ဘာစီလိုနာမြို့ အနီးတွင် ဘုရားကျောင်းတစ်ခု၊ ဘောလုံးကွင်းတစ်ကွင်းနှင့် ၁၄ ရာစုက ဆောက်လုပ်ခဲ့သော စံအိမ်တစ်လုံး ပါဝင်ကာ ၆၇ ဧက ကျယ်ဝန်းသည့် နေအိမ်တစ်လုံး လေလံတင်ရောင်းချမည်

ဘာစီလိုနာမြို့ အနီးတွင် ဘုရားကျောင်းတစ်ခု၊ ဘောလုံးကွင်းတစ်ကွင်းနှင့် ၁၄ ရာစုက ဆောက်လုပ်ခဲ့သော စံအိမ်တစ်လုံး ပါဝင်ကာ ၆၇ ဧက ကျယ်ဝန်းသည့် နေအိမ်တစ်လုံး လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 12:07 pm တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ အနီးတွင် ဘုရားကျောင်းတစ်ခု၊ ဘောလုံးကွင်းတစ်ကွင်းနှင့် ၁၄ ရာစုက ဆောက်လုပ်ခဲ့သော စံအိမ်တစ်လုံး ပါဝင်ကာ ၆၇ ဧက ကျယ်ဝန်းသည့် နေအိမ်တစ်လုံးကို လာမည့်လတွင် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။

ပင်မစံအိမ်ကို အာဂျင်တိုနာစံအိမ်ဟု အမည်ပေထားပြီး လာမည့် ဇူလိုင်လ ၁၈ ရက်တွင် Concierge Autions လေလံအဖွဲ့မှ တဆင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေး သတ်မှတ်ထားခြင်း မရှိချေ။

အာဂျင်တိုနာစံအိမ်သည် လက်ရှိအားဖြင့်လည်း အရောင်းဈေးကွက်အတွင်းတွင် ရှိနေပြီး Barleigh Ellis ကုမ…ဏီမှ အကျိုးဆောင် ရိုနီ ကိုလက်စ်နီက ဈေးကွက်တင်ပေးထားကာ ခေါ်ဈေးမှာ ယူရို ၁၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁၄ သန်း) ဖြစ်သည်။

ပိုင်ရှင်ဖြစ်သူတို့က အမြန်ရောင်းထွက်လိုသောကြောင့် Concierge ထံအပ်နှံလာခြင်းဖြစ်ကြောင်း Concierge Autions လေလံအဖွဲ့၏ ဥရောပ၊ အရှေ့ အလယ်ပိုင်းနှင့် အာရှဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ကက်တ်လင်း ကီးက ပြောကြားသည်။

စံအိမ်ကြီးအတွင်း တည်ရှိနေသော အလွန်များပြားသည့် ပန်းချီ၊ ပန်းပုလက်ရာများကိုလည်း ယခုရောင်းချမှုတွင် ထည့်သွင်း ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ အနုပညာလက်ရာတို့၏ တန်ဖိုးသည်ပင်လျှင် ယူရိုတစ်သန်းခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

ပန်းပုလက်ရာများမှာ ၁၉ ရာစုခေတ် ပန်းပုပညာရှင် လူဝီ သီဗင်၏ လက်ရာများ ဖြစ်သည်။

စံအိမ်အတွင်း ပရိဘောဂအပြည့်အစုံ ပါဝင်ပြီးဖြစ်သည့်အပြင် သီးသန့်လျှောက်လမ်းများ၊ ၈ ကီလိုမီတာရှည်လျားသည့် သီးသန့် မော်တော်ယာဉ်လမ်းတို့ ပါဝင်ကြောင်း မစ္စ ကီးက ပြောကြားသည်။

ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၃၆၂ အကျယ်အဝန်းရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည်။

“တစ်ကိုယ်ရည်လုံခြုံမှုနဲ့ ကျယ်ဝန်းတဲ့ခြံဝန်းလည်းရှိ မြို့ နဲ့လည်းနီးတဲ့နေရာမျိုးကို လိုချင်တဲ့သူတွေက ဝယ်လက်ဖြစ်လာမှာပါ။ ဘာစီလိုနာနဲ့ မိနစ် ၂၀ လောက်သာ ကွာဝေးတဲ့ခရီးရှိပါတယ်”ခေတ်မီမွမ်းမံထည့်သွင်းထားမှုအနေဖြင့် ဝိုင်ပုလင်း ၂၅၀၀ ဆန့် ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ အိမ်တွင်းရေကူးကန်၊ ချွေးထုတ်ခန်း၊ တူရကီရေချိုးကန်တစ်ခု၊ အနှိပ်ခန်းမနှင့် သီးသန့်မီးဖိုဆောင်တစ်ခုတို့ ပါဝင်သည်။

ထို့အပြင် ခြံဝန်းအတွင်း အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သော ဧည့်ဂေဟာအိမ် ၃ လုံး၊ ဝန်ထမ်းများ နေထိုင် ရန် နေရာ၊ ကား ၈ စင်းဆန့် ကားဂိုဒေါင်၊ နေအိမ်ပြင်ပ ရေကူးကန်တစ်ခု၊ တင်းနစ်ကွင်းနှင့် ဘောလုံးကွင်းတစ်ခု အစရှိသည်တို့ အပြင် ၁၆ ရာစုက ဆောက်လုပ်ခဲ့သည့် ဘုရားကျောင်းတစ်ခုလည်း ပါဝင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service