ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဇြန္ ၂၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္တြင္ ၂၈ ၾကိမ္ေျမာက္ပုံမွန္ေတြ႔ဆုံပြဲ၌ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က အစိုးရသစ္တာဝန္ယူစဥ္ကာလတြင္ ရန္ကုန္တိုင္း တြင္ လယ္ယာက႑တြင္ဧက ၄၀၀၀ ေလာက္ကို အဆင့္ျမင့္လယ္ယာအျဖစ္ ျပဳျပင္ေပးႏိုင္ခဲ့ေၾကာင္း၊က်ပ္ ေငြ ရွစ္ဘီလီယံခန္႔ ေတာင္သူလယ္သမားမ်ား၏ လယ္ယာျပဳျပင္ေရးက႑တြင္ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း ေျပာထားသည္။စိုက္ပ်ိဳးေရးက႑ ပိုမိုတိုးတတ္လာေစဖို႔ႏွင့္ေဈးကြက္အခိုင္အမာရရွိႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္ရမွာျဖစ္ေၾကာင္းလည္းေျပာထားပါတယ္။
ယင္းကဲ့သို႔ေဆာင္ရြက္ရန္အတြက္ အစိုးရ၊ပုဂၢလိက ပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ကာ ပုဂၢလိကလုပ္ငန္းရွင္မ်ား၏လိုအပ္ခ်က္မ်ားကိုလည္း တိုင္ေဒသႀကီးအစိုးရအဖြဲ႔အေနျဖင့္ တတ္စြမ္းသမွ် ျဖည့္ဆည္းေဆာင္ ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆင့္ျမင့္လယ္ယာက႑ေဖာ္ထုတ္မႈတြင္ GAP စနစ္ကိုျပဳစုပ်ိဳးေထာင္ေနျခင္းျဖစ္ေၾကာင္း၊ျပဳစုပ်ိဳး ေထာင္ရျခင္း၏အဓိကရည္ရြယ္ခ်က္သည္ မိမိတို႔ႏိုင္ငံက တင္ပို႔သည့္စိုက္ပ်ိဳးေရးသီးႏွံမ်ား၊ပို႔ကုန္မ်ားကို ႏိုင္ငံတကာက လက္ခံႏိုင္ဖို႔အတြက္ ျပင္ဆင္တာျဖစ္ေၾကာင္း၊မိမိတို႔ပို႔ကုန္ကိုစိုက္ပ်ိဳးစဥ္ကာလကတည္းက စနစ္တ က်ျပဳစုပ်ိဳးေထာင္ၿပီးစိုက္ပ်ိဳးဖို႔လိုေၾကာင္း၊ မိမိတို႔ရန္ကုန္တိုင္းအတြင္းမွာ စတင္ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ေျပာသည္။
GAP လုပ္ေဆာင္ရာတြင္ ေျမေနရာေရြးခ်ယ္ျခင္း၊ေရအသုံးျပဳျခင္း၊မ်ိဳးေစ့၊ပ်ိဳးပင္ေရြးခ်ယ္ျခင္း၊ေျမဩဇာ ႏွင့္ေျမဆီလႊာျဖည့္စြက္ပစၥည္းမ်ား၊စိုက္ပ်ိဳးေရးသုံးႏွင့္အျခားဓာတုပစၥည္းမ်ား၊အပင္ျပဳစုေဆာင့္ေရွာက္ျခင္း၊စိုက္ပ်ိဳးေရးႏွင့္အျခားဆက္စပ္ပစၥည္းမ်ား၊ရိတ္သိမ္းျခင္းႏွင့္ထြက္ကုန္ျပဳျပင္ျခင္း၊သိုေလွာင္ျခင္းႏွင့္သယ္ယူပို႔ေဆာင္ျခင္း၊အေဆာက္အအုံေဆာက္လုပ္ထားျခင္း၊တိရစာၦန္ႏွင့္ဖ်က္ပိုးမ်ားထိန္းခ်ဳပ္ျခင္း၊အေထာက္အထားမ်ားႏွင့္မွတ္တမ္းမ်ား၊ေနာက္ေၾကာင္းျပန္စစ္ေဆးျခင္းသင္တန္းျပန္လည္သုံးသပ္ျခင္းတစ္ကိုယ္ေရသန္႔ရွင္းျခင္းလုပ္သားဘဝသာယာဝေျပာေရးတို႔မွာလိုက္နာေဆာင္ရြက္ရမည့္အခ်က္မ်ားျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရးဆိုင္ရာအေလ့အက်င့္ေကာင္းမ်ား(Good Agricultural Pracities-GAP) ဆိုသည္မွာ ေျမ ျပင္စိုက္ပ်ိဳးထုတ္လုပ္သည္မွ စာသုံးသူလက္ဝယ္ေရာက္သည္အထိ ထုတ္လုပ္မႈကြင္ဆက္တိုင္းတြင္စားသုံးသူ အတြက္အႏၱရာယ္ျဖစ္ေစသည့္ ကူးစက္ညစ္ညမ္းမႈ အနည္းဆုံးျဖစ္ေစရန္လိုက္နာရမည့္ စိုက္ပ်ိဳးေရး ဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားျဖစ္သည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဇွန် ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ၂၈ ကြိမ်မြောက်ပုံမှန်တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အစိုးရသစ်တာဝန်ယူစဉ်ကာလတွင် ရန်ကုန် တိုင်းတွင် လယ်ယာကဏ္ဍတွင်ဧက ၄၀၀၀ လောက်ကို အဆင့်မြင့်လယ်ယာအဖြစ် ပြုပြင်ပေးနိုင်ခဲ့ကြောင်း၊ကျပ် ငွေ ရှစ်ဘီလီယံခန့် တောင်သူလယ်သမားများ၏ လယ်ယာပြုပြင်ရေး ကဏ္ဍတွင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောထားသည်။စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတတ်လာစေဖို့နှင့်ဈေးကွက်အခိုင်အမာရရှိနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ် ကြောင်းလည်းပြောထားပါတယ်။
ယင်းကဲ့သို့ဆောင်ရွက်ရန်အတွက် အစိုးရ၊ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏လိုအပ်ချက်များကိုလည်း တိုင်ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆင့်မြင့်လယ်ယာကဏ္ဍဖော်ထုတ်မှုတွင် GAP စနစ်ကိုပြုစုပျိုးထောင်နေခြင်းဖြစ်ကြောင်း၊ပြုစုပျိုး ထောင်ရခြင်း၏အဓိကရည်ရွယ်ချက်သည် မိမိတို့နိုင်ငံက တင်ပို့သည့်စိုက်ပျိုးရေးသီးနှံများ၊ပို့ကုန်များကို နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် ပြင်ဆင်တာဖြစ်ကြောင်း၊မိမိတို့ပို့ကုန်ကိုစိုက်ပျိုးစဉ်ကာလကတည်းက စနစ်တ ကျပြုစုပျိုးထောင်ပြီးစိုက်ပျိုးဖို့လိုကြောင်း၊ မိမိတို့ရန်ကုန်တိုင်းအတွင်းမှာ စတင်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောသည်။
GAP လုပ်ဆောင်ရာတွင် မြေနေရာရွေးချယ်ခြင်း၊ရေအသုံးပြုခြင်း၊မျိုးစေ့၊ပျိုးပင်ရွေးချယ်ခြင်း၊မြေဩဇာ နှင့်မြေဆီလွှာဖြည့်စွက်ပစ္စည်းများ၊စိုက်ပျိုးရေးသုံးနှင့်အခြားဓာတုပစ္စည်းများ၊အပင်ပြုစုဆောင့်ရှောက်ခြင်း၊စိုက်ပျိုးရေးနှင့်အခြားဆက်စပ်ပစ္စည်းများ၊ရိတ်သိမ်းခြင်းနှင့်ထွက်ကုန်ပြုပြင်ခြင်း၊သိုလှောင်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်း၊အဆောက်အအုံဆောက်လုပ်ထားခြင်း၊တိရစ္ဆာန်နှင့်ဖျက်ပိုးများထိန်းချုပ်ခြင်း၊အထောက်အထားများနှင့်မှတ်တမ်းများ၊နောက်ကြောင်းပြန်စစ်ဆေးခြင်းသင်တန်းပြန်လည်သုံးသပ်ခြင်းတစ်ကိုယ်ရေသန့်ရှင်းခြင်းလုပ်သားဘဝသာယာဝပြောရေးတို့မှာလိုက်နာဆောင်ရွက်ရမည့်အချက်များဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(Good Agricultural Pracities-GAP) ဆိုသည်မှာ မြေ ပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စာသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်ဆက်တိုင်းတွင်စားသုံးသူ အတွက်အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန်လိုက်နာရမည့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com