ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်မြို့တွင်းမှာရှိတဲ့ အချို့သော အိုးအိမ်ပိုင်တိုက်ဟောင်းတို့တွင် ငှားရမ်းနေထိုင်ကြတဲ့လူတွေအနေ နဲ့ အထပ်မြင့်တက်ရတာ သက်သာသော်လည်း အခြားသောစိတ်ညစ်စရာများနဲ့လည်းကြုံတွေရကြောင်း ငှားရမ်းနေထိုင်သူအချို့ရဲ့ ရင်ဖွင့်စကားများကိုလည်း ကြားခဲ့ရပါတယ်။
ကျောက်တံတားမြို့နယ်အတွင်မှာရှိတဲ့ အိုးအိမ်ပိုင်တိုက်ခန်းတို့တွင် ငှားရမ်းနေထိုင်မိသူ ကိုနေက”ကျွန်တော်တို့အနေနဲ့တိုက်ခန်းသုံးခန်းပြောင်းပြီး ငှားနေဖူးတယ်၊ဖြစ်ချင်တော့ အဲဒီသုံးခုလုံးက သက်တမ်းကြာပြီဖြစ်တဲ့ အိုးအိမ်ပိုင်တိုက်ခန်းတွေဖြစ်နေတယ်။အထပ်အနေနဲ့နှစ်ထပ် သုံးထပ်အမြင့်တွေသာဆိုတော့ တက်ရတာကတော့သက်သာပါတယ်။ ထပ်ခိုးဖွဲ့ထားလို့ လူပိုဆံ့ပါတယ်၊ဒါပေမယ့်အခြားအခက်အခဲတွေလဲရှိနေတာပဲ”
“ရေချိုးခန်းနဲ့အိမ်သာဆိုရင်တွဲထားတဲ့အတွက် ရေချိုးသူရှိနေရင် အိမ်သာဝင်ချင်ရင် အောင်းအီးပြီးသာ စောင့်ပေရောပဲ။ကျွန်တော်တို့က သူငယ်ချင်းတွေစုပေါင်းနေကြတော့ လူများတယ်လေ။တစ်ခါတစ်ရံ အိမ်သာတတ်တဲ့သူက အရင်ဝင်တာဖြစ်ပေမယ့် နောက်မှဝင်ပြီးရေချိုးတဲ့သူရှိနေရင် အပေါ့အလေးစွန့်ပြီးလည်း အိမ်သာထဲမှာ ရေချိုးတဲ့သူပြီးတဲ့အထိ ငုတ်တုတ်ထိုင်စောင့်နေရတယ်။အဲဒီတိုက်တွေရဲ့ ရေချိုးခန်းနဲ့အိမ်သာက အခု တိုက်တွေရဲ့ပုံစံတွေနဲ့မတူဘူး။ရေချိုးခန်းကနေဝင်ပြီးတတ်ရတာ၊အိမ်သာတံခါးတော့ရှိတာပေါ့”ဟု ၎င်းက ပြောပါတယ်။
သက်တမ်းကြာပြီဖြစ်တဲ့ အဆောက်အအုံဆိုတော့ အိမ်သာတံခါးဘောင်တွေ၊ရေချိုးခန်းတံခါးတွေဟာ ရေစင်ပြီးထိတာ များတဲ့အတွက် ပတ္တာတွေရော သစ်သားပေါင်တွေရော ပြုတ်တဲ့ဟာပြုတ် ပျက်စီးတဲ့ဟာ ပျက်စီးဖြစ်နေကြောင်း၊အဆိုးဆုံးက သွပ်မိုးများမလုံခြုံတော့ခြင်းဖြစ်ကြောင်း၊ မိုးရာသီမှာ ကြမ်းပြင်နဲ့တိုက်နံရံ တွေဟာယိုတဲ့မိုးရေကို ထိန်းအားမရှိတော့ကြောင်း၊ကြမ်းပြင်တွေ ရေထိန်းအားမရှိတော့ အောက်ထပ်အခန်းတွေ အထိပါ ရေစိမ့်ကျသဖြင့်ပြောဆိုခံရကြောင်း၊မိုးတွင်းဆိုရင်အဲဒီပြဿနာက ရှင်းနေရကြောင်းသူကပြောပါတယ်။
ကျွန်တော်တို့အနေနဲ့ ကိုယ်ငှားနေတဲ့တိုက်ခန်းဆိုပြီး ပျက်စီးအောင်တော့မလုပ်ပါဘူး။နဂိုကတည်းက ချို့ယွင်းချက်ရှိနေတော့ ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုကြီးကြီးမားမားမလုပ်နိုင်ဘူး။တိုင်းထွာပြီး ရှာဖွေနေထိုင်ကြရသူတွေအနေနဲ့ဒီတိုင်ပဲသည်းခံပြီးနေရတာ။အဲဒါကို အောက်ထပ်မှာနေတဲ့သူတွေက လာလာပွမ်တော့ ကျွန်တော်တို့လည်း ဒေါသဖြစ်မိတယ်လို့ သူကရင်ဖွင့်ပါတယ်။ငှားနေတဲ့သူကို အိမ်လာပြင်ခိုင်းတော့ ဖြစ်နိုင်မလားဗျာ။သွပ်မိုးနဲ့ကပ်နေတဲ့ ကျွန်တော်တို့ကသီးခံနိုင်ပြီး အောက်ထပ် စိမ့်ရုံစိမ့်ကျတဲ့ရေလောက်ကိုစာလာလာ ဖွဲ့တာကိုမြင်ပြင်းကပ်ကြောင်း၊ကိုယ်စီ ကိုယ်စီရင်ဖွင့် စကားလေးများကို နားထောင်ခဲ့ရပါကြောင်းဗျာ။
ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com