မြေတန်ဖိုး မပါဘဲတည်ဆောက်နိုင်တော့မည့် အိမ်ရာများ

မြေတန်ဖိုး မပါဘဲတည်ဆောက်နိုင်တော့မည့် အိမ်ရာများ - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 10:40 am တွင် တင်ခဲ့သည်
5337 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရာဆောက်ပြီးရင်းနှီးမြှုပ်နှံလိုသူတွေအနေနှင့် မြေတန်ဖိုးရင်းနှီးမြှုပ်နှံမှုမပါဝင်ဘဲ အိမ်ရာတည်ဆောက်နိုင်ဖို့ အခွင့်အရေးရလာတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်း  သည် ရွေ့ပြောင်းအလုပ်သမားများနှစ်စဉ် ဝင်ရောက်မှုများပြားလာမှုကြောင့် အိမ်ရာမဲ့နှင့် ကျူးကျော်များ များပြားလာပြီး နှစ်စဉ် နေစရာတစ်သိန်းကျော်လိုအပ်နေမှုကို ဖြေရှင်းရန်အတွက် လက်ရှိအစိုးရ အနေနှင့်အစိုးရတာဝန်စယူကတည်းကစပြီးတန်ဖိုးနည်းအိမ်ရာများဖော်ဆောင်ဖို့ကြိုးစားနေခဲ့သည်။သို့သော်လည်း မြေဈေးကြီးမြင့်လှသော မဟာရန်ကုန်မြို့ကြီးအနေနှင့်ကြံတိုင်းမဖြစ်သည့် အခြေအနေတွင်ရှိနေခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အစီအစဉ်ကောင်းတစ်ခုပြင်ဆင်လုပ်ဆောင်နေကြောင်းပြောထားသည်။

ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများလိုအပ်နေသေးကြောင်း၊ အိမ်ရာဆောက်ဖို့ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ဆောက်လုပ်မယ့်နေရာရှိ မြေဧရိယာအတွက် မြေတန်ဖိုးမယူဘဲတည်ဆောက်နိုင်ဖို့ကိုပြင်ဆင်နေပြီဖြစ်ကြောင်း၊တန်ဖိုးနည်းအိမ်ရာ၏တန်ဖိုးထဲတွင် မြေတန်ဖိုးပါထည့်ပေါင်းကြရမည်ဆိုလျှင် အခြေခံပြည်သူများအတွက် တန်ဖိုးနည်းမဖြစ်ဘဲ ပိုတန်ဖိုးကြီးသွားနိုင်ကြောင်း၊၎င်းအတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်း၊ ယခုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ဖိတ်ခေါ်သွားဖို့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောထားကြောင်းသိရပါသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေနှင့်အရစ်ကျပေးချေမှုကို အနှိမ့်ဆုံးလစာ ၃ သိန်းမှ ၅ သိန်းကျပ် လစဉ်ဝင်ငွေရှိရမည်ဖြစ်ကြောင်း၊ကုမ္ပဏီဝန်ထမ်းအတွက် ၂၅ ရာခိုင်နှုန်း၊အစိုးရဝန်ထမ်းအတွက် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် အတွက်ကို ၁၅ နှစ်မှ အနှစ်၂၀ထိ ရင်းနှီးမြှုပ်နှံနိုင်သည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်းဖိတ်ခေါ်ထားပြီး၊ရင်းနှီးမြှုပ်နှံမှုရှိပါကလည်း တိုင်းအစိုးရမှ စနစ်တကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေတန်ဖိုးမပါဘဲ တန်ဖိုးနည်းအိမ်ရာများဖော်ဆောင်မှုကို မြန်မြန်နှင့်များများဖော်ဆောင်လာနိုင်မည် ဆိုပါက ရန်ကုန်မြို့ကြီးတွင် ဖြစ်ပေါ်နေသောကျူးကျော်နေထိုင်မှုတိုးပွားခြင်းနှင့်အိမ်ရာမဲ့ များပြားနေမှုကိုဖြေ ရှင်းလာနိုင်မည်ဖြစ်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

မိုးယံလင်းထင်  မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service