ဆောက်လုပ်ရေးလုပ်ငန်းသုံးအမျိုးအစား (၆) မျိုးကို ပြည်ပကုမ္ပဏီများအားတင်သွင်းခွင့်ပြု

ဆောက်လုပ်ရေးလုပ်ငန်းသုံးအမျိုးအစား (၆) မျိုးကို ပြည်ပကုမ္ပဏီများအားတင်သွင်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
26 Jun 2019 10:24 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး

ဖက်စပ်ကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း (၆) မျိုးတင်သွင်းခွင့်ကို ထပ်တိုးပြီး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် က ခွင့်ပြုခဲ့သည့် အရေအတွက်ထက် ပိုမိုပြီး အမျိုးအစား (၆) မျိုးကို ခွင့်ပြုလိုက်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်တွင် အရည်အသွေးပိုင်းတွင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

တင်သွင်းရန် ခွင့်ပြုလိုက်သော (၆) မျိုးတွင် ကျောက်တုံးကျောက်ပြား၊ အိမ်သုတ်ဆေးနှင့်ပတ်တီး၊မှန်၊ လုပ်ငန်းသုံးသံချောင်း၊သံနှင့်ပြုလုပ်ထားသော ပိုက်အမျိုးမျိုး ၊ အလူမီနီယံတိုင်ကီ တို့ပါဝင်လာခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများကို ယခင်က လုံးဝတင်သွင်းခွင့်မပြုထားခြင်းမဟုတ်ဘဲ ပြည်တွင်းကုမ္ပဏီများက တင်သွင်းလျှက်ရှိသည်။ ယခုအခါ ဖက်စပ်ကုမ္ပဏီများနှင့်ပြည်ပကုမ္ပဏီများကို ထပ်တိုးပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစာရင်းတွင်ထပ်တိုးခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ကုန်စည်လိုင်းပေါင်း (၈၃) မျိုးကို ခွင့်ပြုထားပြီးဖြစ်သည်။

လက်ရှိ ဆောက်လုပ်ရေး လောကတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် အမေရိကန်ဒေါ်လာဈေး အတက်အကျကိုကြည့်ကာ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကိုတင်သွင်းလျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အမြောက်အမြား ၀ယ်ယူတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်အများစုကလိုက်လံဝယ်ယူရာ ဒေါ်လာဈေးမြင့်တက်မှုနှင့်လည်းကြုံတွေ့ ခဲ့ရသည်။

နေးရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service