တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည်

တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 12:53 pm တွင် တင်ခဲ့သည်
1994 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ရှိ တာမွေယာယီဈေးကို အဆင့်မြှင့်တင် တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်တည် ဆောက်ရန် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကက်ဘိနက်အစည်းအဝေးက ဆုံးဖြတ် ခဲ့၍ တင်ဒါခေါ်ယူခဲ့ကြောင်း၊ ပထမအကြိမ် တင်ဒါအောင်ကုမ္ပဏီရှိသော်လည်းဘဏ္ဍာရေး လိုအပ်ချက် ရှိခဲ့သော ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တင်ဒါပြန်လည်ခေါ်ယူခဲ့ရကြောင်း၊ဒုတိယအကြိမ်တင်ဒါခေါ်တဲ့အခါ One OneOne ကုမ္ပဏီက အောင်မြင်ခဲ့ပြီး တည်ဆောက်မည့်ဒီဇိုင်းမှာ ဈေးသူဈေးသားတွေအတွက်လည်း သင့်

လျော်ရန်၊ နှစ်ဖက်အကျိုးခံစားခွင့်မှာလည်း ကော်မတီကရရှိမှုပိုမိုကောင်းမွန်တဲ့ အနေအထားရှိရန်၊ ရင်းနှီးမြှုပ် နှံမည့် ငွေအရင်းအနှီးတွေ ပိုမိုခိုင်မာမှုရှိမရှိ စသဖြင့် အဆင့်ဆင့် စစ်ဆေးခဲ့ကြောင်းသိရသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီ အနေဖြင့် မြေဧရိယာမှာ ၃ ဒသမ ၇၉၂ ဧက ပေါ်မှာမူလဈေးဆိုင်ခန်းများ၊ စည်ပင်သာယာရေး ကော်မတီအတွက် ရုံးခန်းနေရာများအပါအဝင် သတ်မှတ်လိုအပ်ချက်များကို လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊အဆိုပါဈေးကိုတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာကျပ်ငွေ ၁၆ ဘီလီယံခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်မည့် အဆောက်အအုံမှာ ၅ ထပ် အဆောက်အအုံဖြစ်ပြီး အထပ်တိုင်းတွင် လုံလောက်သော ကားပါကင်များ ပါရှိမည်ဖြစ်ကြောင်း၊ ယင်းအပြင်Shop House များလည်း ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မြေပြင်ကွင်းဆင်း၍ ဈေးသူဈေးသားများ ယာယီဆိုင်ခန်းများဖြင့် ရောင်းချနိုင်ရန် တည်ဆောက်မည့် အစီအစဉ်များကို လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၏ လမ်းဆုံလမ်းခွမှာဖြစ်သဖြင့် ယာဉ်သွားလာမှု အနှောင့်အယှက်ဖြစ်စေမှု၊ အလင်း ရောင် ဝင်ရောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ် တွေကောင်းမွန်မှု၊ အမှိုက်စွန့်ပစ်သည့်စနစ်၊ရေဆိုးစွန့်စနစ် ကောင်းမွန်မှုရှိမရှိကို ပညာရှင်များက အမှတ်ပေးစနစ်နှင်စိစစ်ပြီးမှ ဆောက်ခွင့်ပြုတာဖြစ်ပြီး Shop House များပါဝင်မှာဖြစ်သော်လည်း လူနေထိုင်သည့်အခန်းများခွင့်ပြုမှာမဟုတ်ကြောင်း သိရသည်။

တာမွေဈေးမှာ ယခင်ကတာမွေ ရွှေဗဟိုရုပ်ရှင်ရုံဘေးရှိ ယခုတာမွေပလာဇာနေရာတွင် တည်ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ် တွင် လက်ရှိတာမွေဈေးနေရာ၌ ယာယီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမြေနေရာမှာ ၆ ဒသမ ၅၆၃ ဧကရှိကာဈေးရုံ ၁၈ ရုံရှိ သော်လည်း ယခုအသစ်ပြန်လည် တည်ဆောက်ရန် စီစဉ်သောအခါ မြေ၂ ဒသမ ၁၂၄ ဧကကို သန့်ရှင်းရေးဝန်ထမ်း လိုင်းခန်းများ တည်ဆောက်ရန်နှင့် သုည ဒသမ ၃၄၇ ဧကကို မင်္ဂလာ တောင်ညွန့် မြို့နယ်နှင့် တာမွေမြို့နယ်တို့အတွက် ဓာတ်အားခွဲရုံကြီးတစ်ခုတည်ဆောက်ရန် ကိုခွဲပေးထား ကြောင်းလည်းသိရ သည်။

ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service