မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော

မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 12:03 pm တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ ကို တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေမည့် Safe City ပရောဂျက်အား တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီဟွာ ဝေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုရန် သုံးသပ်နေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဇွန်လ ၂၁ ရက်က ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ဖြေကြားသည်။

‘‘ ဟွာဝေးက နောက်ဆုံးတစ်ခေါက်လာတွေ့သွားပြီ။ ကျွန် တော်တို့ကတော့ မန္တလေးကိုဘေးကင်းလုံခြုံမှု (Safe) ဖြစ်စေချင် တယ်။ ဟွာဝေးနဲ့ဆိုတော့ အမေရိကန်နဲ့ တရုတ်တို့ဖြစ်နေတဲ့ကြား ထဲမှာ Safe City လုပ်ချင်တော့ ဝေဖန်မှုတွေရှိတယ်။ ကျွန်တော်တို့လည်း အပြန်ပြန်စဉ်းစားနေတယ်။ ဘာလို့လဲဆိုတော့ Google တွေ၊ ဘာတွေက ရှိသေးတာပေါ့။ ခြုံငုံသုံးသပ်ဖို့လိုသေးတယ်။ စာချုပ် မချုပ်ရသေးပါဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ အနေဖြင့် ဟွာဝေးနှင့် ပူးပေါင်းကာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေး မန္တလေးတစ်မြို့လုံး စီစီတီဗီများ တပ်ဆင်၍ ထိန်းချုပ်ခန်း (Control Room) မှတစ်ဆင့်အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်မည့် နည်းပညာအသုံးပြုကာ ဆောင်ရွက်နိုင်ရေး စီစဉ်နေပြီး လက်ရှိတွင် စာချုပ်ချုပ်ဆိုနိုင်ရန် ပြန် လည်သုံးသပ်မှုများ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

‘‘ Safe ဖြစ်တယ်ဆိုတဲ့ ရာဇဝတ်မှုတွေ ပပျောက်ဖို့လုပ်ရမယ့် တာဝန် ကျွန်တော်တို့မှာရှိတယ်။ သူတို့ (ဟွာဝေး) ကတော့ ဘာမှမလုပ်သေးဘဲနဲ့ အကြိုလေ့လာမှု လုပ်ပေးပြီးတော့ ဘယ်နေရာတွေ စီစီတီဗီ တပ်သင့်တယ်ဆိုတဲ့ ပရောဂျက်ကြီးက ကျွန်တော်တို့ ဆီမှာ ရှိနေပြီဖြစ်ပါတယ်။ လုံခြုံရေးအရ နည်းပညာက သူများ လက်ထဲမှာ ဆိုတာကိုလည်း စဉ်းစားပါတယ်။ ဘယ်လောက်ထိ လုံခြုံစိတ်ချမှုရှိလဲဆိုတာ ကြည့် ရမှာပေါ့’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

Safe City ပရောဂျက်ကို ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စာချုပ်ချုပ် ဆိုရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ရယူ၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဖြစ် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက်ရယူရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ Hitachi မှ မန္တလေးတိုင်းအတွင်း အများပြည် သူလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည့် နည်းပညာသုံးစွဲနိုင် ရန် တိုင်းအစိုးရသို့ကူညီရန် ကမ်း လှမ်းသဖြင့် ၂၀၁၈ နှစ်လယ်ပိုင်းကစတင်၍ အချို့မြို့နယ်များတွင် အသုံးပြုနေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service