ေဟာင္ေကာင္တြင္ မေလးရွားေကာင္စစ္ဝန္ရံုး ရံုးစိုက္ထားသည့္ အေဆာက္အအံုကို မေလးရွားဘ႑ာေရးဝန္ၾကီးဌာနက ျပန္လည္ေရာင္းခ်ရန္ စီစဥ္လ်က္ရွိျပီး ေစ်းကြက္တင္ေပးမည့္ အိမ္ျခံေျမအက်ဳိးေဆာင္ရွာေဖြေန

ေဟာင္ေကာင္တြင္ မေလးရွားေကာင္စစ္ဝန္ရံုး ရံုးစိုက္ထားသည့္ အေဆာက္အအံုကို မေလးရွားဘ႑ာေရးဝန္ၾကီးဌာနက ျပန္လည္ေရာင္းခ်ရန္ စီစဥ္လ်က္ရွိျပီး ေစ်းကြက္တင္ေပးမည့္ အိမ္ျခံေျမအက်ဳိးေဆာင္ရွာေဖြေန - Property News in Myanmar from iMyanmarHouse.com
2 Jul 2019 12:02 pm တွင် တင်ခဲ့သည်
671 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မေလးရွားဘ႑ာေရးဝန္ၾကီးဌာနသည္ ေဟာင္ေကာင္တြင္ ေကာင္စစ္ဝန္ရံုးႏွင့္ အျခားေသာ အစိုးရအဖြဲ႔အစည္းမ်ား ရံုးစိုက္ထားရာ အေဆာက္အအံုကို ျပန္လည္ေရာင္းခ်ရန္ စီစဥ္ေနျပီး ေရာင္းခ်ေပးမည့္ အိမ္ျခံေျမအက်ဳိးေဆာင္ရွာေဖြေနေၾကာင္း မေလးရွား အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ဇြန္လ ၂၅ ရက္ ရက္စြဲတပ္ထားေသာ မေလးရွားဘ႑ာေရးဝန္ၾကီးဌာန၏ ကမ္းလွမ္းအဆိုျပဳလႊာ (RFP) တြင္ လုပ္ငန္းေဆာင္ရြက္မည့္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားသည္ ေဟာင္ေကာင္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား အာဏာပိုင္အဖြဲ႔ထံတြင္ မွတ္ပံုတင္ျပီးသူမ်ားျဖစ္ရမည္ဟု ေဖာ္ျပထားသည္။

ဇူလိုင္လ ၉ ရက္တြင္ ေလွ်ာက္လႊာတင္သြင္းမႈမ်ား ပိတ္သိမ္းမည္ျဖစ္သည္။

Malaysia Building ဟု အမည္ေပးထားေသာ အဆိုပါအေဆာက္အအံုသည္ ၂၆ ထပ္ အေဆာက္အအံုတစ္လံုးျဖစ္ျပီး မေလးရွားအစိုးရက ၁၉၈၀ ျပည့္ႏွစ္တြင္ ေဟာင္ေကာင္ေဒၚလာ ၂၁၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခင္ Barisan Nasional ပါတီအစိုးရ လက္ထက္ကလည္း အဆိုပါအေဆာက္အအံုကို ရင္းဂစ္ ၁ ဒသမ ၁ ဘီလီယံျဖင့္ ေရာင္းထုတ္ရန္ ၾကိဳးစားခဲ့ေသးေၾကာင္း မေလးရွားဘ႑ာေရးဝန္ၾကီး လင္ကြမ္းအန္က လႊတ္ေတာ္တြင္ ေျပာၾကားခဲ့ဖူးသည္။

ထိုစဥ္က ေရာင္းခ်မႈတြင္ ကြာလာလမ္ပူအေျခစိုက္ ကုမၸဏီတစ္ခုပါဝင္သည္ဟု ယူဆရသည္။

သို႔ရာတြင္ အာဏာရ Pakatan Harapan (ေမွ်ာ္လင့္ျခင္း မဟာမိတ္အဖြဲ႔ဟု အဓိပၸာယ္ရ) ညြန္႔ေပါင္းအစိုးရက အဆိုပါေရာင္းခ်မႈကို ပယ္ခ်ခဲ့သည္။

လင္ကြမ္းအန္က ဆက္လက္ေျပာၾကားရာတြင္ ဝယ္လက္တစ္ဦးက အဆိုပါအေဆာက္အအံုကို ရင္းဂစ္ ၁ ဒသမ ၆၈ ဘီလီယံျဖင့္ ဝယ္ယူရန္ လက္ရွိအစိုးရကို ကမ္းလွမ္းထားေၾကာင္း ေျပာၾကားထားသည္။

အဆိုပါေစ်းႏႈန္းထက္ ပိုမိုျမင့္မားစြာ ေစ်းေပးမည့္သူကို ေစာင့္ေမွ်ာ္ေနဆဲျဖစ္ေၾကာင္းလည္း လင္ကြမ္းအန္က ေျပာၾကားသည္။

Malaysia Building အေဆာက္အအံုသည္ ေဟာင္ေကာင္မွ ဝမ္ခ်ဳိင္းအရပ္တြင္ တည္ရွိသည္။

ယခုကဲ့သို႔ ႏိုင္ငံ၏ ပိုင္ဆိုင္မႈတစ္ရပ္ကို ၾကားလူပြဲစားမ်ားမွတဆင့္ ေရာင္းခ်သည့္ လက္ရွိအစိုးရ၏ လုပ္ထံုးလုပ္နည္းပံုစံကို MCA ဥကၠဌ ေဒါက္တာ ဝီကာ စီေယာင္က ေဝဖန္ခဲ့သည္။

