ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန်ကုန် - ဒလ တံတားစီမံကိန်း အတွက် ဒလ ဘက်ကမ်း၌ အောက်ခံဘိုးပိုင်တူးခြင်းလုပ်ငန်းကို ဇွန် ၂၈ ရက်ကစတင်ခဲ့ပြီး တံတားတည်ဆောက်ရေးစီမံကိန်းကာလအား ၂၀၂၂ နှစ်ကုန်ပိုင်းအထိမျှော်မှန်း ထားကြောင်း သိရသည်။
"တံတားတည်ဆောက်ရေးကာလကို ၂၀၂၂ နှစ်ကုန်ပိုင်းအထိ မှန်းထားပါတယ်။ မေလမှာ ဒီတံတားစီမံကိန်းစခဲ့တယ်။ ခန့်မှန်းကာလ ၄၁ လအတွင်းမှာ အပြီးတည် ဆောက်သွားမှာပါ။ ဒီနေ့ကစပြီး ပိုင်စိုက်ထူခြင်းနဲ့ အောက်ခြေလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာပါ" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒလ တံတားစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးသက်ဝေအောင်က ပြောဆိုသည်။
ထိခိုက်မှုအနည်းဆုံးဖြစ်ရန်
ရန်ကုန် - ဒလ တံတား စီမံကိန်းသည် ရန်ကုန်မြို့လယ်၌ တည်ဆောက်နေခြင်းဖြစ်၍ ပြည်သူများထိခိုက်မှုအနည်းဆုံးဖြစ်ရန် အချိန်ယူညှိနှိုင်းတိုင်ပင်ကာ နိုင်ငံတကာစံချိန်စံနှုန်း ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်နေရခြင်းဖြစ်သည်။
"အခုလုပ်ငန်းတွေစတင်တာမြင်ရတော့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ မရှိတော့ဘူး"ဟု ဒလမြို့နယ်နေ ဦးသောင်းထွန်းက ပြောဆိုသည်။
ရန်ကုန် - ဒလ တံတား စီမံကိန်းတည်ဆောက်ရန် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ကြသော်လည်း ချေးငွေကိစ္စများကြောင့် စီမံကိန်းအကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပိုမိုဖွံ့ဖြိုးလာမည်
အဆိုပါတံတားစီမံကိန်းပြီးစီးပါက ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်း မိုင်ရှိသည့် ဒလမြို့နယ်၏ မြို့ပြဖွံ့ဖြိုးမှုအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒလမြို့နယ်နှင့် တစ်ဆက်တည်းရှိနေသည့် တွံတေး ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသည်လည်း ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ–ကိုရီးယား ချစ်ကြည်ရေးအဖြစ် ဒလတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ၏ချေးငွေဖြင့် တည်ဆောက် နေခြင်းဖြစ်သည်။
Credit: The Myanmar Times
### Unicode Version ###
Credit: The Myanmar Times