တရုတ်ပြည်တွင် အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်သူက ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေ သိန်း ၃၃၀ ခန့်) အကြွေစေ့များဖြင့် ပေးဆောင်ရာ ဝန်ထမ်း ၂၆ ဦးခန့် ဝိုင်းဝန်းရေတွက်ရ

တရုတ်ပြည်တွင် အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်သူက ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေ သိန်း ၃၃၀ ခန့်) အကြွေစေ့များဖြင့် ပေးဆောင်ရာ ဝန်ထမ်း ၂၆ ဦးခန့် ဝိုင်းဝန်းရေတွက်ရ - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 11:08 am တွင် တင်ခဲ့သည်
1483 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အရှေ့ပိုင်း ရှန်တုံပြည်နယ်၏မြို့တော် ကျိနန်တွင် ဈေးဆိုင်ရှင်တစ်ဦးက အိမ်ခြံမြေကုမ္ပဏီ၌ နေအိမ်လာဝယ်ရာ ကန်ဒေါ်လာ ၂၁၀၀၀ ကျော်ဖိုးခန့်ရှိသော (မြန်မာငွေအားဖြင့် သိန်း ၃၃၀ ခန့်) ယွမ်ငွေ အကြွေစေ့များဖြင့် လက်ငင်းပေးသွင်းငွေ ပေးဆောင်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

အမည်မသိရသည့် နေအိမ်ဝယ်လက်သည် ဒေသတွင်းမှ ဈေးဆိုင်ပိုင်ရှင်ဖြစ်ပြီး ကျင်ကီချန်းခရိုင်ရှိ အိမ်ခြံမြေတစ်ခုခု ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပြီးခဲ့သော မေလ ၂၉ ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝယ်လက်အမျိုးသားက အိမ်ခြံမြေကုမ္ပဏီရုံးသို့ အကြွေစေ့များ ထည့်ထားသည့် ရေသန့်ဘူးကြီး ၁၆ ဘူးခန့် သယ်ဆောင်ကာ ရောက်ရှိလာခြင်းဖြစ်ပြီး ၁ ယွမ်တန်ဖိုးရှိ အကြွေစေ့များ၊ ထိုထက်တန်ဖိုးနည်းသည့် အကြွေစေ့များဖြင့် လက်ငင်းပေးသွင်းရမည့်ငွေ ပေးဆောင်ခြင်းဖြစ်ပြီး အကြွေစေ့များ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာတန်ဖိုးအားဖြင့် ၂၁၈၃၆ ခန့် (မြန်မာငွေ ၃၃၃ သိန်းဝန်းကျင်) ဖြစ်သည်ဟု ဆိုသည်။

ဘဏ်ဝန်ထမ်း ၂၀ ဦးကျော်သည် ကြမ်းပြင်တွင် အကြွေစေ့များ စုပုံကာ ဝိုင်းဝန်းရေတွက်ကြသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ကြကာ ချိန်ခွင်ဖြင့် ချိန်တွယ်ခဲ့ရသည်။

Jinke Property Group အိမ်ခြံမြေကုမ္ပဏီမှ ဝန်ထမ်းများက ပြောကြားရာတွင် ၎င်းတို့သည် ၄ နာရီခန့် ရေတွက်ခဲ့ရပြီးနောက် လက်လျှော့လိုက်ကာ ချိန်ခွင်ဖြင့်သာ ချိန်တွယ်ခဲ့ရကြောင်း ပြောကြားသည်။

ကနဦးတွင် Jinke ၏ ဝန်ထမ်း ၇ ဦးက ရေတွက်ခဲ့သော်လည်း အလွန်များပြားလှသောကြောင့် စုစုပေါင်း ၂၆ ဦးအထိ ဝိုင်းဝန်း ရေတွက်ခဲ့ကြရသည်။

လူပေါင်း ၂၆ ဦး ၄ နာရီခန့် ဝိုင်းဝန်းရေတွက်သည့်တိုင် မနိုင်နင်းသောကြောင့် လက်လျှော့လိုက်ကြပြီး နောက်ဆုံးတွင် ချိန်ခွင်ဖြင့်သာ ချိန်တွယ်ခဲ့ရသည်။

အကြွေစေ့များသည့် အလေးချိန်အားဖြင့် ၁၈၂ ပေါင် ( ၈၃ ကီလိုဂရမ်) ရှိပြီး ၎င်းတို့ကို ယွမ်ငွေ ၂၀၀၀ ဖိုးစီ အသီးသီး ထုပ်ပိုး သိမ်းဆည်းခဲ့ကြသည်။

Jinke Property Group ၏ ထုတ်ဖော်ပြောကြားချက်အရ အဆိုပါ ဝယ်လက်သည် ယွမ်ငွေ ၄၃၀၀၀၀ (ကန်ဒေါ်လာ ၆၂၆၄၇) တန်ကြေးရှိ နေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တန်ဖိုး၏ ကျန်ငွေကိုလည်း နေအိမ်တွင် ကျန်ရှိသည့် အကြွေစေ့များဖြင့်သာ ပေးချေသွားဖွယ်ရာ ရှိသည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

ဈေးဆိုင်ပိုင်ရှင်က ဒေသတွင်း သတင်းမီဒီယာသို့ ပြောကြားရာတွင် “ကျွန်တော်က ငါး၊ တို့ဟူးနဲ့ ပဲပင်ပေါက်တွေ ရောင်းပါတယ်။ ဒီလို ဈေးရောင်းတော့ အကြွေစေ့တွေ ဟိုကဒီက အမြဲရပါတယ်။ အကြွေစေ့တွေကို ကျွန်တော်က ဆိုင်ကို ယူမလာပါဘူး။ အိမ်မှာပဲ ထားခဲ့တယ်။ ဒါပေမယ့် ၅ နှစ်ကနေ ၈ နှစ်လောက်အထိ ကြာလာတော့ ကျွန်တော့်မှာ ငွေတွေထားဖို့နေရာ မရှိတော့ပါဘူး။ ဘဏ်ကလည်း အကြွေစေ့တွေ မလိုချင်ဘူးဆိုတော့ ကျွန်တော်က ဒီငွေတွေနဲ့ ကား (ဒါမှမဟုတ်) အိမ်ဝယ်ဖို့ တွေးမိခဲ့တာပါ” ဟု ပြောကြားသည်။

အကြွေစေ့များကို Jinke မှ ဝန်ထမ်းများက ဝိုင်းဝန်းရေတွက်ခဲ့ကြရပုံ ဗွီဒီယိုဖိုင်ကို https://bit.ly/2L1Hcj9 အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service