ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အောက်တိုဘာလကနေ ဧပြီလအတွင်း အိမ်ခြံမြေရောင်ဝယ်ခြင်းကနေ အခွန်ငွေတွေပိုမို တိုးပွားရရှိလာတယ်လို့  ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။
၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ဧပြီလအထိ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းများမှ ဝင်ငွေခွန် ကျပ် ၂၉ ဒသမ ၁၀ သန်းခန့် ရရှိထားတယ်လို့  ပြည်တွင်းအခွန်များ ဦးစီးဌာန ကထုတ်ပြန်ပါတယ်။
အဆိုပါ ဝင်ငွေခွန်များသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ထုတ်ပြန်ခဲ့သည့် အိမ်၊ ခြံ၊ မြေ စံနှုန်းများအရ ရာဖြတ်၍ အခွန်စည်းကြပ်ခြင်းမှ ရရှိခြင်းဖြစ်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ပိုင်ဆိုင်ဖို့  အိမ်ခြံမြေရောင်းဝယ်မှုတွေမှာ အခွန်ပိုဆောင်လာတာဟာအခုနှစ်ထဲမှာပိုများလာတာပါ။
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ပါက အရောင်းအဝယ်ဖြစ်သည့် ငွေကြေးနှင့် ကိုက်ညီသည့် တံဆိပ်ခေါင်းခွန်ကပ်နှိပ်ရမည်ဖြစ်ပြီး ထိုသို့ မကပ်နှိပ်ဘဲ ချုပ်ဆိုထားသည့် စာချုပ်များသည် တရားဥပဒေ အရ အကျုံးမဝင်သကဲ့သို့ ထိုသို့ ရောင်းဝယ်ခြင်းများအား စစ်ဆေးတွေ့ရှိပါက အခွန်ငွေ ၏ ၁၀ ဆအား ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပါတယ်။
သို့သော် ပြည်ထောင်စုအခွန်အကောက် ဥပဒေတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူ၌ ဝင်ငွေရလမ်းဖော်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့်ပြုထားသည်။
ယင်းသို့ ကင်းလွတ်ခွင့်ပြုထားသော်လည်း အိမ်ဝယ်ယူမှုများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြန်လည်လျှောက်ထားရာတွင် အခက်အခဲများရှိတယ်လို့  အကျိုးဆောင်တွေက ဆိုပါတယ်။
အိမ်ခြံမြေဝယ်ယူမှုတွေမှာအရပ်စာချုပ်တွေနဲ့ အခုနောက်ပိုင်းလုပ်ဆောင်မှုဟာတတ်နိုင်သလောက်လျော့ကျလာပြီးအခွန်တံဆိပ်ခေါင်းကပ်ပြီး အခွန်ဆောင်အရောင်းအဝယ်ပြုလုပ်မှုတွေ တိုးပွားလာပါတယ်။
နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com