ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ (၁၀/၂၀၁၉) ႀကိမ္ေျမာက္အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္ရြက္မည့္ ရင္းႏွီးျမွဳပ္ႏွံမႈရွစ္ခုအားထပ္မံခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ခဲ့သည့္က႑မ်ားတြင္ စက္မႈက႑တြင္အမ်ားဆုံးပါဝင္ေၾကာင္း၊ အိမ္ရာအေဆာက္ အအုံက႑ႏွင့္အျခားဝန္ေဆာင္မႈက႑မ်ားပါဝင္ေၾကာင္းသိရသည္။
၎ရင္းႏွီးျမွဳပ္ႏွံမႈရွစ္ခုတြင္ ႏိုင္ငံျခားရင္း ႏွီးျမွဳပ္ႏွံမႈအေနႏွင့္ခုနစ္ခုရွိၿပီး ျမန္မာႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းတစ္ခုလည္းပါဝင္မွာျဖစ္ေၾကာင္း၊ထိုရင္းႏွီး ျမွဳပ္ႏွံမႈတို႔ေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၃၀၀၀၀ ေက်ာ္ရရွိမည္ျဖစ္ၿပီး၊ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မတီအေနႏွင့္ ျမန္မာႏိူင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒႏွင့္အညီ ခြင့္ျပဳထားေၾကာင္းသိရသည္။
ထိုရင္းႏွီးျမွဳပ္ႏွံမႈတို႔တြင္ ျပည္ပႏိုင္ငံမ်ားအေနႏွင့္တရုတ္၊ဗီယက္နမ္၊ေဟာင္ေကာင္ႏွင့္တရုတ္ (တိုင္ေပ) တို႔က ရင္းႏွံျမွဳပ္ႏွံမႈတို႔လုပ္ခဲ့ေၾကာင္းသိရသည္။
ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ားကိုခြင့္ျပဳေပးရာတြင္ နည္းပညာဆီေလ်ာ္မႈ၊တီထြင္ဆန္းသစ္မႈ၊နည္းပညာ လႊဲေျပာင္းရရွိမႈ၊ပတ္ဝန္းက်င္ထိခိုက္မႈႏွင့္လူမႈေရးထိခိုက္မႈ၊ထိန္းသိမ္းကာကြယ္ေရးေဆာင္ရြက္မႈ၊အစီအမံတာ ဝန္ယူမႈရွိေသာ ရင္းႏွီးျမွဳပ္ႏွံမႈျဖစ္ျခင္း၊တည္ဆဲဥပေဒမ်ာကိုလိုက္နာျခင္းဟူေသာ အခ်က္မ်ားႏွင့္စိစစ္ခြင့္ျပဳျခင္း ျဖစ္သည္။
ဥကၠာသစၥာ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုရှစ်ခုအားထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့သည့်ကဏ္ဍများတွင် စက်မှုကဏ္ဍတွင်အများဆုံးပါဝင်ကြောင်း၊ အိမ်ရာအဆောက် အအုံကဏ္ဍနှင့်အခြားဝန်ဆောင်မှုကဏ္ဍများပါဝင်ကြောင်းသိရသည်။
၎င်းရင်းနှီးမြှုပ်နှံမှုရှစ်ခုတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအနေနှင့်ခုနစ်ခုရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုလည်းပါဝင်မှာဖြစ်ကြောင်း၊ထိုရင်းနှီး မြှုပ်နှံမှုတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀၀ ကျော်ရရှိမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအနေနှင့် မြန်မာနိူင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ခွင့်ပြုထားကြောင်းသိရသည်။
ထိုရင်းနှီးမြှုပ်နှံမှုတို့တွင် ပြည်ပနိုင်ငံများအနေနှင့်တရုတ်၊ဗီယက်နမ်၊ဟောင်ကောင်နှင့်တရုတ် (တိုင်ပေ) တို့က ရင်းနှံမြှုပ်နှံမှုတို့လုပ်ခဲ့ကြောင်းသိရသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုခွင့်ပြုပေးရာတွင် နည်းပညာဆီလျော်မှု၊တီထွင်ဆန်းသစ်မှု၊နည်းပညာ လွှဲပြောင်းရရှိမှု၊ပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူမှုရေးထိခိုက်မှု၊ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု၊အစီအမံတာ ဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း၊တည်ဆဲဥပဒေမျာကိုလိုက်နာခြင်းဟူသော အချက်များနှင့်စိစစ်ခွင့်ပြုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၈ ခုနှစ် ဧပြီလနှင့်စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်း ၅၅ ခုခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၉၄ ဒသမ ၇၈၂ သန်း ရှိခဲ့ကာမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် လုပ်ငန်း ၂၈ ခုခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အနေနှင့် ကျပ် ၇၁၈၆၄၂ ဒသမ ၃၇၉ သန်း ရှိကြောင်း သိရပါသည်။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com