ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်မြို့ တွင်အဆောက်အအုံဆောက်လုပ်ရာတွင် (၃၂) ထပ်ထိသာအမြင့်ဆုံးဆောက်လုပ်ခွင့်ပြုထား ကြောင်းသိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ တွင် မူအားဖြင့်ခွင့်ပြုထားသော (၉) ထပ်နှင့်အထက် အဆောက်အအုံ (၁၀) ခုရှိကြောင်းသိရသည်။
၎င်းအဆောက်အအုံ (၁၀) ခုအတွက် မြေနေရာများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးကော်မတီက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနပိုင် မြေနေရာ (၂) ခု၊စက်မှုဝန်ကြီးဌာနပိုင် မြေနေရာ (၁) ခု၊ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာ (၁) ခု၊ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လုပ်ငန်း (၅) ခုနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် မြေနေရာ (၁) ခုတို့ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုခွင့်ပြုထားသောနေရာများတွင် ဆောက်လုပ်မည့်အဆောက်အအုံများမှာ ဟိုတယ်၊ရုံးခန်းနှင့်အဆင့်မြင့် လူနေအိမ်ရာများ ဖြစ်ကြောင်းသိရသည်။
အနိမ့်ဆုံး (၁၂) ထပ်ရှိပြီး အမြင့်ဆုံးခွင့်ပြုပေးမှုတွင် သာကေတမြို့နယ်ရှုခင်းသာပတ်လမ်းတွင်တည်ဆောက်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို (၃၂) ထပ်ထိခွင့်ပြုထားကြောင်း ယင်းကော်မတီထံက သိရသည်။
ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com