စတော့အိတ်ချိန်းမှာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ကိုပါဝင်လာဖို့ ဆွဲဆောင်မယ်

စတော့အိတ်ချိန်းမှာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ကိုပါဝင်လာဖို့ ဆွဲဆောင်မယ် - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 12:07 pm တွင် တင်ခဲ့သည်
1106 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် စတော့အိတ်ချိန်းတွင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ရေး အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ဖွံ့ဖြိုးလာစေရေး ဂျပန်နိုင်ငံ နှင့် ဆွေးနွေးပြီးနောက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စတော့ဈေးကွက် ဝင်လာစေရန် စဉ်းစား ခြင်းဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

‘‘ဒီလုပ်ငန်းစဉ်အတိုင်း သွားမယ်ဆိုရင်သူတို့ (နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း)နဲ့ ဆွေးနွေးသွားရမယ်။ အရင်ဆုံး အစိုးရကို တင်ပြရဦးမယ်။ ဘယ်လိုပုံစံသွားမလဲဆိုတာလည်း စဉ်းစားရဦးမယ်’’ ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ပါက အများပိုင်ကုမ္ပဏီ အဖြစ် ပထမဦးဆုံးပြောင်းလဲရမည်ဖြစ်သည်။ ထို့နောက်မှသာ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် အကျိုးအမြတ်ရနေသည့် လုပ်ငန်းများကို ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်စေပြီး အများပြည်သူကို ရှယ်ယာ များ ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကသိရပါတယ်။

ရှယ်ယာဈေးကျဆင်းပြီး အရောင်းအဝယ်အေးနေသည့် ရန်ကုန်စတော့အိတ်ချိန်း ပိုမိုအသက်ဝင်ရန် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အများပိုင်ပြုလုပ်ပြီး စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီအဖြစ် အစိုးရက ဆောင်ရွက်သင့်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၌ မြန်မာအစိုးရနှင့် အကျိုးတူဆောင်ရွက်နေသည့် ဂျပန် Daiwa Securities ကုမ္ပဏီ က ၂၀၁၇ မေလအတွင်း အကြံပြုခဲ့သည်။

နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service