“စက်မှုဥယျာဉ်စီမံကိန်းများဖော်ဆောင်ရန်”အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက်ရှင်းလင်း

“စက်မှုဥယျာဉ်စီမံကိန်းများဖော်ဆောင်ရန်”အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
28 Jun 2019 10:58 am တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး

ဇွန်လ ၂၅ ရက်နေ့တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လှည်းကူး နှင့် ထန်းတပင်မြို့နယ် တို့တွင် အကောင်အထည်ဖော်မည့် ရေပေါ်ဈေးများ၊ နိုင်ငံတကာထုတ်ကုန်များပါဝင်မည့် စက်မှုဥယျာဉ်စီမံကိန်းနှင့်ပတ်သက်ပြီးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

စက်မှုဥယျာဉ်စီမံကိန်းများအား လှည်းကူးမြို့နယ် အတွင်းတွင် မြေအကျယ် ၁၃၄၆ ဒဿမ ၅၇ ဧကတွင် ဖော်ဆောင်မည်ဖြစ်ကြောင်း၊အကျိုးခံစားခွင့်ပြန်လည်ပေးအပ်ရမည့် ၂၆၄ ဒသမ ၇၀ ဧကရှိကြောင်း၊လမ်းမြေ သည် ၅၃ ဒဿမ ၅၆ ဧကရှိမည်ဖြစ်ကြောင်း၊ထန်းတပင်မြို့နယ်တွင် ၂၂၂၀ ဒသမ ၈၂ ဧကရှိကြောင်းသိရသည်။

ရေပေါ်ဈေးနှင့်ရေပေါ်အပန်းဖြေစခန်းများပါဝင်မည့် ထန်တပင်မြို့နယ် စက်မှုဥယျာဉ်စီမံကိန်းတွင် စက်မှုလုပ်ငန်းစက်ရုံများ၊လူနေအိမ်များ၊အသေးစား အလတ်စားနှင့်ပတ်သက်သည့်လုပ်ငန်းများနှင့်နည်းပညာ စက်ရုံများပါဝင်မည်ဖြစ်ကာ Phase.1,Phase.2, Phase.3 တို့ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးကပြောထားရာတွင် နာမည်ကြီးစက်ရုံများ၊ဟောင်ကောင်တို့ထိုင်ဝမ်တို့က နာမည်ကြီးကုမ္ပဏီ ကြီးများ၊အထည်ချုပ်လုပ်ငန်းများနှင့်တစ်ကမ္ဘာလုံးဖြန့်နေသည့် သတို့သမီးဝတ်စုံချုပ်သည့် လုပ်ငန်းများပါဝင် မည်ဖြစ်ကြောင်း၊ Branded စက်ရုံတွေလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလုပ်ငန်းရှင်များနှင့်စင်ကာပူမှကုမ္ပဏီတစ်ခုတို့ပူးပေါင်းပြီး လှည်းကူးမြို့နယ်စက်မှုဥယျာဉ်စီ မံကိန်းကို ဖော်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

လှည်းကူအတွက်ပဲ ကိုးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၂ သန်းလောက်ရှိမည် ဟုခန့်မှန်းထားကြောင်း၊အလုပ်အကိုင်ရှာဖွေမှုကလည်း လူဦးရေခုနှစ်သောင်းခွဲလောက် အတွက် ရှာဖွေပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

အခြေခံအဆောက်အအုံများနှင့်စီမံကိန်းအကောင်အထည်ပေါ်လာသည်အခါတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိလာနိုင်ကြောင်းသိရသည်။အဲဒီကနေ ထုတ်ကုန် တန်ဖိုးတွေကလည်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံလောက်ဖြစ်နိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရသည်။

ယခုဖော်ဆောင်မည့်စီမံကိန်းကို လွှတ်တော်သို့ မတင်ပြမီ လုပ်ဆောင်နေသည့်ကိစ္စများကို ရှင်းလင်း ခြင်းဖြစ်ကြောင်း၊လယ်သမားတွေအနေနှင့်လည်း သဘောတူပြီးဖြစ်ကြောင်း၊လွှတ်တော်အစည်းအဝေးတင်ပြီး ဆုံးဖြတ်ချက်ရယူပြီးလျှင် Centre ကိုတဆင့်ထပ်တင်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကို ဖြတ်သန်းမည် ဖြစ်ကြောင်း ယခု လွှတ်တော်မဖြတ်သန်းခင် ကိုယ်စားလှယ်များကိုဆွေးနွေးတင်ပြခြင်းဖြစ်ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service