျပီး ေပါင္ ၂ သန္း (ကန္ေဒၚလာ ၂ ဒသမ ၅ သန္း) သာ ေစ်းေခၚထားသည္။
ရိုးရာအမဲလိုက္ျခင္းမ်ဳိးအတြက္ လိုအပ္သည့္ အေျခခံမ်ား အားလံုးပါဝင္သည္။ ျခံဝန္းအတြင္းရွိ ေတာအုပ္မ်ားအတြင္း သမင္နီ အမဲလိုက္ျခင္း၊ ရစ္ေထာင္ျခင္း၊ ထေရာက္ငါးႏွင့္ ပိုက္ခ္ငါးမွ်ားျခင္းမ်ား ျပဳလုပ္ႏိုင္ေၾကာင္း ေစ်းကြက္တင္ေပးသည့္ Strutt & Parker ကုမၸဏီ၏ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။
ထို႔အျပင္ ေတာင္တက္ျခင္း၊ ခရီးေဝးလမ္းေလွ်ာက္ျခင္းမ်ားလည္း ျပဳလုပ္ႏိုင္သည္။
ျခံဝန္းအတြင္း ေပ ၃၀၀၀ ေက်ာ္ျမင့္မားသည့္ ေတာင္ ၅ လံုးအျပင္ အျခားေတာင္မ်ားစြာ ပါဝင္ေသးကာ ေရေပၚစကိတ္စီးျခင္း၊ ေလွေလွာ္ျခင္း၊ ရြက္ေလွစီးျခင္းႏွင့္ စြန္လႊတ္ျခင္းမ်ားလည္း ျပဳလုပ္ႏိုင္သည္။
ပင္မစံအိမ္ကို Pait Lodge ဟု အမည္ေပးထားျပီး ၁၉ ရာစုႏွစ္အတြင္းက ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။
ဝိတိုရိယဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာေနအိမ္တြင္ အိပ္ခန္း ၈ ခန္းပါဝင္ျပီး ပင္မဓာတ္အားကြန္ရက္ႏွင့္ ေဝးကြာသည့္ေနရာမ်ားတြင္ ေနထိုင္လိုသူမ်ားအတြက္ ေကာင္းမြန္လွသည့္ ေနအိမ္တစ္လံုးျဖစ္သည္။
၂၀၁၇ ခုႏွစ္တြင္ လွ်ပ္စစ္ဓာတ္အား တစ္စိတ္တစ္ပိုင္း တပ္ဆင္ခဲ့ျပီး ေရနံမီးအိမ္မ်ား၊ ဖေယာင္းတိုင္မ်ားမွာ ေနအိမ္၏ ေနရာအႏွံ႔အျပားတြင္ အသံုးျပဳေနဆဲ ျဖစ္သည္။
ျခံဝန္းၾကီးအတြင္း သစ္လံုးအိမ္ ၃ လံုးလည္းရွိေသးျပီး တစ္လံုးမွာ အမဲလိုက္မည့္မုဆိုးေခါင္းေဆာင္ ေနထိုင္ရန္ျဖစ္ျပီး အျခား ၂ လံုးမွာ အမဲလိုက္ရရွိလာသည့္ သားေကာင္မ်ား အမဲဖ်က္ရန္ ေနရာျဖစ္သည္။
ထို႔အျပင္ အလုပ္ရံုမ်ားႏွင့္ သစ္လံုးတဲ အေဆာက္အအံုမ်ားလည္း ပါဝင္ေသးသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
စကော့တလန်နိုင်ငံတွင် ဧကပေါင်း ၁၅၀၀၀ ကျော် ကျယ်ဝန်းပြီး တောင်တန်းများ၊ သစ်တောများ ပါဝင်သည့် နေအိမ်တစ်လုံးသည် လန်ဒန်မြို့လယ်ရှိ တိုက်ခန်းတစ်ခန်းဈေးနှုန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါအကျယ်အဝန်းတွင် တောင်တန်းဒေသ ဧက ၃၀၀ ခန့် ပါဝင်နေသည်။
Pait and West Monar Estate ဟု အမည်ပေးထားသည့် အဆိုပါခြံဝန်းကြီးသည် ပြီးခဲ့သော ဇွန်လ ၉ ရက်က အရောင်းဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ဝင်လာခြင်းဖြစ်ပြီး ပေါင် ၂ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း) သာ ဈေးခေါ်ထားသည်။
ရိုးရာအမဲလိုက်ခြင်းမျိုးအတွက် လိုအပ်သည့် အခြေခံများ အားလုံးပါဝင်သည်။ ခြံဝန်းအတွင်းရှိ တောအုပ်များအတွင်း သမင်နီ အမဲလိုက်ခြင်း၊ ရစ်ထောင်ခြင်း၊ ထရောက်ငါးနှင့် ပိုက်ခ်ငါးမျှားခြင်းများ ပြုလုပ်နိုင်ကြောင်း ဈေးကွက်တင်ပေးသည့် Strutt & Parker ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။
ထို့အပြင် တောင်တက်ခြင်း၊ ခရီးဝေးလမ်းလျှောက်ခြင်းများလည်း ပြုလုပ်နိုင်သည်။
ခြံဝန်းအတွင်း ပေ ၃၀၀၀ ကျော်မြင့်မားသည့် တောင် ၅ လုံးအပြင် အခြားတောင်များစွာ ပါဝင်သေးကာ ရေပေါ်စကိတ်စီးခြင်း၊ လှေလှော်ခြင်း၊ ရွက်လှေစီးခြင်းနှင့် စွန်လွှတ်ခြင်းများလည်း ပြုလုပ်နိုင်သည်။
ပင်မစံအိမ်ကို Pait Lodge ဟု အမည်ပေးထားပြီး ၁၉ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောနေအိမ်တွင် အိပ်ခန်း ၈ ခန်းပါဝင်ပြီး ပင်မဓာတ်အားကွန်ရက်နှင့် ဝေးကွာသည့်နေရာများတွင် နေထိုင်လိုသူများအတွက် ကောင်းမွန်လှသည့် နေအိမ်တစ်လုံးဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား တစ်စိတ်တစ်ပိုင်း တပ်ဆင်ခဲ့ပြီး ရေနံမီးအိမ်များ၊ ဖယောင်းတိုင်များမှာ နေအိမ်၏ နေရာအနှံ့အပြားတွင် အသုံးပြုနေဆဲ ဖြစ်သည်။
ခြံဝန်းကြီးအတွင်း သစ်လုံးအိမ် ၃ လုံးလည်းရှိသေးပြီး တစ်လုံးမှာ အမဲလိုက်မည့်မုဆိုးခေါင်းဆောင် နေထိုင်ရန်ဖြစ်ပြီး အခြား ၂ လုံးမှာ အမဲလိုက်ရရှိလာသည့် သားကောင်များ အမဲဖျက်ရန် နေရာဖြစ်သည်။
ထို့အပြင် အလုပ်ရုံများနှင့် သစ်လုံးတဲ အဆောက်အအုံများလည်း ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)