ဗီယက်နမ်ဒုတိယသမ္မတက ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel ဥက္ကဌနှင့် တွေ့ဆုံကာ ဗီယက်နမ် အိမ်ခြံမြေလောကတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စရပ်များ ဆွေးနွေး

ဗီယက်နမ်ဒုတိယသမ္မတက ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel ဥက္ကဌနှင့် တွေ့ဆုံကာ ဗီယက်နမ် အိမ်ခြံမြေလောကတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စရပ်များ ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
24 Jun 2019 11:47 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်းသို့ အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်ဒုတိယသမ္မတ မဒမ် ဒါန်းသီငို့သင်သည် ဒူဘိုင်းမှ Nakheel ၏ ဥက္ကဌအား တွေ့ဆုံကာ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးရေး အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel သည် ဗီယက်နမ်တွင် အိမ်ခြံမြေစီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ထိပ်တန်းခေါင်းဆောင်ပုဂ္ဂိုလ်များနှင့်လည်း ဆွေးနွေးခွင့်ရရှိခဲ့သည်ဟု ဆိုသည်။

ဗီယက်နမ်ဒုတိယသမ္မတခေါင်းဆောင်သော အဖွဲ့သည် ဒူဘိုင်းရှိ Nakheel ၏ ရုံးချုပ်တွင် Nakheel ဥက္ကဌ အလီ ရာရှစ် လူးတာနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာကျော် Palm Jumeirah ကို လှေဖြင့် လှည့်လည်ကြည့်ရှုခဲ့သေးသည်။

Nakheel ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော Liimitless သည် ဗီယက်နမ်တွင် အာရပ်ငွေ ၂ ဘီလီယံတန်ကြေးရှိ ဘက်စုံသုံး စီမံကိန်းကြီးဖြစ်သည့် Halong Star ကို အကောင်အထည်ဖော်နေခဲ့ပြီးလည်း ဖြစ်သည်။

Halong Star စီမံကိန်းသည် မြေအကျယ်အဝန်း ၁၂၆ ဟက်တာပေါ်တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် များကို ဦးတည်ထားကာ ဗီယက်နမ်မိတ်ဖက်တစ်ဦးနှင့် လက်တွဲအကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ အရှေ့ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိကာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်း ယဉ်ကျေးမှုနေရာကို စီးမိုးတွေ့မြင်နေရသည့် Halong Star စီမံကိန်းတွင် လူနေ၊ လက်လီနှင့် အပန်းဖြေနေရာများ ပါဝင်သည်။

လက်ရှိတွင် မြေပြင်ဆင်ခြင်းနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိနေသည်။

Halong Bay ဒေသသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် လာရောက်လည်ပတ်သူပေါင်း ၁၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service