ဇွန်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာ ၁၀ သန်း ၀ယ်ယူ

ဇွန်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာ ၁၀ သန်း ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Jun 2019 11:02 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

ယခုလအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ကန်ဒေါ်လာ ၁၀ သန်းကိုဈေးကွက် ပေါက်ဈေးဖြင့် ၀ယ်ယူသည်။

ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေဒေါ်လာ လိုအပ်ချက်ရှိ ခြင်းကြောင့် ယင်းသို့ဝယ်ယူခြင်းဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူအချို့က ခန့်မှန်းသည်။ ပြည်တွင်း၌ ဒေါ်လာတန်ဖိုး အတက်၊ အကျ အနည်းငယ်ဖြင့် ပုံမှန်အခြေအနေရှိနေချိန်တွင် ဗဟိုဘဏ်က ဈေးကွက်ပေါက်ဈေးနီးပါးဖြင့် ဒေါ်လာဝယ်ယူနေခြင်းက နိုင်ငံခြားအရန်ငွေ လိုအပ်ချက်ကို ဖြည့်ဆည်းလိုခြင်း ကြောင့် ဖြစ်နိုင်သည်ဟု နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။

‘‘အခု တစ်ခါ ဗဟိုဘဏ် ၀ယ်တဲ့ပုံစံက လိုအပ်ချက်အတွက် ပုံမှန်ဝယ်တဲ့ ပုံစံမျိုးပါပဲ။ ဈေးကွက်ကို လှုပ်လှုပ်ရှားရှားဖြစ်အောင် သူဝင်မလုပ်သေးပါဘူး’’ ဟု ဦးရဲမင်းဦးက ပြောသည်။

ဗဟိုဘဏ်က ၂၀၁၈ နှစ် ကုန်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ ထံမှ ဒေါ်လာကို ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး ၀ယ်ယူခြင်းကြောင့် စီးပွားရေး လောကအတွင်း ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာဝယ်ယူခြင်းကို စီးပွားရေးလုပ်ငန်းရှင်အချို့က စောင့်ကြည့်နေသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲနှင့်ဆက်စပ်ပြီး ဒေါ်လာ နှင့် ယွမ်ငွေတန်ဖိုး ကျဆင်းမှုကို နိုင်ငံတကာတွင် ကြုံတွေ့နေရသည်။ ထို့ကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်၌ ရွှေဈေးမြင့်တက်ပြီး ဒေါ်လာတန်ဖိုးကျဆင်းနေသည်။

သို့သော် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဇွန်လအတွင်း ဒေါ်လာတန်ဖိုး ၁,၅၃၅ ကျပ်အထိ မြင့်တက်ပြီး ဇွန်လ ၂၄ ရက်တွင် ကျပ် ၁,၅၂၀ ခန့်ဖြင့် ဈေးတည် ငြိမ်နေသည်။

သို့သော် ပြည်တွင်းရွှေဈေးနှုန်းက စံချိန်တင်မြင့်တက်ပြီး ဇွန် လ ၂၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်း ကျော် ဈေးရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service