ဆယ်အိမ်တန်းကမ်းခြေကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်သည့် အခြေအနေ ရှိမရှိ လေ့လာမည်

ဆယ်အိမ်တန်းကမ်းခြေကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်သည့် အခြေအနေ ရှိမရှိ လေ့လာမည် - Property News in Myanmar from iMyanmarHouse.com
28 Jun 2019 12:55 pm တွင် တင်ခဲ့သည်
1848 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် တွင် တည်ရှိသည့် ဆယ်အိမ်တန်း အပန်းဖြေကမ်းခြေဒေသကို ခရီးသွားလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေရှိ၊ မရှိ လေ့လာမည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်နော်ပန်းသဉ္ဇာမျိုးက ဇွန် ၂၅ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းဝေးတွင် ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ယခင် လက်ခုပ်ကုန်းကမ်းခြေဟောင်း အနီးတွင် ဖြစ်ပေါ်လာသည့် ဆယ်အိမ်တန်း အလယ်ရွာကမ်းခြေ အပန်းဖြေစခန်းကို တရားဝင်အပန်းဖြေကမ်းခြေတစ်ခု ဖြစ်လာစေရန် တိုင်းအစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးရန် အစီစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မင်းမင်းက တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။

ဆယ်အိမ်တန်းကမ်းခြေ အပန်းဖြေဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတစ်ဦးတည်း အကောင်ထည်ဖော်နိုင်ခြင်းမရှိပါကလည်း ပီပီပီ (အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ်)ဖြင့် ရင်းနှီးမြှုပ်နှံမှုဖော်ဆောင်ရန် ရှိမရှိကိုလည်း ထပ်မံမေးမြန်းခဲ့သည်။

''စီးပွားရေးအရ တွက်ခြေမကိုက်ရင် လုပ်ငန်းရှင်တော်တော်များများက လာရောက်ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် အစိုးရက စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ ကနဦး ကွင်းဆင်းလေ့လာမှုပြုလုပ်ပါမယ်။ ပြီးတော့တွက်ခြေကိုက်နိုင်မယ့် စီးပွားရေးပုံစံမျိုးဖြစ်တဲ့ ပီပီပီစနစ်နဲ့ ဖိတ်ခေါ်နိုင်အောင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြပေးပါမယ်''ဟု ဝန်ကြီးက ပြောသည်။

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ဒေသခံပြည်သူများ၏ လူမှုအကျိုး စီးပွားဖွံ့ဖြိုးမှုကို အလျင်အမြန် အထောက်အပံ့ဖြစ်စေနိုင်သော်လည်း ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အစီအမံတစ်ခုရေးဆွဲရန် လိုအပ်သည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ယင်း အစီမံရေးဆွဲရေးအတွက် သာယာလှပသော ရှုခင်းများတည်ရှိမှု၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုများ တည်ရှိမှု၊ ဒေသခံများ၏ ဧည့်ဝတ်ပျူငှာမှုနှင့် ခရီးသွားဧည့်သည်များကို စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိ၊ မရှိတို့မှာ အခြေခံလိုအပ်ချက်များဖြစ်သည်။ထို့ပြင် ဒေသခံများ၏ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာရှိမှုတို့အပြင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် အခြေခံအဆောက်အအုံများ ပြည့်စုံရန်လိုအပ်သည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ် ရေး၊ ရေချိုရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ကနဦးအစီစဉ်ဖြင့် အကောင်ထည် ဖော် ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။ယခင် လက်ခုပ်ကုန်းအပန်းဖြေကမ်းခြေဟောင်းအနီးတွင် အသစ်ပေါ်ထွက်လာသည့် ဆယ်အိမ်တန်းကမ်းခြေကို ရန်ကုန်မြို့မှသွားလျှင် နှစ်နာရီခန့်အတွင်း ရောက်ရှိနိုင်ပြီး ပြည်တွင်းခရီးသွားများ အများအပြားသွားရောက်သည့် ပင်လယ်ကမ်းခြေတစ်ခုဖြစ်လာသည်။

ကမ်းခြေရှိ ပင်လယ်ရေများမှာ ကြည်လင်မှုမရှိသော်လည်း သန့်ရှင်းလတ် ဆတ်သည့် ပင်လယ်လေနှင့် ပင်လယ်အစားအစာများ ရရှိသည့်အတွက် သွားရောက်အပန်းဖြေရန် နေရာကောင်းတစ်ခုဖြစ်သည်ဟု ပြီးခဲ့သည့် ပွင့်လင်းရာသီအတွင်း သွားရောက်ခဲ့သူများက ပြောသည်။ကွမ်းခြံကုန်းမြို့နယ်ရှိ၊ လက်ခုပ်ကုန်းကမ်းခြေကို ပြည်တွင်း၊ ပြည်ပဧည့်သည်များ သွားရောက်အပန်းဖြေနိုင်သည့် ကမ်းခြေဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

သို့သော်လည်း နုန်းပို့ချမှုများကြောင့် ကမ်းခြေအရည်အသွေးကျဆင်းခဲ့ပြီး ကမ်းခြေတွင်သောင်ပြင်များ ပေါ်ထွန်းလာမှုကြောင့် ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေမှု လျော့ကျသွားခဲ့သည်။လက်ရှိတွင် လက်ခုပ်ကုန်းကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနပိုင် ၁၈ ခန်းတွဲ ဟိုတယ်မှာလည်း ယိုယွင်းပျက်စီးသွားခဲ့ပြီး အသစ်ပြန်လည်တည်ဆောက်ရမည့် အခြေနေတွင်ရှိနေသည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service