ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အရည္အေသြးျမင့္အိမ္ရာဝယ္လိုအားကာလရွည္ၾကာဆက္လက္ျမင့္တက္ေနျခင္းႏွင့္ သူေဌးဦးေရျမင့္တက္ျခင္းတို႔ျဖစ္ပြားၿပီးေနာက္ စကၤာပူသည္ ႏုိင္ငံျခားသားမ်ားအတြက္ ေနထိုင္ရန္ ကမာၻ႕တတိယေဈးအႀကီးဆံုးၿမိဳ႕ျဖစ္လာေၾကာင္း သိရသည္။
ကမာၻ႕အိမ္ၿခံေျမအတိုင္ပင္ခံကုမၸဏီ Mercer ၏ ယမန္ႏွစ္က ထုတ္ျပန္ခဲ့ေသာ ေနထုိင္မႈကုန္က်စရိတ္စစ္တမ္းတြင္ စကၤာပူသည္ စတုတၳေနရာ၌ ရပ္တည္ခဲ့ရာမွ ယခုေနာက္ဆံုးထုတ္ျပန္လိုက္ေသာ ယခုႏွစ္စစ္တမ္းတြင္ တတိယေနရာသို႔ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ ယင္းမွာ စကၤာပူေဒၚလာေဈးအေျပာင္းအလဲမ်ားေၾကာင့္မဟုတ္ေၾကာင္း Mercer က ေဖာ္ျပခဲ့သည္။
စကၤာပူသည္ ေနထိုင္စရိတ္ျမင့္မားေသာ္လည္း အဖြဲ႕အစည္းအမ်ားအျပားက လုပ္ငန္းလုပ္ကိုင္ရန္ေနရာေကာင္းတစ္ခုအျဖစ္ ဆက္လက္႐ႈျမင္ၾကဆဲျဖစ္ေၾကာင္း Mercer ၏ အာရွ၊ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကဆုိင္ရာ ေခါင္းေဆာင္ မာရီယိုဖာရာ႐ိုက ေျပာၾကားခဲ့သည္။
“ႏုိင္ငံေပါင္းစံုက စီးပြားေရးလုပ္ငန္းအမ်ားအျပားရွိတာ၊ အရည္အခ်င္းျမင့္မားတဲ့ဝန္ထမ္းေတြကို ဆြဲေဆာင္ႏုိင္တာ၊ အရည္အေသြးျမင့္မားတဲ့ကုန္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြနဲ႔ ေနရာထုိင္ခင္းေတြအတြက္ ကာလရွည္ၾကာဆက္လက္ျမင့္တက္ေနတဲ့ ဝယ္လိုအားတို႔ေၾကာင့္ စကၤာပူဟာ အေရးပါတဲ့ေဒသတြင္းနဲ႔ကမာၻလံုးဆုိင္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ေနဆဲပဲ ျဖစ္ပါတယ္။ အားေကာင္းတဲ့ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ လ်င္ျမန္စြာဖြံ႕ၿဖိဳးေနတဲ့စီးပြားေရးတို႔ေၾကာင့္ စကၤာပူမွာ အရည္အခ်င္းျမင့္မားတဲ့ဝန္ထမ္းေတြ တိုးၿမဲတိုးေနတာပါ။” ဟုလည္း သူက ေျပာၾကားခဲ့သည္။
ထိုစာရင္းပါ ကမာၻ႕ေဈးအႀကီးဆံုးၿမိဳ႕ ၁၀ ၿမိဳ႕တြင္ ၈ ၿမိဳ႕မွာ အာရွမွျဖစ္သည္။ ယင္းမွာ အာရွ၏ ေဈးႏႈန္းဆက္တိုက္ျမင့္တက္လာေသာအိမ္ၿခံေျမေဈးကြက္မ်ားႏွင့္ ကုန္ပစၥည္းေဈးႏႈန္းမ်ားျမင့္မားမႈတို႔ေၾကာင့္ ျဖစ္ေၾကာင္း Mercer က မွတ္ခ်က္ျပဳခဲ့သည္။
ေဟာင္ေကာင္က နံပါတ္တစ္ေနရာတြင္ ဆက္လက္ရပ္တည္ခဲ့ျပန္ကာ ဒုတိယေဈးအႀကီးဆံုးၿမိဳ႕အျဖစ္ တိုက်ဳိ၊ စတုတၳေဈးအႀကီးဆံုးၿမိဳ႕အျဖစ္ ဆိုးလ္ႏွင့္ ပၪၥမေဈးအႀကီးဆံုးၿမိဳ႕အျဖစ္ ဇူးရစ္ခ်္တို႔ ေဖာ္ျပခံခဲ့ၾကရသည္။
ႏိုင္ငံျခားသားမ်ားေနထုိင္ရန္အတြက္ ကမာၻ႕ေဈးအေပါဆံုးေနရာမွာမူ တူနီးရွားရွိ တူးနစ္ၿမိဳ႕ျဖစ္သည္။ ယမန္ႏွစ္စာရင္းတြင္မူ ေဈးအေပါဆံုးၿမိဳ႕အျဖစ္ ဥဇဘက္ကစၥတန္ႏုိင္ငံရွိ တက္ရွ္ကင္ၿမိဳ႕က ရပ္တည္ခဲ့ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အရည်အသွေးမြင့်အိမ်ရာဝယ်လိုအားကာလရှည်ကြာဆက်လက်မြင့်တက်နေခြင်းနှင့် သူဌေးဦးရေမြင့်တက်ခြင်းတို့ဖြစ်ပွားပြီးနောက် စင်္ကာပူသည် နိုင်ငံခြားသားများအတွက် နေထိုင်ရန် ကမ္ဘာ့တတိယဈေးအကြီးဆုံးမြို့ဖြစ်လာကြောင်း သိရသည်။
ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Mercer ၏ ယမန်နှစ်က ထုတ်ပြန်ခဲ့သော နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းတွင် စင်္ကာပူသည် စတုတ္ထနေရာ၌ ရပ်တည်ခဲ့ရာမှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော ယခုနှစ်စစ်တမ်းတွင် တတိယနေရာသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ စင်္ကာပူဒေါ်လာဈေးအပြောင်းအလဲများကြောင့်မဟုတ်ကြောင်း Mercer က ဖော်ပြခဲ့သည်။
စင်္ကာပူသည် နေထိုင်စရိတ်မြင့်မားသော်လည်း အဖွဲ့အစည်းအများအပြားက လုပ်ငန်းလုပ်ကိုင်ရန်နေရာကောင်းတစ်ခုအဖြစ် ဆက်လက်ရှုမြင်ကြဆဲဖြစ်ကြောင်း Mercer ၏ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ခေါင်းဆောင် မာရီယိုဖာရာရိုက ပြောကြားခဲ့သည်။
“နိုင်ငံပေါင်းစုံက စီးပွားရေးလုပ်ငန်းအများအပြားရှိတာ၊ အရည်အချင်းမြင့်မားတဲ့ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်တာ၊ အရည်အသွေးမြင့်မားတဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ နေရာထိုင်ခင်းတွေအတွက် ကာလရှည်ကြာဆက်လက်မြင့်တက်နေတဲ့ ဝယ်လိုအားတို့ကြောင့် စင်္ကာပူဟာ အရေးပါတဲ့ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အားကောင်းတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ လျင်မြန်စွာဖွံ့ဖြိုးနေတဲ့စီးပွားရေးတို့ကြောင့် စင်္ကာပူမှာ အရည်အချင်းမြင့်မားတဲ့ဝန်ထမ်းတွေ တိုးမြဲတိုးနေတာပါ။” ဟုလည်း သူက ပြောကြားခဲ့သည်။
ထိုစာရင်းပါ ကမ္ဘာ့ဈေးအကြီးဆုံးမြို့ ၁၀ မြို့တွင် ၈ မြို့မှာ အာရှမှဖြစ်သည်။ ယင်းမှာ အာရှ၏ ဈေးနှုန်းဆက်တိုက်မြင့်တက်လာသောအိမ်ခြံမြေဈေးကွက်များနှင့် ကုန်ပစ္စည်းဈေးနှုန်းများမြင့်မားမှုတို့ကြောင့် ဖြစ်ကြောင်း Mercer က မှတ်ချက်ပြုခဲ့သည်။
ဟောင်ကောင်က နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပြန်ကာ ဒုတိယဈေးအကြီးဆုံးမြို့အဖြစ် တိုကျို၊ စတုတ္ထဈေးအကြီးဆုံးမြို့အဖြစ် ဆိုးလ်နှင့် ပဉ္စမဈေးအကြီးဆုံးမြို့အဖြစ် ဇူးရစ်ချ်တို့ ဖော်ပြခံခဲ့ကြရသည်။
နိုင်ငံခြားသားများနေထိုင်ရန်အတွက် ကမ္ဘာ့ဈေးအပေါဆုံးနေရာမှာမူ တူနီးရှားရှိ တူးနစ်မြို့ဖြစ်သည်။ ယမန်နှစ်စာရင်းတွင်မူ ဈေးအပေါဆုံးမြို့အဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံရှိ တက်ရှ်ကင်မြို့က ရပ်တည်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)