ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူလိုသူများအနေဖြင့် ငွေကျပ် ၃၀ မှ သိန်း ၂၀ အထိ လျှော့ချပေးလိုက်ပြိးနောက်ဘဏ်တွင် ငွေစုသူ အရေအတွက်များပြားလာကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အပတ်က သိန်း၂၀ အထိ စုဆောင်းထားရှိသူများကို ဘဏ်က စာရင်းထုတ်ပြန်ကြေငြာပြီး အိမ်ရာဝယ်ယူခွင့်ပြုလိုက်ရာ အခြားသော အိမ်ရာဝယ်ယူလိုသူများကပါ စိတ်ပါဝင်စားလာပြီးဘဏ်တွင် ငွေစုဆောင်းသူများပြားလာခြင်း ဖြစ်သည်။
ဇန်န၀ါရီလ ဒုတိယပတ်ထဲတွင်ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် Housing Saving အိမ်ရာဝယ်ယူခွင့်ငွေစုဆောင်းသည့်စာအုပ် လာရောက်ပြုလုပ်သူများပြားလာခြင်း ဖြစ်သည်။
တစ်ရက်လျှင့် လူဦးရေ ၂၀ မှ ၅၀ ထက်မနည်း လာရောက်ပြုလုပ်ကြပြီး ၂၀၁၉ တွင် ပိုမို စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း အဆိုပါ ဘဏ်မှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
ပြောင်းလဲလိုက်သောမူဝါဒအရငွေစုထားသူများထဲမှ ဘဏ်တွင် ကျပ်သိန်း ၂၀ ပြည့်မှီသူများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လျှက်ရှိသော တန်ဖိုးနည်း အိမ်ရာများကို စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
ပထအဆုံး အနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်လျှက်ရှိသော ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်း ၁ နှင့်၂၊ ကနောင်တန်ဖိုးနည်း အိမ်ရာစီမံကိန်းတို့ကို စတင် ၀ယ်ယူခွင့်ပြုသွားမည် ဖြစ်သည်။ ဘဏ်တွင် ငွေစုထားသူများထဲမှ အရင်ဆုံး သိန်း ၂၀ ပြည့်မှီသူများကို စီနီယာအလိုက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ကြေငြာပေးသွားမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည့် ယခင်က ဘဏ်တွင် အိမ်ရာချေးငွေရရှိရန် လာရောက်စုဆောင်းသူများထဲက သိန်း ၃၀ နှင့် အထက်ဝင်ငွေရှိသူများကို အရစ်ကျစနစ်ဖြင့်ရောင်းချပေးနေရာမှ ယခု စနစ်သစ် ကျပ်သိန်း ၂၀ ကိုပြောင်းလဲ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများတိုးချဲ့တည်ဆောက်နိုင်ခဲ့ပါက အရေအတွက်များလာခြင်းနှင့်အတူ ကနဦးပေးသွင်းငွေကိုလည်းလျှော့ချပေးရန် ကြိုးစားလျှက်ရှိကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားသည်။
နေးရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com