ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဇွန် ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းတွင် ၂၀၁၇ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ ရန်ကုန်မြို့တော်မြေစီမံခန့်ခွဲမှု လွှဲပြောင်းပေးအပ်ခြင်းကို အတည်ပြုမှတ်တမ်းတင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားပြုလုပ်ခဲ့ပါသည်။
လွှဲပြောင်းခြင်းဆိုင်ရာ အတည်ပြုမှတ်တမ်းတင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် လူနေရပ်ကွက် (၃) ခု၊အထူးဂရန်မြေကွက် (၄၀၄) ကွက်၊ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ချထားပေးသော မြေကွက် (၅၂၄) ကွက်နှင့်နိုင်ငံတော်ပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊အိမ်ရာစီမံကိန်းများရှိ အဆောက်အအုံများနှင့်မြေယာကွက်များ စီမံခန့်ခွဲမှုကော်မတီမှ ရောင်းချပေးခဲ့သော မြေကွက် (၇၄) ကွက်၊စက်မှုဇုန် (၃) ခု၊လုံးချင်း အိမ်ရာစီမံကိန်း (၁၂၉) ခုနှင့်ဦး (၅)ခု၏စီမံခန့်ခွဲခြင်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com