ရန်ကုန်မြို့၏စံပြအဖြစ် တည်ဆောက်သွားမည့် ဂုဏ်ရည် Gonyi Shop House စီမံကိန်း

ရန်ကုန်မြို့၏စံပြအဖြစ် တည်ဆောက်သွားမည့် ဂုဏ်ရည် Gonyi Shop House စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 11:04 am တွင် တင်ခဲ့သည်
6196 ကြိမ် ကြည့်ရှု့ပြီး

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ရန်ကုန်မြို့ ၏စံပြအဖြစ်တည်ဆောက်သွားမည့် Gonyi Shop House အကြောင်းကို ဇွန် ၂၂ ရက်နေ့၊ ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း ထောင့်ရှိ Gonyi Shop House စီမံကိန်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက”စံပြ Shop House မျိုး ရန်ကုန်မြို့ မှာပေါ်လာစေလိုတဲ့ ဆန္ဒနဲ့ ဒီဂုဏ်ရည်Shop house ကိုဖန်တီးတာပါ။ ဒီလို Shop House မျိုး ဒီဝန်းကျင်မှာ နောက်ထပ်ပေါ် လာဖို့တော့လတ်တလော နည်းနည်းလေး ခက်ပါဦးမယ်။ အဓိကတော့ မြေဧရိယာအလွတ်တွေ အများကြီးထားရှိရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်ဆောင်ဖို့ဆို တာမလွယ် ပါဘူး''ဟုပြောသည်။

စီးပွားရေး လုပ်ငန်းများတွင် ယာဉ်အသွား အလာပိတ်ဆို့မှု ( Business Traffic) မဖြစ်ပေါ်စေရန် စီမံကိန်းရှိ Shop House နှစ်တန်းကြား၌ အတွင်း ကားပတ်လမ်း ထည့်သွင်းစီစဉ်ပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ယင်းအခမ်းအနားတွင် “အဆောက်အအုံများ တည်ဆောက်ရာတွင် အများပြည်သူ ဝင်ထွက်သွားလာမှု လွယ်ကူရေးအတွက် ဆောင်ရွက်ပေးခြင်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း၊အရင်က အဆောက်အအုံများတည်ဆောက်ရာမှာ အဆောက်အအုံတွေဟာ ပလက်ဖောင်းနဲ့ကပ် ပြီး အမြင့်ကြီးတွေ ဆောက်တယ်။ အခုနောက်ပိုင်းတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် Developer တွေဘက်က ကိုယ့်အဆောက်အအုံ ကို ပြည်သူလူထုတွေ ပိုပြီးဝင်ထွက်သွားလာနိုင်ပြီး အခွင့်အ လမ်းပိုရှိအောင် ကြိုးစားလာပြီး ဒီကြိုးစားမှုဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိသလိုလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုနဲ့နီးတဲ့လုပ်ငန်း တွေဟာ လုပ်ငန်းရှင်တွေအတွက်လည်း နှစ်သက်စရာ ဖြစ်ပါကြောင်း ရန်ကုန်အိမ်ခြံဈေး ကွက်တည်ငြိမ်ဖွံ့ဖြိုးရေး အတွက်လည်း တိုင်းအစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း”၎င်းက ပြောထားပါသေးသည်။

Shop House များမှာ လူနေဆိုင်ခန်းအမျိုးအစားဖြစ်ပြီး စုစုပေါင်း (၁၇) လုံးတည်ဆောက်ကာ Ground Floor အပါအဝင် (၅) ထပ်ပါရှိမည်ဖြစ်ပြီး Basement ကားပါကင်များလည်း ပါဝင်မှာဖြစ်သည်။၂၄ လ အရစ်ကျ ငွေပေးချေမှုနဲ့ ဝယ်နိုင်မှာဖြစ်သည်။၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက ဝယ်ယူသူများထံလွှဲပြောင်း ပေးရန်လျာထားကြောင်း သိရသည်။အချို့သော Shop House များသည် မြေယာ ပိုင်ဆိုင်မှုပင်ရှိကြောင်း သိရပါသည်။

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service