ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် ဇွန်လ ၂၆ ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက”လာမယ့် သုံးလအတွင်း အစိုးရပိုင်မြေပေါ်တွင် ချေးငွေ ဖြင့် ကျူးကျော်များအတွက် ၁၅ ပေ x ၃၅ ပေ ခန့်ရှိတဲ့ အိမ်ရာတွေကို အကောင်အထည်ဖော်တည်ဆောက် ပေးနိုင်ဖို့ စတင်နိုင်ရန်မျှော်မှန်းထားကြောင်း ပြောသည်။
“အစိုးရရဲ့စီမံခန့်ခွဲနိုင်တဲ့မြေ၊ YCDC ရဲ့စီမံခန့်ခွဲနိုင်တဲ့မြေပေါ်မှာ ချပေးဖို့ ကျွန်တော်တို့ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့စဉ်းစားနေတာက ၁၈ ပေ x ၃၅ ပေ ၊ ၁၅ ပေအကျယ်ရှိတဲ့အိမ်ဖြစ်ရင် ၁၈ ပေ ဆိုရင် ဘေးမှာလည်း သုံးပေလောက်ကျန်မယ်၊အရှည် ၃၅ ပေရှိပြီး နောက်ဖေးက သုံးပေလောက်ရှိမယ်ဆိုရင် နေလို့အဆင်ပြေသွား မှာပါ၊တန်ဖိုးကြီးကြီးမဟုတ်တောင် နောက်ဖေးလမ်းကြားမှာ မိလ္လာစနစ်နဲ့ပတ်သက်ပြီး မိလ္လာကန်တို့၊ရေစစ်ကန် တို့ ပါနိုင်တဲ့ပုံစံလေး ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ်၊တည်ဆောက်မယ့်ပုံစံမှာ စရိတ်အသက်သာဆုံးနဲ့ သူတို့ နေထိုင်မယ့် အဆင်ပြေနိုင်ဆုံးနှုန်းထားနဲ့ဆောက်ဖို့ကျွန်တော်တို့ကြိုးစားပါမယ်။နောက်သုံးလလောက်မှာ တည်ဆောက်ရေးလုပ်ငန်းအဖြစ် ရောက်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်” ဟုပြောပါသည်။
ထိုအိမ်ရာများတွင် အဓိကဦးစားပေးမှုအနေနှင့်နေရေးအတွက်အမှန်တကယ် ခက်ခဲနေသည့်ပင်စင်စား များ၊အလုပ်လုပ်နေသော်လည်း ဝင်ငွေအခက်အခဲရှိသူများ၊အထူးသဖြင့်နေရေးအတွက် အခက်အခဲအရှိဆုံး သူများအတွက် စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေထိုင်သူများအနေနှင့်အိမ်ရာတည်ဆောက်မှုချေးငွေကိုပြန်လည်ပေးဆပ်ရမည့်အပြင်၊ရောင်းချခြင်း ငှားရမ်းမှုများ ဆောင်ရွက်ခွင့်မရှိကြောင်း၊အိမ်ပုံစံဒီဇိုင်းများကို နေထိုင်သူများစိတ်ကြိုက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သီးခြားခွဲထွက်ပုံစံ မျိုးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍လည်း စမတ်ကတ် ကောက်ထားတာတွေရှိကြောင်း၊ထပ်တိုးလာတဲ့သူတွေ လည်းရှိကြောင်း၊စာရင်းကောက်ယူမှုအရ ရာခိုင်နှုန်း (၇၀)သာစမတ်ကတ်ရရှိထားပြီးကျန် (၃၀) ရာခိုင်နှုန်းမှာ စမတ်ကတ်မရရှိသေး ကြောင်း၊ကျန်လူများအတွက် စာရင်းကောက်ယူမှုပြီးလျှင် နေရာချထားပေးဖို့အတွက် စီမံမှာဖြစ်ကြောင်း ပြောပါသည်။
ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com