“အစိုးရဟာ ဘာေၾကာင့္ ဝယ္လက္နဲ႔ တိုက္ရိုက္မဆက္သြယ္ဘဲ ႏိုင္ငံရဲ႕ ပိုင္ဆိုင္မႈတစ္ရပ္ကို ၾကားလူကတဆင့္ေရာင္းဖို႔ RFP ေတြ ေတာင္းေနရတာလဲ”ဟု ေဒါက္တာ ဝီကာက ၎၏ ေဖ့စ္ဘုတ္ပို႔စ္တစ္ခုတြင္ ေရးသားေဖာ္ျပခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနသည် ဟောင်ကောင်တွင် ကောင်စစ်ဝန်ရုံးနှင့် အခြားသော အစိုးရအဖွဲ့အစည်းများ ရုံးစိုက်ထားရာ အဆောက်အအုံကို ပြန်လည်ရောင်းချရန် စီစဉ်နေပြီး ရောင်းချပေးမည့် အိမ်ခြံမြေအကျိုးဆောင်ရှာဖွေနေကြောင်း မလေးရှား အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဇွန်လ ၂၅ ရက် ရက်စွဲတပ်ထားသော မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာန၏ ကမ်းလှမ်းအဆိုပြုလွှာ (RFP) တွင် လုပ်ငန်းဆောင်ရွက်မည့် အိမ်ခြံမြေအကျိုးဆောင်များသည် ဟောင်ကောင် အိမ်ခြံမြေအကျိုးဆောင်များ အာဏာပိုင်အဖွဲ့ထံတွင် မှတ်ပုံတင်ပြီးသူများဖြစ်ရမည်ဟု ဖော်ပြထားသည်။

ဇူလိုင်လ ၉ ရက်တွင် လျှောက်လွှာတင်သွင်းမှုများ ပိတ်သိမ်းမည်ဖြစ်သည်။

Malaysia Building ဟု အမည်ပေးထားသော အဆိုပါအဆောက်အအုံသည် ၂၆ ထပ် အဆောက်အအုံတစ်လုံးဖြစ်ပြီး မလေးရှားအစိုးရက ၁၉၈၀ ပြည့်နှစ်တွင် ဟောင်ကောင်ဒေါ်လာ ၂၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင် Barisan Nasional ပါတီအစိုးရ လက်ထက်ကလည်း အဆိုပါအဆောက်အအုံကို ရင်းဂစ် ၁ ဒသမ ၁ ဘီလီယံဖြင့် ရောင်းထုတ်ရန် ကြိုးစားခဲ့သေးကြောင်း မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ကွမ်းအန်က လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

ထိုစဉ်က ရောင်းချမှုတွင် ကွာလာလမ်ပူအခြေစိုက် ကုမ္ပဏီတစ်ခုပါဝင်သည်ဟု ယူဆရသည်။

သို့ရာတွင် အာဏာရ Pakatan Harapan (မျှော်လင့်ခြင်း မဟာမိတ်အဖွဲ့ဟု အဓိပ္ပာယ်ရ) ညွန့်ပေါင်းအစိုးရက အဆိုပါရောင်းချမှုကို ပယ်ချခဲ့သည်။

လင်ကွမ်းအန်က ဆက်လက်ပြောကြားရာတွင် ဝယ်လက်တစ်ဦးက အဆိုပါအဆောက်အအုံကို ရင်းဂစ် ၁ ဒသမ ၆၈ ဘီလီယံဖြင့် ဝယ်ယူရန် လက်ရှိအစိုးရကို ကမ်းလှမ်းထားကြောင်း ပြောကြားထားသည်။

အဆိုပါဈေးနှုန်းထက် ပိုမိုမြင့်မားစွာ ဈေးပေးမည့်သူကို စောင့်မျှော်နေဆဲဖြစ်ကြောင်းလည်း လင်ကွမ်းအန်က ပြောကြားသည်။

Malaysia Building အဆောက်အအုံသည် ဟောင်ကောင်မှ ဝမ်ချိုင်းအရပ်တွင် တည်ရှိသည်။

ယခုကဲ့သို့ နိုင်ငံ၏ ပိုင်ဆိုင်မှုတစ်ရပ်ကို ကြားလူပွဲစားများမှတဆင့် ရောင်းချသည့် လက်ရှိအစိုးရ၏ လုပ်ထုံးလုပ်နည်းပုံစံကို MCA ဥက္ကဌ ဒေါက်တာ ဝီကာ စီယောင်က ဝေဖန်ခဲ့သည်။

“အစိုးရဟာ ဘာကြောင့် ဝယ်လက်နဲ့ တိုက်ရိုက်မဆက်သွယ်ဘဲ နိုင်ငံရဲ့ ပိုင်ဆိုင်မှုတစ်ရပ်ကို ကြားလူကတဆင့်ရောင်းဖို့ RFP တွေ တောင်းနေရတာလဲ”ဟု ဒေါက်တာ ဝီကာက ၎င်း၏ ဖေ့စ်ဘုတ်ပို့စ်တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service