ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
စစ်ကိုင်းမြို့ သည်တိုင်း၏ဝင်ပေါက်ဖြစ်သည့်အတွက် စီးပွားရေးတိုးတတ်လာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ၊SME လုပ်ငန်းများလည်းတိုးတတ်လာမှာဖြစ်ကြောင်း၊ စစ်ကိုင်းသည် အချက်အချာကျကြောင်း၊ ဒီကနေ တစ်ဆင့် မြင်းမူကိုလည်းကောင်း၊ ရှိန်းမကားကိုလည်းကောင်းသွား၍ရကြောင်း တံတားဦး လေယာဉ်ကွင်း နှင့်လည်းနီးကြောင်း တိုင်းဒေသကြီးအစိုးရအနေနှင့်အများကြီး ကြိုးစားနေကြောင်းပြောထားပါသည်။
ယခုလိုမြို့တော်များကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ပြည်ထောင်စုကအခု မှ စာကျလာကြောင်း၊ ဘာတွေဆောင်ရွက်ရမယ် ဆိုတာ အသေးစိတ်တွေပါမှာဖြစ်ကြောင်း၊တစ်နိုင်ငံလုံးမှာ “One State One Township”ဆိုသည့် စီမံချက်ရှိကြောင်း၊စစ်ကိုင်းမြို့ကို အတည် ပြုပြီးပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစီုးဦးကလည်းပြောထားပါသည်။
ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ခံတပ်၊ ကနောင် မင်းသားကြီးဆောက်လုပ်ခဲ့သော သံရည်ကျိုစက်ရုံ၊ ရှေးဟောင်းရုပ် စုံကျောင်းအပါအဝင် လေ့လာလည်ပတ်စရာ နေရာအချို့ကိုတိုင်း အစိုးရအဖွဲ့က ပြုပြင်ထိန်းသိမ်းကာ စစ်ကိုင်းမြို့ကို ခရီးသွားကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများလည်းဆောင်ရွက်နေကြောင်း သိရသည်။
### Unicode Version ###
တိုင်းဒေကြီးအစိုးရအဖွဲ့နှင့်လူထုတွေ့ဆုံပွဲကို ဇွန်လ(၂၈)ရက်နေက စစ်ကိုင်းမြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းတိုင်းမြို့ကို One State One Township စီမံချက်အရ စံပြမြို့နယ်အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောထားပါသည်။
စစ်ကိုင်းမြို့ သည်တိုင်း၏ဝင်ပေါက်ဖြစ်သည့်အတွက် စီးပွားရေးတိုးတတ်လာမည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းများ၊SME လုပ်ငန်းများလည်းတိုးတတ်လာမှာဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအနေနှင့်အများကြီး ကြိုးစားနေကြောင်းပြောထားပါသည်။
တစ်နိုင်ငံလုံးမှာ “One State One Township” ဆိုသည့် စီမံချက်ရှိကြောင်း၊စစ်ကိုင်းမြို့ကို အတည် ပြုပြီးပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစီုးဦးကလည်းပြောထားပါသည်။
လူထုတွေ့ဆုံပွဲများကို လက်ရှိတွင် ခရိုင်အလိုက်ဆောင်ရွက်နေပြီး အချိန်ရပါက မြို့နယ်အလိုက် တွေ့ဆုံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေကြီးအစိုးရအဖွဲ့ကပြောထားပါသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com