ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက် ဟာရီ တာနိုးက အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ်

ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက် ဟာရီ တာနိုးက အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 11:40 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတကာသတင်းမီဒီယာများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက်ဟု ရည်ညွှန်းရေးသားခြင်း ခံရလေ့ရှိသူ ဟာရီ တာနိုးသည် အင်ဒိုနီးရှားနိုင်ငံတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

ဟာရီတာနိုးသည် အင်ဒိုနီးရှား အိမ်ခြံမြေ developer ၊ မီဒီယာလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး နာမည်အပြည့်အစုံမှာ ဟာရီ တာနိုးဆိုဒစ်ဘ်ဂျိုဖြစ်သည်။

ဟာရီတာနိုးသည် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု ၂၀၁၇ ခုနှစ်အတွင်းက ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ဖူးသေးသည်။

လက်ရှိအားဖြင့်လည်း တာနိုးသည် အင်ဒိုနီးရှားတွင် ကြီးမားသည့်စီမံကိန်းကြီးများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ အင်ဒိုနီးရှားနိုင်ငံ အတွင်းမှာသာမက အရှေ့တောင်အာရှ ဒေသတွင်းတစ်ခွင်လုံးတွင်ပါ အကြီးမားဆုံးဖြစ်သော အပန်းဖြေကစားကွင်းကြီး ဆောက်လုပ်ရန် ရည်မှန်းနေခြင်း ဖြစ်သည်။

တာနိုး၏ အိမ်ခြံမြေဆောက်လုပ်ရေးပင်မကုမ္ပဏီတစ်ခုဖြစ်သော PT MNC Land မှ ကိုယ်စားလှယ်တစ်ဦးမှ မကြာသေးမီက ထုတ်ဖော်ပြောကြားချက်အရ မြေဟက်တာ ၃၀၀၀ အကျယ်အဝန်းပေါ်တွင် အပန်းဖြေကစားကွင်းကြီးတစ်ခုကို အင်ဒိုနီးရှားငွေ ၇ ထရီလီယံ (ကန်ဒေါ်လာ သန်း ၅၀၀) အကုန်အကျခံ ဆောက်လုပ်ရန် စီစဉ်နေကြောင်း၊ MNC Lido City ဟု အမည်ပေးထားပြီး အနောက် ဂျာဗားမှ ဘိုဂေါအရပ်တွင်တည်ရှိကာ ဂျကာတာမြို့တော်နှင့် အလှမ်းမဝေးလှကြောင်း ပြောကြားသည်။

"ဒါဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ ပထမဆုံး နိုင်ငံတကာ စံချိန်မီကစားကွင်းတစ်ခု ဖြစ်လာမှာပါ။ စင်္ကာပူမှာရှိတဲ့ Universal Studios ထက် ၂ ဆ လောက် ကျယ်ဝန်းမှာဖြစ်ပါတယ်" ဟု MNC Land မှ လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ အေ ဒရီယန် ဘူဒီ အူတာမာက ပြောကြားသည်။

သို့သော် အဆိုပါအချက်မှာ မူလက ရည်ရွယ်ထားခဲ့သည်နှင့် များစွာ ခြားနားနေသည်။

MNC Land ၏ Lido City စီမံကိန်းသည် ရည်ရွယ်ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော စီမံကိန်းတစ်ရပ်ဖြစ်ပြီး အစောပိုင်းကာလများက ကောလာဟလများ ထွက်ပေါ်ခဲ့ရာတွင် Disneyland ကစားကွင်းတစ်ခုအဖြစ် ဆောက်လုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို သတင်းများထွက်ပေါ်ရခြင်းအား အထောက်အပံ့ပေးနေသည့် အချက်မှာ Lido City စီမံကိန်းတွင် ဒေါ်နယ်ထရမ့် (ယခု အမေရိကန် သမ္မတ) နှင့် Trump Hotel Group တို့ ပါဝင်လက်တွဲ အကောင်အထည်ဖော်နေသည့်အချက် ဖြစ်သည်။

ထို့အပြင် ဘာလီကျွန်းတွင် MNC Land က အကောင်အထည်ဖော်နေသည့် အခြားအပန်းဖြေစခန်းစီမံကိန်းတွင်လည်း Trump Hotel Group က ပါဝင်အကောင်အထည်ဖော်မှုများ ရှိနေသည်။

ဟာရီတာနိုးသည် ယခုလအတွင်းတွင်ပင် နိုင်ငံတကာသတင်းစာမျက်နှာပေါ်သို့ တက်လာခဲ့သေးသည်။

လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်တွင် ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ထားသည့် နေအိမ်တစ်လုံးကို ပေါက်ဈေးထက် များစွာပိုပေးကာ ဝယ်ယူလိုက်သည့်သတင်းကို ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဟာရီတာနိုးသည် ထရမ့်၏ မျက်နှာပေးမှုကို ဝယ်ယူရန်ကြိုးစားခြင်းဖြစ်သည်ဟု အချို့ က ခန့်မှန်းကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service